ကမ္ဘောဇနန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် (၁၉) လမ်း နန်းရှေ့မုန်တိုင် ဓမ္မာရုံ၌ မြန်မာ့ရိုးရာ သိုင်းပြောင်းပြန် ပညာစဉ် တိမ်ကောပပျောက်သွားခြင်း မရှိစေရန်၊ လက်ဆင့်ကမ်း ထိန်းသိမ်းသည့် ပညာရှင်များ ပေါ်ပေါက်လာစေရန်၊ ပညာညီအစ်ကို အချင်းချင်း စည်းလုံး ညီညွတ်စေပြီး မြန်မာ့ရိုးရာ သိုင်းပညာရပ်များ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခူးခါချန့် ကမ္ဘောဇ နန်းတွင်းသိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနားကို ၁၃၇၅ တန်ဆောင်မုန်းလဆန်း ၁ ရက် (နိုဝင်ဘာလ-၃-ရက်၊ ၂၀၁၃) က ကျင်းပသည်။
မန္တလေးတိုင်း အတွင်းမှ သိုင်းပြောင်းပြန်ဆရာကြီးများနှင့် သိုင်းပြောင်းပြန်သမားများ သာမက ရန်ကုန်၊ မတ္တရာ၊ တံတားဦး၊ ပြင်ဦးလွင်နှင့် အနယ်နယ်အရပ်ရပ်မှ ဆရာကြီးများနှင့် သင်တန်းသားအဖွဲ့ဝင်များ အားလုံး တက်ရောက် ပူဇော်ခဲ့ကြပါသည်။
အခမ်းအနားတွင် သိုင်းပြောင်းပြန် ပညာစဉ် ပူဇော်ပွဲဖြစ်မြောက်ရေး နာယက ဦးသန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်သိုင်းပြောင်းပြန် ပင်မဦးစီးမှ ဆရာဦးသိန်းအေးက ခူးခါချန့် ကမ္ဘောဇနန်းတွင်း သိုင်းပြောင်းပြန် နာယက ဆရာကြီးများ၏ ပညာစဉ်နှင့် ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဆရာဦးကျော်ဆောင်းက မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြု သိုင်းပြောင်းပြန်အဖွဲ့၏ လှုပ်ရှား ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သိုင်းပြောင်းပြန် ပညာစဉ်များကို သိုင်းပြောင်းပြန် အဖွဲ့အသီးသီး၏ ဆရာများနှင့် တပည့်များက တစ်ဦးချင်း၊ အဖွဲ့လိုက် သိုင်းစွမ်းရည်များ ပြသကာ သိုင်းပြောင်းပြန် ပညာစဉ်ပူဇော်ပွဲ ဖြစ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဆရာဦးဝင်းဌေးက ကျေးဇူးတင်စကား ပြောကြားသည်။ သိုင်းပြောင်းပြန် ပညာရပ်တွင် ဗန်တိုခေါ် လက်နက်မဲ့ တိုက်ခိုက်နည်းပညာ၊ ဗန်ရှည်ခေါ် လက်နက်ဖြင့် တိုက်ခိုက်နည်းပညာများ ပါဝင်သည်။ လက်နက်ဖြင့် တိုက်ခိုက်နည်းတွင် လက်နက် အတို၊ အရှည်နှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ အသုံးချနိုင်ရန် သင်ကြားပေးသော ဘာသာရပ်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ဧည့်သည်တော်များအား ဒံပေါက်ထမင်းနှင့် ကြက်သားဟင်းဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
သိုင်းပြောင်းပြန် ပညာစဉ်၊ သမားစဉ် ဂါရဝပြု အခမ်းအနား ပုံရိပ်အချို့
သိုင်းပြောင်းပြန် Website များ…
International Thaing Byan Association: http://itbba.org/
Thaing Byaung Byan (Mandalay): http://thaingbyaungbyan.blogspot.com/
သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တဲ့ Facebook Account နဲ့ Fan Page များ…
Khukhachant Martial Art,
Thaingbyaung Byan,
ခူးကာချန့် – သိုင်းပြောင်းပြန် TBB Ku Kar Chant,
သိုင်းပြောင်းပြန်ပုသိမ်. Thaing Byaung Byan Pathein,
ခူးခါချန့် သိုင်းပြောင်းပြန် – Thaing Byaung Pyan
သိုင်းပြောင်းပြန်နဲ့ အခြားသိုင်းစာအုပ်များ…
https://thaingwizard.wordpress.com/martial-arts-book-in-myanmar
သိုင်းပြောင်းပြန်နဲ့ အခြားသိုင်းသင်တန်းလိပ်စာများ…
https://thaingwizard.wordpress.com/martial-arts-institute
Source 1 (ကိုးကား-၁): www.facebook.com/thaingbyaung.byan/posts/1420628534821333
Source 2 (ကိုးကား-၂): http://www.myawady.net.mm/allnews/local/item/29650-2013-11-05-08-50-50
ခုတစ်လော အချိန်သိပ်မရတာနဲ့ post အသစ်မတင်ဖြစ်ဘူးဗျာ။ လကုန်ခင်အတွင်းတော့ စာအုပ်အသစ်တွေ ထပ်တင်ပေးဖြစ်ပါလိမ့်မယ်။ သိုင်းလေ့ကျင့်နည်းစာအုပ်တွေရော… သိုင်းနဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်း/၀တ္တုစာအုပ်တွေရော (တရုတ်သိုင်းဝတ္တုစာအုပ်များမပါ) တင်ပေးစရာတွေရှိပါတယ်။