Page Layout ပြင်ထားသော စာအုပ်များနှင့် ဆောင်းပါးများ

ယခု upload တင်ထားတဲ့ စာအုပ်တွေကတော့ Thaing Wizard မှာ အရင်ထဲက တင်ထားပြီးသားတွေကို update ပြန်လုပ်ထားတာတွေပါ။ အရင်လုပ်ထားတဲ့ စာအုပ်တွေမှာ paper size ကြောင့် စာဖတ်ရ အစဉ်မပြေတာတွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒါတွေကို layout အသစ်၊ size အသစ်နဲ့ ဖတ်ရှုရအစဉ်ပြေအောင် ပြန်လည်ပြုလုပ်ထားတာပါ။

Update လုပ်ထားတဲ့စာအုပ်တွေကို အောက်မှာ download ယူနိုင်ပါပြီ။

၁။ မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)

Myanmar Traditional Tattoo

မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)

Download (File Size – 5.82 MB)


၂။ မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာ နိသျည်းများ


မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာနိသျည်းများ

Download (File Size – 3.88 MB)


၃။ လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

Secret Techniques of Bando and Banshay

လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

Download (File Size – 16.4 MB)


၄။ ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)


ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)

Download (File Size – 3.48 MB)


၅။ လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်)


လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်)

Download (File Size – 4.37 MB)


၆။ ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)


ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)

Download (File Size – 7.74 MB)


၇။ အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)


အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)

Download (File Size – 4.19 MB)


နောက်ပြီး အရင်က ဆောင်းပါးပဲ တင်ထားခဲ့ပြီး ebook မလုပ်ရသေးတာ တစ်ချို့ကိုလည်း ebook လုပ်ပြီး တင်ပေးထားပါတယ်။

၁။ သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

Bando Forbidden Martial Arts

သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

Download (File Size – 231 KB)

၂။ ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း

Some Brief Pwe Kyaung Notes

ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း

Download (File Size – 643 KB)

၃။ ဆရာကြီး ဗန်မော်သိန်းအောင်၏ လျှပ်စစ်လက်သီးထိုးနည်

Snap Fist Of Banmaw Thein Aung

ဆရာကြီးဗန်မော်သိန်းအောင်၏ လျှပ်စစ်လက်သီးထိုးနည်း

Download (File Size – 399 KB)

မောင်လေးဆိုတဲ့ ပြောင်းပြန်မုန်တိုင်း စာအုပ်

အခုဆိုရင် Thaing Wizard မှာ update မလုပ်ဖြစ်တာ ကိုးလလောက်ရှိပါပြီ။ ဒီကနေ့တော့ update လုပ်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ အသစ်တွေ တင်ပေးလိုက်ပါတယ်။ အဓိကကတော့ ဆရာပွင့်လန်း(သတ္တုတွင်း)ရဲ့ “မောင်လေးဆိုတဲ့ ပြောင်းပြန်မုန်တိုင်း” စာအုပ်ပါ။ ယခုစာအုပ်ကို သိုင်းပြောင်းပြန်ဆရာ ကိုလူမင်း မှ ebook ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

Byaung Byan Storm Named Maung Lay

မောင်လေးဆိုတဲ့ ပြောင်းပြန်မုန်တိုင်း (ပွင့်လန်း-သတ္တုတွင်း)

Download (File Size – 81.6 MB)

အရင်က တင်ထားဖူးတဲ့ သိုင်းပြောင်းပြန်စာအုပ်တွေကို download ရယူလိုတယ်ဆိုရင်တော့ ဒီနေရာမှာ ရယူနိုင်ပါတယ်။ တင်ခဲ့ဖူးသမျှ သိုင်းပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဆောင်းပါးများကို download ရယူလိုတယ်ဆိုရင်တော့ ဒီနေရာမှာ ရယူနိုင်ပါတယ်။


သိုင်းပြောင်းပြန်ပညာရပ်ကို စိတ်ဝင်စားလို့ သင်ယူချင်တယ်ဆိုရင်တော့

၁။ Myanmar Thaing Byaung Byan Association – မြန်မာနိုင်ငံသိုင်းပြောင်းပြန်အဖွဲ့ချုပ်
Sayagyi U Aung Thein
အမှတ်(၁၂၈)၊ ကျိုက်ခေါက်ဘုရားလမ်း၊
သန်လျင်မြို့နယ်၊ ရန်ကုန်။
ဖုန်း – 09450030502
Website –  http://itbba.org/

၂။ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဆရာဦးစိုးဝင်း ဦးစီးသော
ကမ္ဘောဇနန်းတွင်းခူးကာချန့် သိုင်းပြောင်းပြန် (ပင်မ)
အမှတ် (၇၃၆) ရန်မြေ (၁) လမ်း၊ ၂-တောင်ရပ်ကွက်၊
သာကေတမြို့နယ်၊ ရန်ကုန်။

၃။ Thaing Byaung Byan (သိုင်းပြောင်းပြန်)
Sayagyi U Thein Aye
အမက-၂၅ ကျောင်းဝင်း၊ ဘုရင့်နောင်မီးသတ်ဘေးလမ်း၊ မရမ်းကုန်၊ ရန်ကုန်။
ဖုန်း – 0931289562
Facebook: www.facebook.com/khukhachant.martialart

၄။ Thaing Byaung Byan (သိုင်းပြောင်းပြန်)
Saya Byaung Byan Lu Min
အမှတ် (၁၆)ဦးစံဖေလမ်း၊ ဆားကန်ကျောင်းတိုက် အနီး၊
(ဘုရားလမ်းမှတ်တိုင်)၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း – 09420067196
Facebook – www.facebook.com/lu.min.5688

၅။ Thaing Byaung Byan – သိုင်းပြောင်းပြန် (မန္တလေး)
Sayagyi U Maung Maung
၁၆-လမ်းနှင့် ၈၇လမ်းထောင့်၊ ပင်လယ်တိုက် ရွှေမန်းအုတ်ကျောင်း၊ မန္တလေး။
ဖုန်း – 09420779417, 0933033843
Website: http://thaingbyaungbyan.blogspot.com/
Facebook: www.facebook.com/thaingbyaung.byan

၆။ Thaing Byaung Byan – သိုင်းပြောင်းပြန် (ပုသိမ်)
Sayagyi U Hla Thein
ရာမညဈေးအနီး၊ ပုသိမ်မြို့။
ဖုန်း- 0931173901 (Ko Khin Maung Bo – Grandson of U Hla Thein)
Facebook: www.facebook.com/thaingbyaungbyanpathein.ayeyarwaddy

အခြားသိုင်းပြောင်းပြန် သင်တန်းခွဲများ (ရန်ကုန်)
1. အမှတ် (၄၇၀) မဟော်သဓာလမ်း ၁၆ ရပ်ကွက်၊ ရွှေပေါက္ကံ၊ (အင်္ဂါ၊ ဗုဒ္ဓဟူး နံနက် 8:30-10:00AM)
2. အမှတ် (၂၁၅) ဇီဝစိုးလမ်း ၁၄ ရပ်ကွက်၊ တောင်ဥက္ကလာ (စနေ၊ တနင်္ဂနွေ 8:30-10:00AM)
3. အမှတ် (၁၄၄) ၁၃လမ်း၊ ၁ရပ်ကွက်၊ မရမ်းကုန်း (စနေ၊ တနင်္ဂနွေ၊ 2:00-3:30PM/4:5:30)
4. အမှတ် (၁၆)ဦးစံဖေလမ်း၊ ဆားကန်ကျောင်းတိုက် အနီး၊ သင်္ဃန်းကျွန်းမြို့နယ်။
ဆက်သွယ်ရန်-ဆရာကြီးဦးသိန်းအေး
ဖုန်း – 0931289562

သေနတ်မှာမောင်းပြန်၊ သိုင်းမှာပြောင်းပြန်

သိုင်းပြောင်းပြန်ကို စိတ်ဝင်စားသူများအတွက် လာပါပြီ ဒီမှာ…

သိုင်းပညာမှာ အမျိုးအစား သုံးမျိုးခွဲလို့ရတယ်။ အကသိုင်း၊ အပြသိုင်းနဲ့ အချသိုင်း လို့ ဖြစ်တယ်။ ပြောင်းပြန်က အချသိုင်းဖြစ်တယ်။ ကြမ်းတယ်၊ ရမ်းတယ်၊ လုပ်ရင် အပြတ်လုပ်တယ်။ အဲ… ကြည့်လို့တော့ မလှဘူး။ အဲဒါပြောင်းပြန်ပဲ… သေနတ်မှာ မောင်းပြန်၊ သိုင်းမှာ ပြောင်းပြန်၊ ပြောင်းပြန်ကို တောင်းပန်ရင် တောင်းပန်၊ မတောင်းပန်ရင် နှာခေါင်းလန်မဟေ့… လို့ စာချိုးယူရတဲ့ ပညာရပ်ဖြစ်ပါတယ်။

ပြောင်းပြန်ပညာ၊ သို့မဟုတ်၊ သိုင်းပြောင်းပြန်ပညာကို မြန်မာပြည် (ပြည်မ) တွင် စတင်ပို့ချသွားသူမှာ ဆရာကြီး ဦးမောင်လေး၏ ဆရာ၊ ဆရာကြီး ဦးချယ်၊ သို့မဟုတ်၊ ရှမ်းအမျိုးသား သိုင်းဆရာကြီး ဆရာချယ် ဖြစ်ပါသည်။ ဆရာကြီး ဦးချယ်သည် ရှမ်းပြည်မှ ဆင်းလာသူ သိုင်းဆရာကြီး ဖြစ်သော်လည်း မည်သည့်မြို့ရွာတွင် နေထိုင်ခဲ့ကြောင်း၊ မည်သည့် စော်ဘွားထံတွင် အမှုထမ်းခဲ့ကြောင်းကား ဆရာကြီး ဦးမောင်လေး ကိုယ်တိုင်ပင် မသိခဲ့ရပေ။

ထို့ကြောင့် ဆရာကြီး ဦးချယ်တွင် သင်ဆရာရှိသည်၊ မရှိသည်ကိုလည်း မသိရ၊ ဆရာကြီး ဦးချယ်သည် ဤ သိုင်းပြောင်းပြန်ပညာကို တီထွင်ခဲ့သူလော၊ တီထွင်သော ဆရာ တစ်စုံတစ်ယောက်ထံမှ သင်ယူခဲ့ခြင်းလော ဆိုသည်ကို ယနေအထိ မသိရပါ။ ဆရာကြီး ဦးချယ်သည် (၁) ဆရာကြီး ဦးမောင်လေး၊ (၂) ဆရာကြီး ဦးလုံ (၃) ဆရာကြီး သောမ (ခေါ်) ဦးရွှေလှတို့ သုံးယောက်ကို ပညာသင်ပေးသွားခဲ့သည်။  ဆရာကြီး ဦးလုံနှင့်၊ ဦးသောမတို့သည် တပည့် မမွေးပါ။

ဆရာကြီး ဦးမောင်လေးသည် သိုင်းပြောင်းပြန်ပညာကို ၁၆ နှစ်သားတွင် စတင်သင်ယူခဲ့၍၊ ၁၉ နှစ်သားတွင် ဆရာဖြစ်ယူခဲ့ပါသည်။ ၁၂၈၀ ခုနှစ်မှစ၍ မြန်မာပြည်အနှံ့ သိုင်းပြောင်းပြန်ပညာကို ဖြန့်ဖြူးခဲ့ပါသည်။ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်ပင်မတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် (ကြည်မြင်တိုင်နယ်မြေ)၊ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ကျောင်းသားလူငယ်၊ အလုပ်သမားများစွာတို့ကို သင်ကြားပို့ချခဲ့ပါသည်။

လက်ရှိမှာတော့ ဆရာကြီး ဦးမောင်လေး မရှိတော့ပါ။ သို့သော်လည်း ဆရာကြီး ဦးအောင်သိန်း (သန်လျင်) မှ သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီးအနေဖြင့် သိုင်းပြောင်းပြန်ပညာများ ဆက်လက်ပြန့်ပွားရေး အတွက် လုပ်ဆောင်နေပါတယ်။

ကဲ… သိုင်းပြောင်းပြန်ကို စိတ်ဝင်စားသွားကြပြီလား။ အဲ့ဒီအတွက်တော့ အောက်မှာ သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တဲ့ စာအုပ်အချို့ကို တင်ပေးထားပါတယ်။ Download ရယူနိုင်ပါပြီဗျာ…


၁။ သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး
By အမျိုးသားစာပေဆုရ စာရေးဆရာ ပွင့်လန်း (သတ္တုတွင်း)

Thaing Byaung Byan Byaung Byan Maung Lay

သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး (ပွင့်လန်း – သတ္တုတွင်း)

Download(File Size – 13.2 MB)

သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး၏ အတ္ထုပ္ပတ္တိစာအုပ်၊ အလွန်ကောင်းသော စာအုပ်ဖြစ်သည်။ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော်လည်း ဝတ္တုအသွင်ဖြင့် ရေးသားထားသဖြင့် မပျင်းမရိ တစ်ထိုင်တည်းဖြင့် ဖတ်ချင်စဖွယ်ဖြစ်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဤစာအုပ်ကို khtnetpc.webs.com မှ ebook ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။


၂။ ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ]
By ဆရာကြီး ဦးအောင်သိန်း (သန်လျင်)

Thaing Byaung Byan Volume 1

ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ] (ဦးအောင်သိန်း – သန်လျင်)

Download(File Size – 132 MB)

သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး၏ တပည့်ရင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီးအဖြစ် ဆောင်ရွက်နေသူ ဆရာကြီး ဦးအောင်သိန်း (သန်လျင်) ကိုယ်တိုင် ဆရာကြီး ဦးမောင်လေး၏ ခွင့်ပြုချက်ဖြင့် ရေးသားခဲ့သော သိုင်းပြောင်းပြန်လက်သိုင်းကျင့်နည်း စာအုပ်ဖြစ်သည်။ သိုင်းပြောင်းပြန်ပညာကို ဝါသနာပါသူတို့အတွက် မရှိမဖြစ်ဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဤစာအုပ်သည် Thaing Wizard မှ ပြုလုပ်သော စာအုပ်မဟုတ်ပါ။ ဝါသနာရှင်တစ်ယောက်မှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ပြုလုပ်သူမည်သူမှန်းကိုတော့ ကျွန်တော်ပင် သိခွင့်မရခဲ့ပါ။ ယမန်နေ့က Thaing Wizard ၏ email သို့ ဤစာအုပ်ကို ပေးပို့ပေးခဲ့ခြင်းဖြစ်ပါသည်။ ပေးပို့သူအမည်နှင့် အဘယ်ကြောင့်ပေးပို့ခဲ့သည်ကို ထည့်သွင်းမဖော်ပြခဲ့ပါ။ ထို့ကြောင့် အဆိုပါပေးပို့သော အမည်မသိပုဂ္ဂိုလ်အား လွန်စွာကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောပါရစေဗျာ။ နောက်လဲ အခုလိုပဲ ပေးပို့နိုင်ပါကြောင်း… နောင်အခါများတွင် ပေးပို့သူ၏ အမည်လောက်ကိုတော့ ထုတ်ဖော်အသိပေးစေလိုပါကြောင်း…

မကြာခင်မှာ သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တာတွေ ထပ်တင်ပေးဖို့လည်း ရှိပါသေးကြောင်း၊ ဆက်လက်ပြီး စောင့်မျှော်အားပေးနေကြစေလို့ပါကြောင်းလည်း တစ်ခါတည်း အသိပေးလိုက်ပါရစေဗျာ…