စက္ကဗျူဟာပင်မသိုင်းအဖွဲ့၏ စွမ်းရည်ပြပွဲ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၁၈-၁-၂၀၁၅) မှာ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ စက္ကဗျူဟာပင်မသိုင်း ကာယ-စိတ္တ-သိဒ္ဓိစွမ်းအားကျင့်စဉ်အဖွဲ့သိဒ္ဓိစွမ်းရည်နှင့် ကာယစွမ်းအားကျင့်စဉ်ဆိုင်ရာ ပညာရပ်များပြပွဲကို ကျင်းပခဲ့ပါသည်။

Sat Ka Biew Har Clan Demonstration

စက္ကဗျူဟာပင်မသိုင်းအဖွဲ့၏ သိုင်းပညာပြပွဲ မှတ်တမ်းတင်ဗီဒီယိုဖိုင်

Download
File Size – 193 MB
Running time – 46 Minutes


အဲ့ဒီပွဲနေ့က ကျွန်တော်လည်း အားနေတာနဲ့ သွားရောက်လေ့လာပြီး အားပေးခဲ့ပါတယ်။ မှတ်တမ်းတင် ဗီဒီယိုကိုလည်း ရိုက်ကူးခဲ့တာမို့ ဝါသနာရှင်တွေ လေ့လာရအောင် ဗီဒီယိုဖိုင်ကို ပြန်တင်ပေးလိုက် ပါတယ်ခင်ဗျာ။ Live Streaming တော့ မလုပ်ပေးဖြစ်တော့ဘူးဗျာ။ Youtube တွေ ဘာတွေမှာ တင်ဖို့ကလည်း ကွန်နက်ရှင်က အဆင်မပြေလှတာကြောင့် ဗီဒီယိုဖိုင်ကို ဒီအတိုင်းပဲ တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ download ရယူနိုင်ပါပြီ။

ဖိုင်ဆိုဒ်ကတော့ အနည်းငယ်ကြီးပါလိမ့်မယ်။ 193 MB ဖြစ်ပါတယ်။ ဒါတောင် mp4 ဆိုရင် ဖိုင်ဆိုဒ်တအားကြီးသွားမှာမို့ flv ဖိုင်နဲ့ပဲ လုပ်ထားတာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကင်မရာနဲ့ ရိုက်ကူးထားတာ မဟုတ်တာရယ်၊ အဝေးကနေ Zoom ဆွဲပြီး ရိုက်ထားရတာရယ်ကြောင့် အနည်းငယ် အဆင်မပြေမှုများရှိပါက သည်းခံပြီး ကြည့်စေချင်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးပါ။

Page Layout ပြင်ထားသော စာအုပ်များနှင့် ဆောင်းပါးများ

ယခု upload တင်ထားတဲ့ စာအုပ်တွေကတော့ Thaing Wizard မှာ အရင်ထဲက တင်ထားပြီးသားတွေကို update ပြန်လုပ်ထားတာတွေပါ။ အရင်လုပ်ထားတဲ့ စာအုပ်တွေမှာ paper size ကြောင့် စာဖတ်ရ အစဉ်မပြေတာတွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒါတွေကို layout အသစ်၊ size အသစ်နဲ့ ဖတ်ရှုရအစဉ်ပြေအောင် ပြန်လည်ပြုလုပ်ထားတာပါ။

Update လုပ်ထားတဲ့စာအုပ်တွေကို အောက်မှာ download ယူနိုင်ပါပြီ။

၁။ မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)

Myanmar Traditional Tattoo

မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)

Download (File Size – 5.82 MB)


၂။ မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာ နိသျည်းများ


မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာနိသျည်းများ

Download (File Size – 3.88 MB)


၃။ လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

Secret Techniques of Bando and Banshay

လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

Download (File Size – 16.4 MB)


၄။ ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)


ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)

Download (File Size – 3.48 MB)


၅။ လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်)


လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်)

Download (File Size – 4.37 MB)


၆။ ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)


ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)

Download (File Size – 7.74 MB)


၇။ အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)


အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)

Download (File Size – 4.19 MB)


နောက်ပြီး အရင်က ဆောင်းပါးပဲ တင်ထားခဲ့ပြီး ebook မလုပ်ရသေးတာ တစ်ချို့ကိုလည်း ebook လုပ်ပြီး တင်ပေးထားပါတယ်။

၁။ သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

Bando Forbidden Martial Arts

သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

Download (File Size – 231 KB)

၂။ ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း

Some Brief Pwe Kyaung Notes

ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း

Download (File Size – 643 KB)

၃။ ဆရာကြီး ဗန်မော်သိန်းအောင်၏ လျှပ်စစ်လက်သီးထိုးနည်

Snap Fist Of Banmaw Thein Aung

ဆရာကြီးဗန်မော်သိန်းအောင်၏ လျှပ်စစ်လက်သီးထိုးနည်း

Download (File Size – 399 KB)

သိုင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများစုစည်းမှု (၂)

ဒီတင်ခါတော့ သိုင်းချစ်သူ မိတ်ဆွေများအတွက် အဌာရဿမဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ သိုင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများကို ထပ်မံစုစည်းတင်ပြပေးလိုက်ပါတယ်။ ရှေးဦးစွာ ပဏာမအနေနဲ့ ၎င်းဆောင်းပါးများကို အပင်ပန်းခံ scan ဖတ်ပေးခဲ့သော ကိုစိုးကြီး နှင့် ကိုလူငယ် တို့အား အထူးကျေးဇူးတင်ရှိပါတယ်။ ဒီကနေ့ တင်ပေးဖြစ်တဲ့ e-book စာရင်းကို ဖော်ပြရမယ် ဆိုရင်ဖြင့်…

၁။ မြတ်သောအတတ် မချုပ်ပြတ်ရာ (ကိုနိုင်း-ချင်းတောင်)
၂။ တုတ်တို စံလှ (မျိုးသစ်)
၃။ ထိုက်ကျိသိုင်းဆရာကြီး ကျန်းဆန်းဖုန်း (ကြည်ဝင်း)
၄။ လီရှောင်လုံ (နဂါးလေး) (ကြည်ဝင်း)
၅။ ရှောင်လင်ကွန်ဖူးသိုင်းဆရာကြီး စင်လီချိုင် (ကြည်ဝင်း)
၆။ ဓားကိုက်နတ်ကြီး ဥရုရှီးဘား (ကြည်ဝင်း)
၇။ တစ်ကိုယ်တော်ရိုနင် (အောင်ကျော်) (ယခင်တင်ခဲ့သော ရိုနင်ဆောင်းပါးနှင့်မတူပါ)
၈။ ကြိုးဝိုင်းနည်းဗျူဟာ (ဘာမထီခင်အောင်-ရွှေဘို)
၉။ ပရိုဘောက်ဆင်ပွဲများ ပေါ်ထွန်းလာရေး (ဘာမထီခင်အောင်-ရွှေဘို)

ဖော်ပြပါ ဆောင်းပါးများမှာ တစ်ကိုယ်တော်ရိုနင်ဆောင်းပါးကို ကိုလူငယ် scan ဖတ်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ဆောင်းပါးတွေကိုတော့ ကိုစိုးကြီးက scan ဖတ်ပေးခဲ့တာဖြစ်ပါတယ်။ တစ်ကိုယ်တော်ရိုနင်ဆောင်းပါးက အသစ်ဖြစ်ပါတယ်။ အရင်တစ်ပတ်က တင်ခဲ့တဲ့ တစ်ကိုယ်တော် ရိုနင်ဆောင်းပါးနဲ့ မတူကြောင်းပါ။ အရင်တင်ခဲ့တဲ့ သိုင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများစုစည်းမှု(၁) ကိုတော့ ဒီနေရာ မှာ သွားရောက်ဖတ်ရှု ကူးယူနိုင်ပါတယ်။ ဟုတ်ကဲ့… ဒီကနေ့ တင်တဲ့ ဆောင်းပါးအသစ်တွေကိုလည်း အောက်မှာ download ရပါပြီ…

Myanmar Traditional Alchemy

မြတ်သောအတတ် မချုပ်ပြတ်ရာ (ကိုနိုင်း-ချင်းတောင်)

Download (File Size – 3 MB)


San Hla

တုတ်တို စံလှ (မျိုးသစ်)

Download (File Size – 6.2 MB)


Tai Chi Master Zhang Sanfeng

ထိုက်ချိသိုင်းဆရာကြီး ကျန်းဆန်းဖုန်း (ကြည်ဝင်း)

Download (File Size – 2.3 MB)


Li Xiaolong (Little Dragon)

လီရှောင်လုံ – နဂါးလေး (ကြည်ဝင်း)

Download (File Size – 1.5 MB)


Sholin Kung Fu Master Sin Li Chai

ရှောင်လင်ကွန်ဖူးသိုင်းဆရာကြီး စင်လီချိုင် (ကြည်ဝင်း)

Download (File Size – 3.5 MB)


Morihei Ueshiba

ဓားကိုက်နတ်ကြီး ဥရုရှီးဘား (ကြည်ဝင်း)

Download (File Size – 2.5 MB)


Go Rin

တစ်ကိုယ်တော်ရိုနင် (အောင်ကျော်)

Download (File Size – 2.6 MB)


Ring Craft

ကြိုးဝိုင်းနည်းဗျူဟာ (ဘာမထီခင်အောင်-ရွှေဘို)

Download (File Size – 1.3 MB)


Pro Boxing Tournament

ပရိုဘောက်ဆင်ပွဲများ ပေါ်ထွန်းလာရေး (ဘာမထီခင်အောင်-ရွှေဘို)

Download (File Size – 2.5 MB)

လိုအပ်ချက်များ အဆင်မပြေတာများ ရှိပါက comment ကနေတစ်ဆင့် အကြံပြုနိုင်ပါတယ်ခင်ဗျာ။

သိုင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများစုစည်းမှု

ဒီတင်ခါတော့ သိုင်းချစ်သူ မိတ်ဆွေများအတွက် နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၊ သူရဇ္ဇမဂ္ဂဇင်းနှင့် အဌာရဿမဂ္ဂဇင်းများမှ သိုင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများကို စုစည်းတင်ပြပေး လိုက်ပါတယ်။ ရှေးဦးစွာ ပဏာမအနေနဲ့ ၎င်းဆောင်းပါးများကို အပင်ပန်းခံ scan ဖတ်ပေးခဲ့သော ကိုစိုးကြီးအား အထူးကျေးဇူးတင်ရှိပါတယ်။ ကိုစိုးကြီးရဲ့ ကျေးဇူးကြောင့်သာ ဒီကနေ့ ဆောင်းပါးများကို တင်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီကနေ့ တင်ပေးဖြစ်တဲ့ စာအုပ်စာရင်းကို ဖော်ပြရမယ် ဆိုရင်ဖြင့်…

၁။ ကမ္ဘာကျော်ခဲ့သည့် မြန်မာ့ကြေးစားလက်ဝှေ့ကျော် မောင်သောင်း (ဉာဏိန္ဒ)
၂။ ဂျူဒို ထွန်းရွှေ (ကြည်ဝင်း)
၃။ လက်နက်ဂမ္ဘီရ (ဖုန်းရွှီအောင်)
၄။ ဓား၏လျှို့ဝှက်ချက်များ (ရှိုင်းအောင်)
၅။ မြန်မာ့နန်းတွင်း မြင်းခင်းပွဲတော် (မြေလတ်မြတ်သူ)
၆။ ကရာတေးဘိုးအေ… ရှောင်လင် သိုင်းပညာ (ကြည်ဝင်း)
၇။ တစ်ကိုယ်တော်ရိုနင် (အောင်ကျော်)
၈။ ဓားဝိဇ္ဇာ မူဆာရှိ၏ ဓာတ်ကြီး(၅)ပါးကျမ်းတော် (ဒီပံလင်း)

ဆိုပြီး ဆောင်းပါး(၈)ပုဒ် ဖြစ်ပါတယ်။ တစ်ပုဒ်ချင်းစီကို ebook တစ်ခုစီ လုပ်ထားပေးပါတယ်။ စာအုပ်များကို အောက်မှာ download ဆွဲယူနိုင်ပါပြီဗျာ။


၁။ ကမ္ဘာကျော်ခဲ့သည့် မြန်မာ့ကြေးစားလက်ဝှေ့ကျော် မောင်သောင်း (ဉာဏိန္ဒ)

Famous Myanmar Boxer Maung Thaung

ကမ္ဘာကျော်ခဲ့သည့် မြန်မာ့ကြေးစားလက်ဝှေ့ကျော် မောင်သောင်း (ဉာဏိန္ဒ)

Download (File Size – 2.3 MB)


၂။ ဂျူဒို ထွန်းရွှေ (ကြည်ဝင်း)

Judo Tun Shwe

ဂျူဒို ထွန်းရွှေ (ကြည်ဝင်း)

Download (File Size – 2 MB)


၃။ လက်နက်ဂမ္ဘီရ (ဖုန်းရွှီအောင်)

Mystic Weapon

လက်နက်ဂမ္ဘီရ (ဖုန်းရွှီအောင်)

Download (File Size – 1.7 MB)


၄။ ဓား၏လျှို့ဝှက်ချက်များ (ရှိုင်းအောင်)

Sword Secret

ဓား၏လျှို့ဝှက်ချက်များ (ရှိုင်းအောင်)

Download (File Size – 1.3 MB)


၅။ မြန်မာ့နန်းတွင်း မြင်းခင်းပွဲတော် (မြေလတ်မြတ်သူ)

Myanmar Traditional Horse Riding Festival

မြန်မာ့နန်းတွင်း မြင်းခင်းပွဲတော် (မြေလတ်မြတ်သူ)

Download (File Size – 4.2 MB)


၆။ ကရာတေးဘိုးအေ… ရှောင်လင် သိုင်းပညာ (ကြည်ဝင်း)

Shaolin Grandfather Of Karate

ကရာတေးဘိုးအေ… ရှောင်လင် သိုင်းပညာ (ကြည်ဝင်း)

Download (File Size – 1.7 MB)


၇။ တစ်ကိုယ်တော်ရိုနင် (အောင်ကျော်)

Go Rin

တစ်ကိုယ်တော်ရိုနင် (အောင်ကျော်)

Download (File Size – 3.6 MB)


၈။ ဓားဝိဇ္ဇာ မူဆာရှိ၏ ဓာတ်ကြီး(၅)ပါးကျမ်းတော် (ဒီပံလင်း)

The Book Of Five Rings By Miyamoto Musashi

ဓားဝိဇ္ဇာ မူဆာရှိ၏ ဓာတ်ကြီး(၅)ပါးကျမ်းတော် (ဒီပံလင်း)

Download (File Size – 4.6 MB)

အတွင်းအားပညာနှင့် ထူးခြားသော လျှို့ဝှက်ကျင့်စဉ်များ

By Ko Soe Gyi

ဘာလိုလိုနဲ့ post အသစ်တွေ ထပ်မတင်ဖြစ်တာတောင် သုံးလလောက်ရှိသွားပါပြီ။ ဒီကနေ့တော့ ကိုစိုးကြီးဆီက ရထားတဲ့ အတွင်းအားနဲ့ ပတ်သတ်တဲ့ ဆောင်းပါးစုစည်းမှု စာအုပ်ကလေး တင်ပေးလိုက်ပါတယ်။ မတင်ဖြစ်သေးတဲ့ အသစ်တွေရှိပါသေးတယ်။ မအားသေးလို့ ဘာမှမလုပ်ဖြစ်တာပါ။ နောက်ရက်များမှ အဆင်သင့်သလို အသစ်တွေ ထပ်တင်ပေးပါဦးမယ်ဗျာ။ အသစ်တွေ မတင်ဖြစ်တဲ့ကြားက visitor ဦးရေ ကျမသွားတာကို များစွာ ဝမ်းမြောက်မိပါတယ်။ အဲ့ဒါကြောင့်လည်း website ကို ဆက်လည်ပတ်ဖို့ အားအင်တွေရနေတာ ဖြစ်ပါတယ်ဗျာ။ အားလုံးကို ကျေးဇူးပါ။

About Intrinsic Energy And How To

အတွင်းအားပညာနှင့် ထူးခြားသော လျှို့ဝှက် ကျင့်စဉ်များ

အခုတင်ပေးလိုက်တဲ့ ebook ကလေးထဲမှာ ပါဝင်တာတွေကတော့…

၁။ Intrinsic Energy (ချီ<သို့>အတွင်းအား)
၂။ အဆင့်မြင့်ကွန်ဖူးပညာရှင်၏ စွမ်းရည်များ
၃။ ကွန်ဖူးပညာရှင်များ၏ လျှို့ဝှက်ကျင့်စဉ်(၁)
၄။ အင်းဝခေတ် ရှေးမြန်မာကြီးများ၏ အသက်ရှူကျင့်စဉ်
၅။ ကွန်ဖူးပညာရှင်များ၏ လျှို့ဝှက်ကျင့်စဉ်များ(၂)
၆။ ရှေးဟောင်း တရုတ်ကျန်းမာရေး ချိကုန်းကျင့်စဉ်
၇။ ကွန်ဖူးပညာရှင်များ၏ လျှို့ဝှက်ကျင့်စဉ်(၃)
၈။ ကွန်ဖူးပညာရှင်များ၏ လျှို့ဝှက်ကျင့်စဉ်(၄)

ဆိုပြီး ဆောင်းပါး(၈)ပုဒ် ပါဝင်ပါတယ်။ ဒီနေရာမှာ download ရယူနိုင်ပါပြီ။

DownloadFile Size – 3.92 MB

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

နှစ်ဆင့်ထိုးနည်းနှင့် လက်လှည့်ထိုးနည်း

By Ko Soe Gyi

နှစ်ဆင့်ထိုးနည်း

– လက်သီးကို ပျော့ပျော့လေးထိုးဟန်ပြပြီး ရန်သူရဲ့ ကိုယ်လုံး (သို့) မျက်နှာနှင့် လက်သီးထိတွေ့ချိန်မှာ ပခုံးအားရယ်၊ ခါးအားရယ် တစ်ပြိုင်တည်း စုစည်းအသုံးပြုပြီး ဆင့်တွတ် ထိုးလိုက်ရတဲ့ ထိုးနည်းဖြစ်ပါတယ်။ ဒီထိုးနည်းက အတွင်းဒဏ်ဖြစ်အောင် အားထည့်ထိုးလို့ရသလို ညင်ညင်သာသာနှင့် အထိုးခံရသူ လွင့်စဉ်သွားအောင် ဟန်ပြထိုး လို့လဲရပါတယ်။

လက်လှည့်ထိုးနည်း

– လက်လှည့်ထိုးနည်းကို ဝက်အူရစ်လက်သီးထိုးနည်းလို့လဲ ခေါ်ကြပါတယ်။ ဒီထိုးနည်းဟာလဲ နှစ်ဆင့်ထိုးနည်းလို ရိုးရိုးလေးပါပဲ။ လက်သီးနဲ့ မိမိထိုးမယ့် ဆုံချက်ထိတွေ့ချိန် လက်သီးကို မှောက်လျက်ကနေ ပက်လက်အဖြစ် ပြောင်းလဲပြီး မွှေ့ထိုးရတဲ့နည်းပါ။ ဒီထိုးနည်းဟာ လူ့ခန္ဓာကိုယ်ရဲ့ အဆီလွှာနှင့် ပြင်ပအသားလွှာကို ခွဲခြမ်းလိုက်တဲ့နည်းဖြစ်တာကြောင့် တစ်ဖက်ရန်သူကို မိမိသုံးတဲ့ အားပေါ်မူတည်ပြီး အတွင်းဒဏ်ရစေ၊ သေစေနိုင်သော ထိုးနည်းတစ်ခုပါ။ လက်လှည့်ထိုးနည်းနဲ့ တိုက်ခိုက်တဲ့အခါမှာ အရှိုက်နဲ့ ဆီးအိမ်တို့ကို အဓိကတိုက်ခိုက်ရပါတယ်။

The Conton Corkscrew

၀က်အူလက်သီး ထိုးပုံထိုးနည်း

– အခု ကျွန်တော်တင်ပြထားတဲ့ နှစ်ဆင့်ထိုးနည်းနှင့် လက်လှည့်ထိုးနည်းနှစ်မျိုးဟာ အပြင်ပန်းကြည့်ရုံနဲ့တင် မှတ်သားရလွယ်သော ရိုးရှင်းသော လက်သီးထိုးနည်းစနစ်များဖြစ်ပါတယ်။ သို့သော် ရိုးရှင်းလွန်းလို့ ဒီနည်းစနစ်နှစ်မျိုးကို တတ်မြောက်ရန် လွယ်ကူမည်ဟု မထင်ပါနဲ့ မိတ်ဆွေ။ မှားသွားပါလိမ့်မည်။ အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်မှသာ ကျင်လည်စွာ အသုံးချနိုင်မယ့် နည်းများပါ။ အကျိုးထိရောက်မှုကလဲ အလွန်တာသွားလှပါတယ်။

– ဒီထိုးနည်းစနစ်နှစ်မျိုးကို လေ့ကျင့်မည်ဆိုလျှင် အရင်ကကျွန်တော်တင်ထားတဲ့ လျှပ်စစ်လက်သီး လေ့ကျင့်နည်း မှာကဲ့သို့ပင် အဝတ်စ (သို့) မျက်နှာသုတ်ပဝါ အသေးတစ်ခုနှင့် စတင်လေ့ကျင့်ပါ။ တစ်လလောက် လေ့ကျင့်ပြီးမှ သဲအိတ် (သို့) အမာစားများနှင့် လေ့ကျင့်ပါ။ ဒီနေရာမှာ လက်လှည့်ထိုးနည်း အကြောင်း မှတ်သားမိသလောက် ပြောပြပါရစေ။

လက်လှည့်ထိုးနည်း ကို ဝက်အူရစ်လက်သီးထိုးနည်း လို့လဲခေါ်ပါတယ်၊ ဒီထိုးနည်းစနစ်ကို မိတ်ဆွေတို့အတော်များများ အမြင်မစိမ်းကြပါဘူး။ လွန်ခဲ့သောနှစ်တွေက နာမည်ကျော် ကွန်ဖူးမင်းသား Jet Li ရဲ့ Fearless ဆိုတဲ့ ဇာတ်လမ်းမှာ ဒီလက်သီးထိုးနည်း ပါဝင်ပါတယ်။ အောက်ပါ link များမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်…

http://www.youtube.com/watch?v=EiJwGhTxzqI
http://www.youtube.com/watch?v=ALk7qG3VqjQ

– ဒီနည်းကို ကျွန်တော်တို့ မြန်မာအခေါ် လက်လှည့်ထိုးနည်း တရုတ်တွေက ကောင်းတုံ ဝက်အူရစ် လက်သီးထိုးနည်း၊ နောက်… ငယ်စဉ်က ဖတ်မှတ်ဖူးခဲ့တဲ့ ဆရာရာဇဂဏီ ရဲ့ လူသူတော်သျှောင်တစ်စောင်း ဝတ္ထုတွေမှာ အိန္ဒိယအခေါ် ဗာရာဏသီလက်သီးထိုးနည်း စသည်ဖြင့် အမျိုးမျိုးမှတ်သားမိပါတယ်။ လူမျိုးနဲ့အရပ်ဒေသကိုလိုက်ပြီး ကွဲပြားမှုတွေတော့ အနည်းငယ်ရှိကြတာပါပဲ။ သို့ပေမယ့် အကျိုးသက်ရောက်မှုကတော့ အတူတူလောက်ပါပဲ။ ဒီနည်းစနစ်ကို ကျွန်တော်မှတ်သားဖူးတဲ့ ဆရာရာဇဂဏီ ရေးသားခဲ့တဲ့ ဗာရာဏသီလက်သီးထိုးနည်း ဆိုတဲ့ လက်လှည့်ထိုးနည်းကျင့်ပုံလေးကို သုတအဖြစ် တင်ပြပေးလိုက်ပါတယ်။ အခုဖော်ပြမယ့် ဆရာရာဇဂဏီ ရေးသားခဲ့တဲ့ နည်းစနစ်နဲ့ ကျွန်တော်လေ့ကျင့်စဉ်ကကျင့်နည်းနဲ့ ကွဲလွဲမှုရှိပါတယ်။

– ကျွန်တော်သင်ကြားရစဉ်က မျက်နှာသုတ်ပုဝါအသေးတစ်ခုနှင့် တစ်လတိတိ လေ့ကျင့်ခဲ့ရပြီး တစ်လပြည့်တဲ့အခါ သဲအိတ်ရယ်၊ နောက်… ထောင်ထားတဲ့ပျဉ်ပြားမှာ ဖီးဆင့်စက်ဘီးနောက်ကယ်ရီယာခုံကို တပ်ထားပြီး အထိုးကျင့်ခဲ့ရတာပါ။ ဒီနည်းစနစ်က ကျွန်တော့်အတွေ့အကြုံအရပြောရရင် သဲအိတ်ထိုးတာထက်၊ ပျဉ်ပြားမှာ စက်ဘီးနောက်ခုံတပ်ပြီး ထိုးတာက ပိုအဆင်ပြေပါတယ်။ အောက်မှာ ဆရာရာဇဂဏီ ရေးသားခဲ့တဲ့ နည်းစနစ်ကို ရေးသားထားပါတယ်။

ဗာရာဏသီလက်သီးထိုးကျင့်နည်း

– နေ့စဉ်  နံနက်စောစောထပြီး လက်သီးထိုးမကျင့်မီ  မြင်းထိုင်ပုံစံထိုင်ပြီး  အသက်ရှူခြင်းကို ဖြေးဖြေးနဲ့ပြင်းပြင်း အကြိမ်ကိုးဆယ် ပြုလုပ်ရပါမယ်။

– ပိတ်ပါး (သို့) မျက်နှာသုတ်ပုဝါ အသေးတစ်ခုကို ထောင့်များတွင် အပေါ်အောက်ကြိုးနှင့်ဆွဲပြီး လက်သီးထိုးကျင့်ရန်အတွက် ပြုလုပ်ထားရပါမယ်။

– မြင်းထိုင်ပုံစံဖြင့် အသက်ရှူရှိုက်ခြင်းပြုလုပ်ပြီးတာနဲ့ လက်သီးထိုးနည်း ကျင့်ရပါမယ်။ ချိတ်ဆွဲထားတဲ့ ပိတ်ပါးနဲ့မိမိ လက်နှစ်တောင်လောက်အကွာမှာရပ်ပြီး လက်လှည့်ထိုးနည်းနဲ့ ထိုးရပါမယ်။ ဗာရာဏသီအခေါ် “စောင်းဘရူး” လို့ ခေါ်ပါတယ်။

– လက်တစ်ဖက်ကို အကြိမ်ငါးဆယ်စီ ထိုးကျင့်ရပါမယ်။ အကြိမ်ငါးဆယ်ထက် ပို၍ မထိုးပါနှင့်ဟု မှတ်သားရပါတယ်။ ဤကဲ့သို့ လက်သီးထိုးကျင့်ပြီးလျှင်ပြီးချင်း ရေအေးအေးတစ်ခွက်ကို အမြဲသောက်ရမည်။ ညအိပ်ရာဝင်ခါနီးတိုင်း လက်သီးနှစ်လုံးကို နနွင်းစစ်စစ်နဲ့ လိမ်းကျံပြီးအိပ်ရမည်။ ညတိုင်းနို့တစ်မျိုးမျိုး သောက်နိုင်လျှင် ပိုကောင်းသည်ဟု မှတ်သားရပါတယ်။ ပိတ်ပါးစနှင့် ထိုးကျင့်ခြင်းကို တစ်ပတ်တိတိ လုပ်ဆောင်ရပါမည်။

– ပိတ်ပါးစနှင့် တစ်ပတ်ထိုးကျင့်ပြီးလျှင်၊ ဒုတိယအပတ်မှာ အဆင့်တက်ရပါမည်။ သံပြား (သို့) သွပ်ပြားပါး ခြောက်လက်မပတ်လည်လောက်ကို လေးလက်မပတ်လည် (သို့) ခြောက်မပတ်လည်ရှိတဲ့ တိုင်မှာ ကိုယ့်ရဲ့ရင်ခေါင်းတည့်တည့်မှာထားပြီး ညာတစ်လှည့်၊ ဘယ်တစ်လှည့်စီ ထိုးရပါတယ်။ ပထမငါးချက်မှာ ခပ်ဖြည်းဖြည်းထိုး၊ ဒုတိယငါးချက်မှာ ချင့်ချိန်ပြီး အားထည့်၍ ခပ်ပြင်းပြင်းထိုး၊ တစ်ခါထိုးရင် ဆယ်ကြိမ်ထက် မပိုစေပဲ၊ ဆယ်ကြိမ်ထိုးပြီးရင် ခဏနား၊ ထပ်ထိုးနဲ့ တစ်နေ့ကို အကြိမ်ငါးဆယ်စီ ထိုးရပါမယ်။ အကြိမ်ငါးဆယ်မှာ နောက်ဆုံး လေးဆယ့်ကိုးချက်မြောက်နဲ့ ငါးဆယ်မြောက်တွင်တော့ အားကုန်နှစ်ပြီး ထိုးရမည်။ ဒီထိုးနည်းကို အနည်းဆုံးခြောက်လတိတိ လေ့ကျင့်ရမည်ဟု ရေးသားထားတာကို မှတ်သားရပါတယ်။

– ယခုဖော်ပြခဲ့တဲ့နည်းကို မိတ်ဆွေတို့အတွက် လေ့လာမှတ်သားမိသမျှ တင်ပြလိုက် ပါတယ်။ လေ့ကျင့်မည်ဆိုလျှင် မိမိနဲ့အဆင်ပြေသလို လေ့ကျင့်နိုင်ပါတယ်။ ကျွန်တော်က လက်သီးထိုးနည်းများနှင့် ခြေကန်နည်းစနစ်များကို အထူးဝါသနာထုံတာကြောင့် လက်လှမ်းမီသမျှ လေ့လာမှတ်သား လေ့ကျင့်ဖြစ်ခဲ့ပါတယ်။ ယခုတင်ပြတဲ့ လက်သီးထိုးနည်းစနစ်နှစ်ခုဟာ နှစ်သက်မိတဲ့ လက်သီးထိုးနည်းစနစ်များမှာ အပါအဝင်ဖြစ်ပါတယ်။ ဒီထဲက လက်လှည့်ထိုးနည်းကို ဆရာဦးစင်ချိုင် ရဲ့ မိုးကြိုးလက်သီးဆယ့်ခြောက်ချက် မှာလည်းပါဝင်တာကို လွန်ခဲ့တဲ့နှစ်တွေက မှတ်သားခဲ့ရပါတယ်။ နောက်များမှ အလျဉ်းသင့်သလို တင်ပြပါဦးမယ်ခင်ဗျာ။

Download– အထက်ပါ နှစ်ဆင့်ထိုးနည်းနှင့် လက်လှည့်ထိုးနည်းများကို သိမ်းထားလိုသူများအတွက် ဒီနေရာ မှာ Download ဆွဲနိုင်ပါတယ်။

– ရွှင်လန်းချမ်းမြေ့ကြပါစေ။

မှတ်ချက်။ ။ ယခုဆောင်းပါးတွင် အသုံးပြုထားသောပုံသည် ဆရာကြီး ဦးပြည်သိမ်း ဘာသာပြန်ခဲ့သော လျှို့ဝှက်သော ကမ္ဘာ့သတ်ပုတ်နည်းများ စာအုပ်မှ ဖြစ်ပါသည်။

ဆရာကြီးဗန်းမော်သိန်းအောင် ၏ လျှပ်စစ်လက်သီးထိုးနည်း

By Ko Soe Gyi

ဗန်းမော်လက်သီးထိုးနည်း မှာ မြန်မာ့ဂုဏ်ရောင်သိုင်းအဖွဲ့ဦးစီးဆရာကြီး ဗန်းမော်သိန်းအောင် ၏ လက်သီးထိုးနည်းစနစ် (သို့) လက်သီးသိုင်းကွက် (သို့) လက်သီးပညာကို ပြောလိုရင်းဖြစ်ပါသည်။ ဆရာကြီးဗန်းမော်သိန်းအောင်၏ လက်သိုင်းပညာ (သို့) လက်သီးထိုးနည်းစနစ်တွင် လက်သီးမာ နှင့် လက်သီးပျော့ ဟူ၍ နည်းစနစ်နှစ်မျိုးရှိပါသည်။ လက်သီးပျော့ကို လျှပ်စစ်လက်သီး (သို့) စပရိန်လက်သီး ဟုလည်းခေါ်ပါသည်။ စပရိန်လိုတွန်းကန်ထွက်သွားပြီး လျှပ်စစ်လက် သလိုမြန်သောကြောင့် ဤသို့အမည်ပေးဟန်ရှိပါသည်။ လက်သီးပျော့ထိုးနည်း တွင် လက်ဝါး ကို ဖြန့်လျက်ထောင်ထားပြီး ရန်သူ့မျက်နှာ (သို့) ထိုးရန်ပစ်မှတ်နေရာနှင့် နှစ်ပေခန့်အကွာအဝေးတွင် ချိန်ဆထားပြီး လက်သီးကို ထိုးထုတ်လိုက်သည်နှင့် (ပစ်မှတ်ကိုထိခါနီးတွင်) လက်သီးကို ဆုပ်လိုက်ရပြီး ဖျတ်ခနဲထိုး၍ ဖျတ်ခနဲပြန်ုဆုတ်ရသောနည်းဖြစ်သည်။ လက်သီးမာထိုးနည်း မှာ လက်သီးကိုမထိုးမီ အသင့်ပြင်ချိန်ဆကတည်းက လက်သီးကို ဆုပ်၍ထားရသည်။ လက်သီးကို ခါးနေရာ (သို့) ရင်ဘတ်ရှေ့နေရာမှ ထိုးထုတ်သောနည်းဖြစ်သည်။ လက်သီးကို ထိုးပြီး ပြန်ဆုတ်ရန် မလိုပဲ အားကုန်ဆန့်ထိုးထုတ်လိုက်ခြင်းဖြစ်သည်။ ပြီးမှ ရင်ဘတ်ရှေ့တွင် ပြန်၍အသင်ပြင့်ရန်လိုသည်။ လက်သီးမာကို လက်သီးပျော့ကဲ့သို့ထိုးလိုလျှင် လက်သီးကို ဆုပ်လျက်မှ မိမိ၏ မေးစေ့ရှေ့ခန့် တွင်ထောင်ထားပြီး ဖျတ်ခနဲထိုးထုတ်၍ ဖျတ်ခနဲပြန်၍ အသင့်ပြင်ခြင်းဖြစ်ပါသည်။ ဝင်ချွန်းကွန်ဖူး ပညာမှ လက်မကွာလက်သီး စနစ်နှင့် ဆင်သည်။ သို့သော် လက်မကွာလက်သီး ထိုးနည်းစနစ်က လက်သီးဆုပ်၍ ဒေါင်လိုက်ထောင်ထားရာမှ ဆတ်ခနဲထိုးထုတ်လိုက်သောနည်း စနစ်ဖြစ်သည်။ စပရိန်လက် (သို့) လျှပ်စစ်လက်သီး ကတော့ လက်ဝါးကိုဖြန့်ထောင်ထားရာမှ ဆတ်ခနဲလက်ကို ရှေ့သို့ထုတ်လိုက်ချိန်တွင် လက်သီးကိုဆုပ်လိုက်ရသောနည်းစနစ်ဖြစ်ပါသည်။

လျှပ်စစ်လက်သီးအသုံးချလေ့ကျင့်စဉ်

လက်သီးထိုးလေ့ကျင့်မည့်သူသည် ရှစ်လက်မပတ်လည်ခန့်ရှိ ပလတ်စတစ်ပြားတစ်ချပ် (သို့မဟုတ်) [S.P အိတ်ခေါ်သောပလတ်စတစ်အိတ် အကြည်တစ်လုံးရလျှင်လည်းဖြစ်ပါသည်။] ကို မိမိ မျက်နှာခန့်အမြင့်တွင် ကြိုးသေးသေးဖြင့် ချိတ်ဆွဲထားပါ။ ပလတ်စတစ်ပြား (သို့) ပလတ်စတစ် အပေါ်ထောင့်တစ်ဖက်တစ်ချက်စီတွင် ကြိုးဖြင့် ချိတ်ဆွဲခြင်းဖြင့် လက်သီးဖြင့်ထိုးလိုက်၍ ပလတ်စတစ်ပြားကိုထိလျှင် ရှေ့ဘက်သို့သာရွေ့သွား၊ လွင့်သွားပြီး လည်မသွားပေ။ လည်နေလျှင် လက်သီးထိုးရခက်ပါသည်။ ပလတ်စတစ်ပြားသည် မိမိ၏ မျက်နှာတည့်တည့် (၁၈-လက်မခန့်) အကွာတွင် ရှိရမည်။ မိမိ လက်တံရှည်လျှင် (၂၄-လက်မခန့်) အကွာတွင်ရှိရမည်။ မိမိ လက်သီးကိုဆုပ်ပြီး လက်ဆန့်ထိုးလိုက်လျှင် ပလတ်စတစ်ပြားကိုထိသည့် အကွာအဝေးအနေအထား သည် အကောင်းဆုံးဖြစ်သည်။ ပလတ်စတစ်ပြားမရလျှင် ချွေးသုတ်မျက်နှာသုတ်ပုဝါ အသေးနှင့်လည်း ချိတ်ဆွဲ၍ ကျင့်လျှင်လည်းရသည်။

၁။ မိမိရှေ့တွင် ပလတ်စတစ်ပြား (သို့) မျက်နှာသုတ်ပုဝါအသေးကို ချိတ်ဆွဲထားပါ။

၂။ လက်သီးထိုးမည့်သူသည် ပလတ်စတစ်ပြားကိုမျက်နှာမူ၍ ဘယ်ခြေရှေ့ညာခြေနောက်တွင် ထားလျက် (၂)ကွက် ဒေါင်လိုက်အနေအထားဖြင့်နေပါ။ လက်နှစ်ဖက်ကို တံတောင်ကွေး လျက် ထောင်ထားပါ။ လက်ဝါးနှစ်ဖက်ကို ဖြန့်ထားပါ၊ ဘယ်လက်ကို ရှေ့တွင်ထား၍ ညာလက်ကို နောက်တွင်ထားပါ။ (ဥပမာ- အင်္ဂလိပ်လက်ဝှေ့ (boxing) တွင် အသင့်ပြင်ထားသည့် ပုံမျိုးဖြစ်သည်) လက်ချောင်းလေးချောင်းကို စိထား၍ လက်မကို (၉၀)ဒီဂရီ အနေအထားဖြင့် ကားထောင်ထားပါ။ တစ်ကိုယ်လုံးရှိ အကြောများကို ဖြေလျှော့ထားပါ။ စိတ်ကိုလည်း ပေါ့ပါး လွတ်လပ်နေပါစေ။

၃။ ညာလက်သီး (ထောင်ထားသောလက်ချောင်း) များကို ပလတ်စတစ်ပြားရှိရာသို့ ဖျတ်ခနဲဆန့်ထုတ် လိုက်ပါ။ ပလတ်စတစ်ပြားနှင့်ထိခါနီးတွင် လက်သီးကိုဆုပ်လိုက်ပါ။ (လက်ချောင်းလေးများကို လက်ဝါးဖြင့်ထိခတ်ပြီး ဆုပ်လိုက်ရမည်။) လက်သီးထိုးထုတ်လိုက်သည့်အခါတွင် ခါးကိုပါလိမ်ပေးပါ။

၄။ ပလတ်စတစ်ပြားကို လက်သီးက ဖျတ်ခနဲထိလိုက်သည်နှင့် ထိုးထားသော ညာလက်သီးကို အမြန်ဆုံးပြန်ရုပ်လိုက်ပါ။ လက်သီးထိုးချက်မြန်လျှင် လက်သီးကိုပြန်ဖြေရန် (သို့) လက်ဝါးဖြန့်ရန် အချိန်ပင်မရလိုက်ပဲ လက်သီးဆုပ်လျက်ဖြင့် ပြန်ရုပ်ပြီးရှိနေလိမ့်မည်။ နောက်တစ်ကြိမ် ထိုးရန်အတွက် ညာလက်ဝါးကို ပြန်ဖြန့်လိုက်ရမည်။ (ပလတ်စတစ်ပြားကို ထိအောင်ထိုးရမည်။ မထိပဲ လက်ပြန်မရုပ်ရ ပါ။ အကျင့်ဖြစ်ပြီး ပစ်မှတ်ကို မထိပဲ နေလိမ့်မည်) ထိုသို့အသင့်ဖြစ်သည်နှင့် ဆက်လေ့ကျင့်ပါ။

၅။ ထိုသို့ ညာလက်သီးထိုးလေ့ကျင့်ပြီးလျှင် ညာခြေရှေ့၊ ဘယ်ခြေနောက်ထားလျှက် (၂)ကွက် ဒေါင်လိုက်ဖြင့် ညာခြေခင်းပြီး ဘယ်လက်သီးထိုး လေ့ကျင့်ရပေမည်။ ညာလက်ရော၊ ဘယ်လက်ရော နှစ်ဖက်စလုံး ထိုးတတ်ရပေမည်။

၆။ ထိုသို့ ဘယ်ခြေခင်း၍ ညာလက်သီးထိုးလေ့ကျင့်ခြင်း၊ ညာခြေခင်း၍ ဘယ်လက်သီး ထိုးလေ့ကျင့်ခြင်း ကျင့်သားအတော်ရလာလျှင်ခြေနှစ်ဖက်ကို (၂၇)လက်မခန့် ခွဲရပ်ပြီး (၂)ကွက်ကန့်လန့်ခြေအနေအထားမှနေ၍ ညာလက်သီးထိုးလေ့ကျင့်ခြင်းကို အကြိမ်များစွာနေ့စဉ် ရက်ဆက်လေ့ကျင့်ရပေမည်။

၇။ ထိုသို့ (၂)ကွက် ကန့်လန့်အနေအထားမှနေ၍ ညာလက်လေ့ကျင့်၍ ကျင့်သားအတော်ရလာလျှင် ဘယ်လက်သီးထိုးကိုလေ့ကျင့်ရပေမည်။ ထိုသို့အနေအထား အမျိုးမျိုးဖြင့် လေ့ကျင့်ထားလျှင် မည်သည့်အနေအထားမှဖြစ်စေ လျှပ်စစ်လက်သီးကို လျှပ်စစ်လက်သလို အလွန်လျင်မြန်စွာ ထိုးနိုင်လာလိမ့်မည်။ လက်တွေ့ကျင့်ကြည့်လိုက်ပါ။ ရက်ပိုင်းအတွင်း လျှပ်စစ်လက်သီး ပိုင်ရှင်ဖြစ်လာပါလိမ့်မည်။ ထို့ထက်ပိုလျှင်မြန်ရန်အတွက်ကတော့ အနည်းဆုံးလေ့ကျင့် ရက်(၁၀၀)တော့ ရှိရမည်။

မှတ်ချက်-၁။   ။လက်တွေ့အသုံးချ လျှပ်စစ်လက်သီးထိုးနည်းစနစ်သည် အခြေခံဗန်းမော်ကွန်ဖူး လက်သီးပျော့ထိုးနည်းစနစ်နှင့်တော့မတူပါ။ တစ်ချို့က ဆရာကြီးဗန်းမော်သိန်းအောင်၏ အခြေခံ လက်သီးပျော့ကစားကွက်ကိုသာ မြင်ဖူးထားပြီး အမြင်ဖြင့်ဆရာကြီး၏ လျှပ်စစ်လက်သီးကို ထိုးတတ်နေပြီဟု ထင်ကြပါသည်။ အခြေခံထိုးကွက်နှင့်အဆင့်မြင့် လျှပ်စစ်လက်သီးထိုးစနစ်တို့မှာ လုံးဝမတူပါ။ အကယ်၍ ဆရာကြီးဗန်းမော်သိန်းအောင်၏ သိုင်းပညာရပ်များကို သင်ချင်ပါက ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဆင်မင်းဈေးတစ်ဝိုက်တွင် ဗန်းမော်ဘွဲ့ခံ ဆရာကြီးများ၊ နာမည်ရှေ့တွင် ဗန်းမော် ဟုဘွဲ့တပ်ထားသော ဆရာကြီးများရှိပါသည်။ ထိုဆရာကြီးများထံတွင် သင်ယူနိုင်ပါသည်။

မှတ်ချက်-၂။  ။ဤလျှပ်စစ်လက်သီးထိုးနည်းကို လက်တွေ့သင်လိုလျှင် ၂၀၁၃၊ မတ်လထုတ် နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၊ အမှတ်(၃၂၀) ကိုယူဆောင်၍ အမှတ်(၂၅၂)၊ အောင်ရတနာ(၁၇)လမ်း၊ (၁၆)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် အခကြေးငွေပေးစရာမလိုပဲ ဤလျှပ်စစ်လက်သီး ထိုးနည်းကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင် ရေးသားသူ ဆရာကြီးမင်းယက္ခထံတွင် အထက်ဖော်ပြပါ စာအုပ်ကိုယူဆောင်သွား၍ သင်ယူနိုင်ပါသည်ဟု ဆရာကြီးမှ ရေးသားဖော်ပြခဲ့ပါသည်။ ဖုန်းကြိုဆက်ရန်နှင့် ရုံးချိန်အတွင်းသာ လာရောက်ရန်လည်း ဖော်ပြထားပါသည်။ ဖုန်းနံပါတ်မှာ ၀၉၇၃၀၁၄၅၉၂ ဖြစ်ပါသည်။

ယခု လျှပ်စစ်လက်သီးထိုးနည်း မှာ ဆရာမင်းယက္ခ၏ဘဝအတွေ့အကြုံများ ဆောင်းပါး မှ ကောက်နုတ်၍ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။ လျှပ်တစ်ပြက်အတွင်း တစ်ဖက်ရန်သူကို အငိုက်မိလဲကျသွားစေနိုင်သည့် လက်သီးထိုးနည်းလည်းဖြစ်ပါတယ်။ ဒါကြောင့်မိတ်ဆွေ များ လေ့လာ၊ လေ့ကျင့်နိုင်ရန်အတွက် လေ့လာမှတ်သားထားသည့် လက်သီးထိုးနည်းစနစ်များထဲမှ ထုတ်နှုတ်၍ ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ဆောင်းပါးကို ebook အနေနဲ့ လိုချင်ရင်တော့ ဒီနေရာမှာ Download ယူနိုင်ပါတယ်ခင်ဗျာ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း

By Ko Soe Gyi

ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ လက်ပမ်း သိုင်းအတတ်ပညာ အကျဉ်း

– ရှေးမြန်မာတို့သည် ပွဲကျောင်းလက်ဝှေ့လက်ပန်းအတတ်ကို အောက်ပါကဗျာနှင့် မှတ်သားလွယ်အောင် ဖွဲ့ဆိုခဲ့ကြပါသည်။

မျောက်လေးကွက်ချိုး၊ ကျားကိုးကွက်သွား၊ နဂါးကြေးလှန်၊ ကုမ္ဘဏ်ပန်းခူး၊ ဘီလူးပန်းဆွဲ၊ ပုလဲတွဲသီ၊ နကျည်ပျားတုတ်၊ ကျားပုတ်လက်ကြမ်း၊ ဝက်ဝံဝမ်းခွဲ၊ မျောက်လွဲှမြေလူး၊ ကျွဲဦးတိုက်ခွေ့၊ မောင်းလွဲှမွေ့သည်၊ လက်ဝှေ့လက်ပန်း၊ ဆယ့်နှစ်ခန်းတည်း။

– မျောက်လေးကွက် မှာ ခြေလေးကွက်ကို မျောက်၏ လျင်မြန်ခြင်းဖြင့် ခုန်၍ ရွှေ့ရ၏။

– ကျားကိုးကွက်သွား ၌ မြေပြင်ပေါ်၌ မိန်းမထိုင် ထိုင်ချ၍ ကျားသတ္တဝါ၏ဟန်ဖြင့် တိုက်ခိုက်ရမည်။

– ကျွဲဦးတိုက်ခွေ့ လေ့ကျင့်ခန်းမှာမူ အလွန်ပင်ပန်း၏။ ခိုင်ခံ့တောင့်တင်းသော တိုင်တစ်တိုင်၌ ကိုယ့်ရဲ့ဦးခေါင်းနှင့်တိုင်း၍ အုန်းဆံဖတ်များကို ချည်နှောင်၍ ခေါင်းဖြင့်ဆောင့်ပြီး လေ့ကျင့်ရ၏။ ကျွဲဦးတိုက်ခွေ့လေ့ကျင့်ခန်းကို လေ့ကျင့်အောင်မြင်သောအခါ ခေါင်းတိုက်ချက်သည် ရန်သူ၏ရင်ဝကို အမြှောက်ဆန်မှန်သလို ခံစားသွားရအောင် တိုက်ခိုက်နိုင်မည်။ ဤကျင့်စဉ် ပြီးဆုံးအောင်မြင်သောအခါ ရှေ့သို့၊ နောက်သို့၊ ဘယ်သို့၊ ညာသို့ ခေါင်းဆတ်ခြင်းလေးမျိုးကို လေ့ကျင့် ရပြန်၏။ ထိုခေါင်းဆတ်သောလေ့ကျင့်ခန်း၌ အိုးများကိုကြိုးဖြင့်ဆိုင်း၍ ခေါင်းဖြင့်ဆတ်ရ၏။ အိုးများကွဲအောင် လေ့ကျင့်ရမည်။ ထို့နောက် အုန်းသီးအခွံကျွတ်များကို ကွဲအောင်လေ့ကျင့်ရမည်။

ဤအဆင့်အောင်မြင်မှ သတ်ကိုးသတ်၊ မောင်းကိုးမောင်းကို လေ့ကျင့်ရသည်။ သတ်ကိုးသတ် ဆိုသည်မှာ လူ၏ခန္ဓာကိုယ်၌ တိုက်ခိုက်ရာတွင် အဓိကအားကိုး၍ အသုံးပြုရသော အမာပိုင်းကိုးနေရာဖြစ်၏။ မောင်းကိုးမောင်းဆိုသည်မှာ တိုက်ခိုက်ရာ၌ ရှောင်ခြင်း၊ တိမ်းခြင်း၊ ကွယ်ခြင်း၊ ကာခြင်း၊ ပယ်ခြင်း၊ ခုတ်ခြင်း၊ ညှပ်ခြင်း၊ ခံခြင်း၊ ညွှတ်ခြင်း၊ ယို့ခြင်း၊ ယိမ်းခြင်း၊ လိမ်ခြင်း၊ ခုန်ခြင်း၊ လွဲှခြင်းပြုလုပ်ရာ၌ အသုံးပြုသောအပိုင်းကို မောင်းဟုခေါ်သည်။

ထို့ကြောင့် သတ်ကိုးသတ်ဖြစ်သည့် ခေါင်း၊ ဘယ်လက်သီး၊ ညာလက်သီး၊ ဘယ်တံတောင်၊ ညာတံတောင်၊ ဘယ်ဒူး၊ ညာဒူး၊ ဘယ်ခြေ၊ ညာခြေတို့သည် သတ်ကိုးသတ် အမာပိုင်းကိုးခုဖြစ်ရာကား ထိုနေရာများမာကျောစေရန် လေ့ကျင့်ရ၏။ ထို့အတူ မောင်းကိုးမောင်းဟူသော ဘယ်လက်ဖျံ၊ ညာလက်ဖျံ၊ ဘယ်လက်မောင်း၊ ညာလက်မောင်း၊ ဘယ်ပေါင်၊ ညာပေါင်၊ ဘယ်ခြေသလုံး၊ ညာခြေသလုံးနှင့် ကျောကုန်းစသည့် မောင်းကိုးမောင်းကိုလည်း သွက်လက်လှုပ်ရှားနိုင်စေ ရန် လေ့ကျင့်ရပြန်သည်။

ရှေးမြန်တို့သည်ခြေကိုရွှေ့၍ သိုင်းကွက်နင်းရသော ခြေကွက်များကို မြန်မာ့စစ်တုရင်ပညာနှင့် သုံးပုံဖဲပညာတို့တွင် မြှပ်နှံထားခဲ့သည်။ ခြေကွက်များမှာ နယ်ကွက်၊ လေးကွက်ခေါ် စစ်ကဲကွက်၊ ငါးကွက်ခေါ် ဆင်ကွက်၊ ခုနှစ်ကွက်ခေါ် မြင်းကွက်၊ ရှစ်ကွက်ခေါ် ရထားကွက်၊ ဆယ့်နှစ်ကွက်ခေါ် မင်းကြီးကွက်တို့ ဖြစ်သည်။ ၎င်းအကွက်များကို စစ်တုရင်ပညာနှင့် သုံးပုံဖဲတို့တွင် လေ့လာနိုင်သည်။ (ဥပမာ-သုံးပုံဖဲရှိ ကုတင်၊ ဆင့်စာ၊ မဲအိုး၊ ဝေါ၊ ရင်း၊ ထင် အစရှိသည်တို့ဖြစ်သည်။ ပုံများကို အခက်အခဲကြောင့်မဖော်ပြနိုင်သည်ကို တောင်းပန်အပ်ပါသည်။)

စစ်တုရင်ကွက်၊ သုံးပုံဖဲကွက်များကို မြေပေါ်၌ ချဆွဲကာ သတ်မှတ်ထားသောနေရာများတွင် ခြေချ၍ အမှားအယွင်းမရှိပဲ မြန်ဆန်သွက်လက်စွာ ခြေရုပ်ခြေသိမ်းများစွာဖြင့် လှုပ်ရှားကစားနိုင်အောင် ကျင့်ရသည်။

ထို့ပြင်ပွဲကျောင်းလက်ဝှေ့ပညာနှင့် ဗန်တိုလက်သိုင်းပညာတို့တွင် အားဖြိုခြင်းကိုးမျိုး၊ အားလွှဲခြင်းသုံးမျိုး ဟူ၍ရှိသည်။ ရန်သူ၏ အရှိုက်နှင့်ချက်ကို ကန်ထိုး၍ အားဖြိုခြင်း၊ ကျောရိုး၊ ခါးဆစ်ကို ကန်ကျောက်၍ အားဖြိုခြင်း၊ လည်မျိုနှင့် ကပ်ပယ်အိတ်ကို တစ်ချိန်တည်း တိုက်ခိုက်၍ အားဖြိုခြင်း၊ နှစ်ဖက်သော ပေါင်တန်ကို ထိုးနှက်၍ အားဖြိုခြင်း၊ ချိုင်းကြားနှစ်ဖက်ကိုထိုး၍ အားဖြိုခြင်း၊ ဒူးဆစ်၊ တံတောင်ဆစ်ကို ထိုးရိုက်ကန်ကြောက်၍ အားဖြိုခြင်းတို့ဖြစ်သည်။ ထို့နောက် အတွင်းအပြင် ဝေ့ဝိုက်၍ ရန်သူ၏အားကိုလွဲှခြင်း၊ ပင့်ထုတ်ဖိပုတ်၍အားလွှဲခြင်း၊ တွန်းပုတ်၍ အတွင်းအပြင်ကို တိုက်ဖျက်၍ အားလွှဲခြင်းစသော အားလွဲှခြင်း သုံးမျိုးဖြစ်သည်။

ရှေးမြန်မာ့ပွဲကျောင်းသားများသည် စိတ်ဓါတ်တည်ငြိမ်၍ မိမိတို့၏သိုင်းပညာရပ်များ ထက်မြက်အောင် သမာဓိကျင့်စဉ်ကိုကျင့်ရသည်။

နဖူးအား”လ”အက္ခရာ၊ ညာပခုံး”ယ”၊ ဘယ်ပခုံး”ဝ”၊ ညာလက်”ဟ”၊ ဘယ်လက်”သ”၊ ညာဒူး”ည”၊ ဘယ်ဒူး”င”၊ ဘယ်ခြေဖျား”အ”၊ ညာခြေဖျား”င”၊ ရင်ဝအား”သုည(ဝ)”ဟုမှတ်ရ၏။

မိမိ၏စိတ်ကို သုညနေရာသို့ ပို့ထားပါ၊ ဘာကိုမှ အာရုံမပြုပါနှင့်။ သုညသက်သက်၊ ဗလာသက်သက်ထားပါ။ “လ”လို့အော်ရင် စိတ်ကို နဖူးကိုရွှေ့လိုက်ပါ။ “ဝ”လို့အော်ရင် စိတ်ကို ဘယ်ပခုံးကိုရွှေ့ပါ။ လူတစ်ယောက်က ိုရှေ့မှအော်ခိုင်းပြီး ကျင့်ပါ။ အော်သောသူက ဖြည်းဖြည်းအော်၍ အက္ခရာတစ်ခုနှင့်တစ်ခုကြား အချိန်ညီမျှအောင် ခေါ်ပေးရမည်။

ပွဲကျောင်းသားများသည် တိုက်ခိုက်ရာ၌ “စ”ဟူသော အက္ခရာကို အသံလုံပြီး အသံကို တိခနဲပြတ်ခနဲဖြစ်အောင် အော်ပြီးမှ တိုက်ခိုက်ကြသည်။ ရန်သူနှင့် ရင်တိုက်ခိုက်သည့်အခါ မိမိအသံသည် လက်နက်တစ်ခုကဲ့သို့ အားကိုးရသည်။ ” စ”ဟူသောအသံကို ရင်ခေါင်းမှအသံနှင့် လည်ဖျားမှအသံ ပေါင်း၍ထုတ်ရ၏။ ပြီးလျှင် လည်ကိုအစ်စေ၍ အသံကိုဖြတ်ပစ်ရ၏။ အသံကိုစာဖြင့် ရေးပြ၍ မဖြစ်နိုင်ပါ။ မည်မျှအင်အားရှိ၍ အစွမ်းထက်သောအသံဖြစ်ပေါ်လာမည်ကို ကိုယ်တိုင်လေ့ကျင့်ကြည့်ပါဟုသာ ပြောလိုပါသည်။ (စကားချပ် – တိုက်ခိုက်ရေးပညာလေ့ကျင့်သူများ သည် အဟန့်ကောင်းရန်လည်း လိုအပ်သည်။ မိမိ၏ မျက်လုံးအကြည့်၊ အသံ၊ ကိုယ်နေဟန်ထားနှင့် အေးဆေးတည်ငြိမ်မှုတို့သည် တစ်ဖက်ရန်သူအား ရှိန်သွား၊ တန့်သွားအောင် လေ့ကျင့်ထားရပေမည်။)

– မြန်မာတို့၏ သိုင်းပညာရပ်များတွင် တိရစ္ဆာန်တို့၏ဟန်ဖြင့် တိုက်ခိုက်ရသောပညာများလည်းရှိသည်။ တချို့ကို မြန်မာ့အကပညာရပ်များတွင် မြှုပ်နှံထားသည်။

တစ်ဖက်ရန်သူ၏ ထိုးနှက်ချက်ကို လက်နှစ်ဖက်ဖြင့် ကာ၍ဖျက်ပစ်နိုင်သော လက်ဆစ်လှည့်အက၊ ကိန္နရာကျောက်ကြည့်ဟန်အက၊ လိမ်ထားသောလက်များကို အလိုက်သင့်ဖြေထုတ်နိုင်သော ဆီမီးခွက်အက၊ တစ်ဖက်ရန်သူအားခေါင်းတွင်စိုက်ထားသော ဆံထုံးဖြင့် လက်တစ်ဖက်ဖြင့် ပစ်ပေါက်ခြင်း၊ လက်နှစ်ဖက်ဖြင့် ပစ်ပေါက်ခြင်းဖြင့် တိုက်ခိုက်သော ပန်းစိုက်အကနှစ်မျိုး၊ တစ်ဖက်ရန်သူ၏ တိုက်ကွက်ကို ပုတ်နိုင်ပယ်နိုင်သော မှန်တော်ရှုအက၊ တစ်ဖက်ရန်သူ၏ လည်မျိုနှင့်မျက်လုံးကို ထိုးဖေါက်နိုင်သော ကျောက်ကောက်အက၊ တစ်ဖက်ရန်သူ၏ ခြေထောက်အား ကန်ချိုးသည့် တစ်ပင်တိုင်ကကွက်၊ တစ်ဖက်ရန်သူအားတိုက်ခိုက်ရင်း သွက်လက် စွာရှောင်တိမ်းနိုင်သည့် မင်းသားလက်အက၊ ရန်သူကိုကျောပေး၍ တံတောင်နှင့်တွက်သည့် အတောင်ပံခတ်၍ ကသောငှက်အက အစရှိသည်ဖြင့်ပါဝင်၏။

ဂဠုန်၊ ကြောင်၊ ဗျိုင်း၊ စွန်၊ မျောက်၊ မြွေစသော တိရစ္ဆာန်တို့၏ဟန်ဖြင့် တိုက်ခိုက်သောပညာများမှာလည်း တိုင်းတစ်ပါးပညာများမဟုတ် ရှေးမြန်မာ့ပညာစစ်များဖြစ်ကြသည်။ (မှတ်ချက်။    ။ယခုကျွန်တော်တင်ပြထားတဲ့ ပွဲကျောင်းပညာအကျဉ်းဟာ ဆရာမင်းသိင်္ခရေးသားခဲ့တဲ့ “ပြောထုံးဖြစ်အောင်ငနက်ခေါင်” စာအုပ်မှ ကောက်နုတ်ထားခြင်းပါ။ သုံးပုံဖဲ၊ စစ်တုရင်ကွက်၊ အကဟန်များအား ပုံနှင့်တကွ လေ့လာလိုသူများ “ပြောထုံးဖြစ်အောင်ငနက်ခေါင်” စာအုပ်ကိုသာ ရှာဖွေဖတ်ရကြပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။)

 ဗဟုသုတရစေရန်နှင့် လေ့ကျင့်လိုသူများ အဆင်ပြေစေရန်အတွက် မှတ်သားထားသည်များမှ ပွဲကျောင်းပညာအကျဉ်းကို ဖော်ပြပေးလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ယခုဆောင်းပါးကို e-book အနေနဲ့ ရယူလိုပါက ဒီနေရာမှာ Download ရယူနိုင်ပါတယ်။

မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၂-

By Ko Soe Gyi

ဗန်တိုလက်သိုင်းအမာပိုင်းကျင့်စဉ်

ပထမအဆင့်

– သစ်သားမောင်းဆုံ (သို့) အဝကျယ်သံပုံးထဲတွင် ပထမအဆင့် အနေနှင့် သဲများထည့်၍ လက်ချောင်းများ စုထိုးခြင်း၊ ကားထိုးခြင်း၊ လက်ခေါက်ချွန် (အနုလက်သီး) (လက်သီးဆုပ်၍ လက်ခလယ်ကို အနည်းငယ်ချွန်၍ ရှေ့သို့ထုတ်ထားသည့်လက်သီး) နှင့်ထိုးခြင်း၊ လက်သီးနှင့်ထိုးခြင်း တို့ကို တစ်နေ့လျှင် အချက်(၅၀)စီ ထိုးနှက်လေ့ကျင့်ပေးရမည်။ လက်စုထိုးခြင်း၊ လက်ဖြန့်ထိုးခြင်း၊ လက်ခေါက်ချွန်ထိုးခြင်း၊ လက်သီးထိုးခြင်း တစ်မျိုးလျှင်(၅၀)၊ လေးမျိုးပေါင်းအချက်(၂၀၀)စီ ဖြစ်သည်။ ဤ ပထမအဆင့် ကို သုံးလတိတိ ရက်ပေါင်း(၉၀) နေ့စဉ်မပျက်မကွက် လေ့ကျင့်ရမည်။

Myanmar Traditional Boxing Techniques

Myanmar Traditional Boxing Techniques

– လေ့ကျင့်ပြီးတိုင်း မိမိ၏ဆီးများထည့်ထားသောခွက်ထဲတွင် လက်နှစ်ဖက်ကို နာရီဝက်စိမ်ထားရမည်။ နာရီဝက်စိမ်ပြီးလျှင် အပြင်တွင် နောက်ထပ်နာရီဝက်ထားပြီးမှ လက်ကိုရေဆေးရမည်။ ဆီး (သို့) ကျင်ငယ်ရေနှင့် မစိမ်ချင်လျှင် ဆေးဖက်ဝင်ဆေးမြစ်၊ ဆေးခေါက်၊ ဆေးရွက် များနှင့် ပြုလုပ်ဖော်စပ်ထားသော ဒဏ်ကြေဆေးရည်ကောင်းကောင်းထဲတွင် စိမ်ပါ။

ဒုတိယအဆင့်

ဒုတိယအဆင့် တွင် ဆန်များကိုထည့်၍ ပထမအဆင့်မှာကဲ့သို့ပင် လက်ချောင်းစုထိုးခြင်း၊ ကားထိုးခြင်း၊ လက်ခေါက်ချွန်၊ လက်သီးဆုပ်တို့နှင့် ထိုးခြင်းတို့ကို တစ်မျိုးလျှင် အကြိမ်(၅၀)စီ ထိုးနှက်လေ့ကျင့်ရမည်။ ဆန်များကို မှုန့်သွားသည်အထိ နေ့စဉ်ရက်ဆက် မပျက်မကွက် ထိုးနှက်လေ့ကျင့်ပေးရမည်။ ဆန်များမှုန့်သွားလျှင် ဆန်အသစ်ထပ်ထည့်၍ မှုန့်သွားသည်အထိ ထပ်မံလေ့ကျင့်ပါ။ ဒုတိယအကြိမ် ထပ်ထည့်သော ဆန်များမှုန့်သွားအောင် ထိုးနှက်လေ့ကျင့်ပြီးပါက ဒုတိယအဆင့် အောင်မြင်ပြီဖြစ်သည်။

တတိယအဆင့်

– နောက်ဆုံးအဆင့်ဖြစ်သော တတိယအဆင့် တွင် ဆန်ကာချထားသော ဆန်စေ့အရွယ် ခန့် ကျောက်စရစ်ခဲ (ကျောက်စရစ်ခဲများကို ဆန်ကာထဲတွင်ထည့်၍ ဆန်စေ့ချသလို ချလိုက်သောအခါ ဆန်ကာအောက်မှကျလာသော ကျောက်စရစ်ခဲအသေးများကို မိမိထည့်မည့် မောင်းဆုံ (သို့) အဝကျယ်သံပုံးထဲတွင် အပြည့်ထည့်ရမည်။ ဤအဆင့်သည် စစချင်းလေ့ကျင့်ရမည့် အတွက် ပြင်ဆင်ရသည်ပင် အလွန်ပင်ပန်းသည်) များကိုထည့်၍ ထိုးနှက်လေ့ကျင့်ခြင်း ကို ပြုလုပ်ရမည်။ ဤအဆင့်ကိုကျင့်ခါစတွင် မိမိ၏ လက်ချောင်း၊ လက်ခေါက်ချွန်၊ လက်သီးတို့နှင့် ထိုးနှက်သောအခါတွင် နာကျင်မှုကို အလွန်ခံစားရမည်။ ထို့ကြောင့် ဤအဆင့်ကို ကျင့်ခါစမှ တစ်လ (ရက်ပေါင်း ၃၀) ထိ၊ ပထမနှင့် ဒုတိယအဆင့် တို့ကဲ့သို့ အားမာန်ဖြင့် မထိုးဘဲ ခံသာရုံသာ အင်အားကို အလျှော့အတင်းပြုလုပ်၍ လေ့ကျင့်ရမည်။ တစ်လပြည့်၍ အသားကျသောအခါမှပင် အင်အားကို တိုး၍တိုး၍ လေ့ကျင့်သွားရမည်။ ဤအဆင့်တွင် လက်ချောင်းစု၊ ကားထိုးခြင်း၊ လက်ခေါက်ချွန်ထိုးခြင်း၊ လက်သီးဆုပ်ထိုးခြင်းတို့ကို ပထမနှင့် ဒုတိယအဆင့် ကဲ့သို့ တစ်ပေါင်းတည်းမလုပ်ရပေ။ လက်ချောင်းပြီးမှ လက်ခေါက်ချွန်၊ လက်ခေါက်ချွန်ပြီးမှ လက်သီး တစ်မျိုးစီသွားရမည် ဖြစ်သည်။

– ဤ တတိယအဆင့် တွင် လက်ချောင်းများနှင့် စုထိုးခြင်း၊ ကားထိုးခြင်းတို့ကို ကျောက်စရစ်များထဲသို့ တစ်မျိုးလျှင် အချက်(၅၀)စီ၊ နှစ်မျိုးပေါင်း အချက်(၁၀၀) နှင့် လက်နှစ်ဖက်ပေါင်း အချက်(၂၀၀) တိတိ လက်ကောက်ဝတ်မြုပ်သည်အထိ ထိုးထည့်နိုင်လျှင် လက်ချောင်းများနှင့် ထိုးနှက်ခြင်း အဆင့် အောင်မြင်ပြီဖြစ်သည်။

– လက်ခေါက်ချွန်နှင့် ထိုးနှက်လေ့ကျင့်သောအခါတွင်လည်း လက်တစ်ဖက်လျှင် အချက်(၅၀) နှင့် လက်နှစ်ဖက်ပေါင်း အချက်(၁၀၀) လက်သီးမြုပ်ဝင်သွားသည်အထိ ထိုးထည့်နိုင်မှ လက်ခေါက်ချွန် (အနုလက်သီး) အဆင့် အောင်မြင်မည်ဖြစ်သည်။

– လက်သီးနှင့်ထိုးနှက် လေ့ကျင့်သောအခါတွင် မိမိ၏ လက်သီးဖြင့် ထိုးလိုက်သည့်အရှိန်ကြောင့် သစ်သားမောင်းဆုံ (သို့) အဝကျယ်သံပုံးထဲတွင်ထည့်ထားသော ကျောက်စရစ်ခဲများ တစ်ဝက်တိတိ အပြင်သို့ စဉ်ထွက်ကုန်သည်အထိ ထိုးနှက်နိုင်မှ အောင်မြင်မည်ဖြစ်သည်။


– ဤကျင့်စဉ်သည် ရှေးမြန်မာတို့၏ အလွန်ပြင်းထန်သော ဗန်တိုလက်သိုင်း အမာပိုင်းကျင့်စဉ် တစ်ခုဖြစ်သည်။ ဇွဲလုံ့လနှင့် အပင်ပန်းခံနိုင်မှုတို့ ကောင်းမှသာ လေ့ကျင့်အောင်မြင်နိုင်မည်ဖြစ်သည်။ အများစုမှာ ဒုတိယအဆင့်တွင် လက်လျှော့သွားကြတာများသည်။ (ကျွန်တော်လည်း အပါအဝင်ပေါ့ဗျာ။)

– အလွန်ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ခြင်းအတတ်ပညာရပ်ကျင့်စဉ်တစ်ခုဖြစ်သည်။ ဤကျင့်စဉ်ကို သုံးဆင့်လုံးအောင်မြင်ပြီးသောသူတစ်ယောက်သည် တစ်ဖက်ရန်သူက မိမိထက် ခွန်အားဗလသာလွန်ကြီးမားသူဖြစ်ပါစေ၊ တစ်ချက်တည်းထိုးနှက်ရုံနှင့် သေသွားစေနိုင်အောင် စွမ်းဆောင်နိုင်သည်။ အဆင့်ကုန်မဆိုထားဘိ ပထမအဆင့်ကို အောင်မြင်အောင် လေ့ကျင့်ထားသော သူသည်ပင် မိမိထက် ခွန်အားဗလသာလွန်သောသူအား တစ်ချက်ဆိုတစ်ချက် အလွန်အထိနာသွားအောင် စွမ်းဆောင်နိုင်ပေသည်။ ထို့ကြောင့် ရှေးခေတ်ဗန်တိုပညာရှင်ကြီးများ သည် တပည့်တိုင်းကို သင်မပေးပဲ သည်းခံစိတ်ရှိပြီး၊ အနစ်နာခံလိုစိတ်ရှိသည့် တပည့်များကို သာ ရွေးချယ်သင်ကြားပေးသည့်ကျင့်စဉ်ဖြစ်သည်။ ဤကျင့်စဉ် အောင်မြင်သွားပြီဆိုလျှင် တိုက်ခိုက်ရေးပညာဘက်၌သာမက ကုသရေးအပိုင်းဖြစ်သည့် အနှိပ်ပညာ၊ အကြောကိုင်ပညာ တို့အတွက်ပါ အလွန်အသုံးဝင်သည့်ကျင့်စဉ်ဖြစ်သည်။


အထူးသတိပြုရန်

– ဤကျင့်စဉ်ကိုလေ့ကျင့်ရာတွင် ပထမ၊ ဒုတိယ၊ တတိယကျင့်စဉ်များကို နေ့စဉ် မပျက်မကွက်လေ့ကျင့်ရမည်။ ရက်မပျက်ရ။ ရက်ပျက်လျှင် အစကနေ ပြန်လေ့ကျင့် ရမည်။ လေ့ကျင့်ပြီးတိုင်း မိမိ၏ ဆီး (သို့) ကျင်ငယ်ရည် (သို့) ဒဏ်ကြေဆေးရည်များထဲတွင် နာရီဝက် – မိနစ်(၃၀)တိတိ စိမ်ပေးရမည်။ စိမ်ပြီးလျှင် အပြင်တွင် နာရီဝက်တိတိ ဘာမှမထိမကိုင်ဘဲ ထပ်ထားပြီးမှ ရေဆေးရမည်။ ကျင့်စဉ်ကိုကျင့်ကြံနေစဉ်အတွင်း အပူ၊ အစပ်ဖြစ်သော အစားအစာများနှင့် ငရုတ်သီးကို လုံးဝမစားရ။ အရက်၊ ဆေးလိပ်၊ ကွမ်း လုံးဝမသောက်ရ၊ မစားရ။ ဤအချက်များကို မလိုက်နာနိုင်လျှင် လုံးဝမကျင့်ပါနှင့်။ မလိုက်နာနိုင်ဘဲ လေ့ကျင့်မိပါက မိမိတွင် ခန္ဓာကိုယ်တွင်း အတွင်းဒဏ် အပြင်းအထန်ဖြစ်၍ မရှုမလှဒုက္ခဖြစ်မည်။


စာကြွင်း – ဤကျင့်စဉ်မှာ ကျွန်တော့်ဆရာသမား ကျွန်တော့်အား ပေးခဲ့သော လက်ရေးမူများထဲမှ နည်းစနစ်တစ်ခုဖြစ်သည်။ ကျွန်တော့်ရဲ့ဆရာသမားကလည်း ဤကျင့်စဉ်ကိုကျင့်မည် ဆိုလျှင် ဖော်ပြထားသည့် လိုက်နာရန်များကို အတိအကျလိုက်နာရန် ထပ်ဆင့် သတိပေးပြောကြားသေးသည်။ ထို့အပြင် အကောင်းဆုံးက မိမိကို ထိန်းသိမ်းနိုင်မည့် ဆရာသမားဖြင့်လေ့ကျင့်တာ အကောင်းဆုံးဟု ပြောကြားခဲ့သည်။ ဤကျင့်စဉ်ကို အစတွင် ကျွန်တော်ပြန်လည်ဖော်ထုတ် ရေးသားပေးရန်မရှိပါ။ သို့သော်လည်း ကိုယ့်လူမျိုး ၏ ရှေးဟောင်းအမွေအနှစ်ပညာတစ်ခုကို ပျောက်ကွယ်သွားမည်စိုးသည့်အတွက် ဝါသနာရှင်၊ ပညာရှင်များလေ့ကျင့်ရန် (သို့) လေ့လာနိုင်ရန်အတွက် ပညာကိုသေရွာမယူစတမ်း ကျွန်တော်လေ့လာစုဆောင်းသမျှထဲက မျှဝေလိုက်ပါသည်။


Downloadမြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ-၁- နှင့် -၂- တို့ကို စာအုပ်အနေနှင့် ကျကျနန သိမ်းဆည်းလိုသူ၊ ဖတ်ရှုလိုသူများ ဒီမှာ download ဆွဲပြီး ကူးယူနိုင်ပါပြီဗျာ…

ရွှင်လန်းချမ်းမြေ့ကြပါစေ။


မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၁-

မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၁-

By Ko Soe Gyi

Lethwei - Myanmar Boxing

Lethwei – Myanmar Boxing

– လက်သီးထိုးအားကောင်းအောင် ရေကို စတီး (သို့) သံခွက်နှစ်လုံးနှင့် နည်းမျိုးစုံသုံးပြီး ပက်တင်ပါ။

– လက်သီးထိုးချက်ပြင်းအောင် လက်ထောက်မတင် (သို့) ဒိုက်ထိုးသည့် ပုံစံအတိုင်း ကျောက်စရစ်ခဲ များ ကင်းရှင်း၍ မာကျောခြင်း မရှိသော မြေပြင်ပေါ်တွင် လက်သီးဆုပ်ဖြင့်ထောက်ပြီး ဒိုက်ထိုးပုံစံအတိုင်းနေပါ။ အသက်ကို ဖြည်းညင်းစွာ ရှူသွင်းပါ။ ထို့နောက် ရှူထုတ်လိုက်သောအခါတွင် လက်သီးနှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပါ။ တစ်နည်းအားဖြင့် ခြေထောက်ဖြင့်ခုန်သလို လက်သီးနှစ်ဖက်အားခုန်ခြင်း ဖြစ်သည်။ ထိုသို့ခုန်ရာတွင် ခြေထောက်များကို လိုက်၍မမြှောက်ရပါ။ ပုံမှန်အတိုင်း မြေပေါ်တွင် ဆန့်ထားပါ။ လက်သီးနှစ်ဖက်ကို အပေါ်သို့ မြှောက်ပင့်ခုန်လိုက် သဖြင့် ပြန်ကျသောအခါ မြေပြင်ကို အရှိန်နှင့်ကျမည်ဖြစ်သဖြင့် မှောက်ခုန်ရာတွင် ကိုယ့်ရဲ့ခံနိုင်အားကို ချိန်ဆပြီးမှသာ ပြုလုပ်ပါ။ ဤလေ့ကျင့်စဉ်ကို စတင်ပြုလုပ်ခါစတွင် (၁၀)ကြိမ်သာ ပြုလုပ်ပါ။ (၅)ရက်လုပ် တစ်ရက်နားပါ။ ဤသို့ လေ့ကျင့်၍ ရက်ပေါင်း(၃၀) ပြည့်သောအခါ (၅)ကြိမ်တိုးပါ။ (၅)ရက်လုပ် တစ်ရက်နား၊ ရက်(၃၀) ပြည့်တိုင်း (၅)ကြိမ်တိုးဖြင့် အကြိမ်ရေ(၅၀)ထိ လုပ်နိုင်အောင်လေ့ကျင့်ပါ။ သတိပြုရန်မှာ အကြိမ်(၅၀) ပြုလုပ်နိုင်သောအခါ နောက်ထပ် အကြိမ်ရေ ထပ်မတိုးပါနဲ့တော့။ “ငါလုပ်နိုင်ပါတယ်” ဆိုပြီး ဇောကြီးစွာနှင့် ထပ်မတိုးပါနဲ့။ ကိုယ်တိုင်လေ့ကျင့်ခဲ့ရ သည့် အမာပိုင်းလေ့ကျင့်စဉ်ဖြစ်သောကြောင့် မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။ ငယ်စဉ်က မာန်နှင့် လုပ်နိုင်တယ်ဆိုပြီး အကြိမ်ရေများစွာလုပ်နိုင်အောင် ဆရာသမားစကား နားမထောင်ဘဲ ပြုလုပ်ခဲ့ သဖြင့် ဒုက္ခဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် အကြိမ်(၅၀)ထက် ပိုပြီးတော့မလုပ်ပါနဲ့မိတ်ဆွေ။ အကြိမ်ရေ(၅၀) လုပ်နိုင်ပြီဆိုပါက (၅)ရက်လုပ် တစ်ရက်နားဖြင့် ပုံမှန် အကြိမ်(၅၀)သာ ပြုလုပ်သွားပါ။ မိတ်ဆွေရဲ့ လက်သီးထိုးချက်များ မယုံနိုင်အောင် ပြင်းထန်လာတာကို တွေ့ရပါလိမ့်မည်။ ဤလေ့ကျင့်စဉ်သည် ရှောင်လင်ကျင့်စဉ် အမှတ်(၄၃)  ချောင်းနေသောကျား ကျင့်စဉ်နှင့် ဆင်တူသည်။ ချောင်းနေသောကျား ကျင့်စဉ်မှာမူ အဆင့်တွေ အနည်းငယ် ပိုပါသည်။

– လက်ခုံ၊ လက်ဝါး နှင့်  လက်ဝါးစောင်း အရိုက်သန်အောင် ခြေသုတ် ကြိုးခွေ၊ ခြေသုတ်အုန်းဆံခွေတို့ကို ရိုက်ကျင့်ပါ။

– ဒူးတိုက်ပိုင်နိုင်အောင် ထင်း၊ သစ်သား (လူတစ်ယောက် ချိုးနိုင်သော အရွယ်အစား) ကို လက်နှစ်ဖက်နဲ့ကိုင်၍ ချုပ်ဒူးတိုက်သည့်အတိုင်း တိုက်ချိုး၍ ကျင့်ပါ။ (ကျွန်တော့်မိဘတွေက သစ်ခွဲစက်လုပ်တဲ့သူတွေဆိုတော့ လက်ဝှေ့သင်ခါစက ဒီဒူးတိုက်တာကို စက်ထဲသွားပြီး ထင်းချောင်းလေးတွေနဲ့ ကျင့်တာပေါ့ဗျာ။ လွယ်တယ်ထင်ပေမယ့် တကယ်ကျင့်တဲ့အခါကျ မလွယ်ဘူးဗျ၊ တော်တော်ကျင့်ယူရတယ်။)

– ခြေထောက်တွေသန်အောင် ဒူးလောက်နက်သော ချောင်းရေထဲတွင် ဆန်၍ပြေးပါ။ ဒူးလောက်အနက်တွင် ပြေးနိုင်လာပါက ခါးအထိနက်သောနေရာတွင် ပြေးပါ။ ထို့နောက် ရင်စို့အနက်ထိ တိုး၍ပြေးပါ။ အကယ်၍ ကိုယ်နေထိုင်ရာနေရာမှာ ချောင်း၊ မြစ်မရှိပါက ရှိပါသော်လည်း အန္တရာယ်များပါက၊ မြေပြန့်တွင် ခြေထောက်အား အလေးပတ်၍ ပြေးခြင်း၊ တောင်တက် ၍ ပြေးခြင်းတို့အား ပြုလုပ်ပါ။

– ခန္ဓာကိုယ်ကို အရိုက်အနှက်ခံနိုင်အောင် ချောင်းရေ၊ မြစ်ရေထဲသို့ အမြင့်မှ ခန္ဓာကိုယ် အရှေ့ပိုင်း၊ နောက်ပိုင်း၊ ဘေးပိုင်းစသည်တို့နှင့် ရေနှင့်ရိုက်မိအောင် ခုန်ချပါ။ စစချင်း တစ်ပေအမြင့်မှ စကျင့်ပါ။ ခံနိုင်လာပါက တဖြည်းဖြည်းတိုး၍ ခြောက်ပေအမြင့်ကနေ ခုန်ချ၍ကျင့်ပါ။ (ရေနှင့်ကျင့်တာပဲ လွယ်တယ်လို့မထင်နဲ့မိတ်ဆွေ။ ကျွန်တော့်မိဘများ နေထိုင်ရာ ပွင့်ဖြူဆိုတဲ့ တောမြို့လေးမှာ မုန်းချောင်းရှိတယ်၊ အဲဒီမှာ ကျွန်တော် ကျင့်ခဲ့တာပေါ့။ စစကျင့်ချင်းက ရေထဲခုန်ချကျင့်တာ အလွန်စပ်တယ်ဗျ၊ နာတာထက်ဆိုးတယ်။) ရေနှင့်ခံနိုင်ရည်ရှိလာသောအခါ သဲပြင်ပေါ်သို့ပစ်ချ၍ ကျင့်ပါ၊ တစ်ပေကနေစ၍ကျင့်ပြီး၊ သုံးပေအမြင့်ထိကနေ ခုန်ပစ်ချ၍ပဲ ကျင့်ပါ။ လေးပေ၊ ငါးပေ၊ ခြောက်ပေအမြင့်တွေကနေ မလုပ်ပါနဲ့။ မရှုမလှ ခံသွားရပါလိမ့်မယ်ဗျာ။ ဒီလေ့ကျင့်စဉ်ကို ကျင့်၍ ကြာသောအခါ အရေပြားတွေထူလာပြီး တော်တန်ရုံထိုးချက်၊ ရိုက်ချက်တွေကို မဖြုံတော့ပါ။

– လက်ဖျံများ၊ ခြေသလုံးရိုးများကို သန်မာ၍ ခံနိုင်ရည်ရှိလာအောင် ပထမ သစ်ကိုင်းလေးများ စုစည်း၍ လက်ဖျံ၊ ခြေသလုံးတို့ကို ခပ်သာသာလေး ရိုက်ကျင့်ပေးပါ။ ခံနိုင်လာပါမှ အားအနည်းငယ်စီတိုး၍ ရိုက်ပါ။ အချက်သုံးဆယ်လောက် မိမိအားနဲ့ ရိုက်နိုင်လာပါက ဝါးလုံးမာမာတစ်တောင်ခန့်အရွယ်နှင့် ခပ်သာသာလှိမ့်၍ကျင့်ပါ။ တဖြည်းဖြည်းအားစိုက်ဖိလှိမ့်၍ ကျင့်ပါ။ နောက်ဆုံးအဆင့်အနေဖြင့် လွှစာ၊ သဲ၊ ကျောက်စရစ်ခဲ အနည်းငယ်တို့ ရောထားသောအိတ်အား ကန်၍ကျင့်ပါ။ (ကျွန်တော်ကတော့ နောက်ဆုံးအဆင့်ကို မကျင့်ခဲ့ရပါဘူး။ အဲဒီအစား “သံမဏိလက်သီး” ရဲ့ ခြေကန်ကျင့်နည်းကိုပဲ ကျင့်ခဲ့တာပါ။)


– ရှေးမြန်မာ့လက်ဝှေ့သမား တွေထဲမှာ သံမဏိလက်သီး ထိလိုက်တိုင်းကွဲ လို့ အမည်ရတဲ့ လက်ဝှေ့သမားကြီးတစ်ယောက်ကို ကြားဖူးကြပါသလားမိတ်ဆွေတို့။ သူ့ရဲ့ လက်သီးထိုးလေ့ကျင့်စဉ်လေးကိုပါ တစ်လက်စတည်း ဝေမျှလိုက်ပါတယ်။ သံမဏိလက်သီး ဟာ အရပ် ငါးပေနှစ်လက်မ သာရှိပြီး သူ့ခေတ်လက်ဝှေ့သမားတွေထဲမှာ လူလုံးလူဖန်သေးတဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ဘဝတစ်လျှောက် ထိုးသတ်ခဲ့တဲ့ ပွဲတိုင်းမှာ ရှုံးနိမ့်ခြင်းမရှိခဲ့ပါဘူး။ သရေတစ်ပွဲသာရှိခဲ့ပြီး ကျန်တဲ့ပွဲတွေအားလုံးမှာ အပြတ်အသတ်နိုင်ခဲ့တာချည်းပါပဲ။ သူ့လက်သီးနဲ့ ထိုးလိုက်တိုင်း တစ်ဖက်ပြိုင်ဘက်ကို ဘယ်နေရာထိထိ သူ့လက်သီးချက်ထိလိုက်တဲ့နေရာတိုင်းဟာ ကွဲထွက်သွားတာချည်းပါပဲ။ ဒါ့ကြောင့်လဲ သံမဏိလက်သီး ထိလိုက်တိုင်းကွဲ ဆိုတဲ့ အမည်ရခဲ့တာပါ။ သူ့ရဲ့ ဖြတ်လက်သီးကျင့်နည်း နှင့် ခြေကန်ကျင့်နည်း ကိုလဲ အောက်မှာ ဖော်ပြပေးသွားပါမယ်။

– ငါးလက်မ၊ ခြောက်လက်မပတ်လည် တိုင်တစ်ခုတွင် အုန်းဆံဖတ် (အုန်းသီးခွံ) များအား ကိုယ့်ရဲ့ လက်သီးနှစ်ဖက်ရှေ့သို့ထိုးရန် အနေတော်အမြင့်တွင်ကပ်၍ချည်ထားပါ။ ထို့နောက် လက်ဝှေ့သမားတို့ အသင့်ပြင်ထားသည့် ပုံစံအတိုင်းနေပါ။ အသက်ရှူသွင်းလိုက်ပါ။ အသက်ကို ရှူထုတ်လိုက်သည့်အခါ လက်သီးကိုချည်ထားသည့် အုန်းဆံဖတ်သို့ ထိုးလိုက်ပါ။ ဖြောင့်လက်သီးထိုးနည်းနှင့် ထိုးရမည်။ လက်သီးနှင့် အုန်းဆံဖတ်ကိုမိမိရရထိုးမိသည့်အခိုက် လက်သီးကိုပြန်ရုပ်လိုက်ပါ။ ဤသို့ပြန်ရုပ် သည့်အခါတွင် သတိထားရမည်မှာ လက်သီးနှင့်အုန်းဆံဖတ်မိမိရရထိုးမိမှ ပြန်ရုပ်ပါ။ မထိုးမိဘဲ ပြန်မရုပ်ပါနှင့်။ တကယ်ထိုးသတ်သည့်အခါ အခက်တွေ့တတ်ပါတယ်။ မြန်ဆန်ရန် မလိုပါ။ အလေ့အကျင့်ရလာသည့်အခါ အလိုအလျောက်မြန်ဆန်လာပါလိမ့်မည်။ လောမကြီး ပါနဲ့၊ အေးဆေးစွာသာ လေ့ကျင့်ပါ။ လောကြီး၍ မြန်ဆန်စွာ လေ့ကျင့်ပါက မထိရောက်သည့်အပြင် တကယ်ထိုးသတ်သည့်အခါနှင့် လမ်းပေါ်ကရန်ပွဲများတွင် အခက်အခဲ တွေ့ရုံသာမက ဒုက္ခဖြစ်လိမ့်မည်။ ဤကဲ့သို့လေ့ကျင့်ခြင်းအား အစပိုင်းတွင် မိမိထိုးနိုင်သည့် အကြိမ်အရေအတွက်သာ ထိုးပါ။ မထိုးနိုင်သည့်အခါ ရပ်လိုက်ပါ။ စိတ်လိုက်မာန်ပါ ပြုလုပ်ပါက ဒဏ်ဖြစ်တတ်ပါသည်။ ဘယ်၊ ညာတစ်လှည့်စီ ထိုးပါ၊ ဘယ်၊ ညာနှစ်ဖက်ပေါင်း အကြိမ်ရေ(၁၀၀) ရသည်အထိ ပင်ပန်းမှုမရှိဘဲ ထိုးနိုင်အောင် လေ့ကျင့်ပါ။ (၁၀၀)ထက်ပိုပြီး အကြိမ်ရေ မတိုးပါနှင့်။

ဖြတ်လက်သီးထိုးနည်း

– ဖြတ်လက်သီးကို အနီးကပ်သတ်ပွဲများတွင် အသုံးပြုခြင်းဖြစ်သည်။ (ဥပမာ- မျက်နှာချင်းဆိုင် ရပ်၍နေသောရန်သူအား ထိုးခြင်းနှင့် ပူးကပ်လုံးထွေးနေသည့် အချိန်တို့တွင် ဖြတ်လက်သီးကို အသုံးပြုကြသည်။ ဖြတ်လက်သီးကို ဒေါင်လိုက်လက်သီး၊ ဖြောင့်လက်သီး၊ ဝိုက်လက်သီး အဆင်ပြေသလို သုံး၍ရသည်။)

– ငါးလက်မ၊ ခြောက်လက်မပတ်လည် တိုင်တစ်လုံးတွင် ပုဆိုးကို ခေါက်၍ကပ်ပြီး အပေါ်ဘက်နှင့် အောက်ဘက်တို့တွင် ကြိုးနှင့်တိုင်ကို ကပ်ချည်ထားပါ။ အသင့်ပြင်ပုံစံအတိုင်းနေပြီး မိမိညာလက်ကိုဖြန့်၍ လက်ချောင်းထိပ်ဖျားများသည် ပုဆိုးနှင့်ခပ်ဖွဖွထိနေပါစေ။ ထို့နောက် အသက်ကိုဖြည်းညင်းစွာ ရှူသွင်းလိုက်ပါ။ အသက်ရှူထုတ်သည့်အခါတွင် လက်သီးဆုပ် ၍ ဒေါင်လိုက်လက်သီးဖြင့် ထိုးထုတ်လိုက်ပါ။ ပစ်မှတ်နှင့်လက်သီး ထိမိသည့်အခါ လက်သီးကိုပြန်ရုပ်၍ ခါးတွင်ကပ်လိုက်ပါ။ ထို့နောက် ဘယ်လက်သီးဖြင့် အထက်ဖော်ပြပါအတိုင်း ထိုးပါ။ ညာ၊ ဘယ် တစ်လှည့်စီ အေးဆေးဖြည်းညင်းစွာ ထိုးကျင့်ပါ။ လက်သီးနှစ်ဖက်ပေါင်း အကြိမ်ရေ(၁၀၀) ရသည်အထိ ထိုးနိုင်အောင် ကျင့်ပါ။ ထိုသို့ အကြိမ်ရေ(၁၀၀)ထိ သက်တောင့်သက်သာ ထိုးနိုင်လာပါက ချည်ထားသည့်ပုဆိုးအား အခေါက်တစ်ခေါက်ဖြေ၍ (အဝတ်ဆိုပါက တစ်ထပ်လျှော့၍) တစ်လထိုးပါ။ နောက်ဆုံး ပုဆိုး (သို့) အဝတ်မပါပဲ ထိုးနိုင်လာသည်အထိ ကျင့်ပါ။ (ဖြတ်လက်သီးထိုးနည်း တော်တော်အသုံးဝင်ပါတယ်။ စွမ်းရည်ပြပွဲများ တွင် သစ်သားပြားကို အနီးကပ်ဆတ်ပြီး ထိုးခွဲခြင်းကို ဤဖြတ်လက်သီးထိုးနည်းကို ကောင်းမွန် စွာ လေ့ကျင့်ထားသူဟာ ပြုလုပ်နိုင်ပါတယ်။)

သံမဏိလက်သီး၏ခြေကန်လေ့ကျင့်စဉ်

– ကိုယ့်ရဲ့ ခြေဖျားကနေ ခါးအထိအမြင့်ကို တိုင်းပါ၊ နောက်ထပ် လေးပေထပ်ပေါင်းပါ။ (ကိုယ့်ရဲ့ ခြေဖျားကနေခါးအထိ အမြင့်သုံးပေရှိတယ် ဆိုပါစို့။ နောက်ထပ် လေးပေထပ်ပေါင်းပါက ခုနှစ်ပေ) ခုနှစ်ပေရှည်တဲ့ ငါးလက်မ၊ ခြောက်လက်မပတ်လည် အလုံးဖြောင့်တိုင်လုံး တစ်လုံးကို မြေကြီးထဲတွင် သုံးပေအနက် တွင်းတူး၍ စိုက်ပါ။ ဒါဆိုမြေပေါ်မှာ တိုင်ဟာလေးပေ ပေါ်နေပါလိမ့်မည်။ မြေပေါ်ပေါ်နေတဲ့ တိုင်ကို အဝတ်စများဖြင့် ငါးလက်မ အထူရအောင် ကျကျနနစည်းပါ။ ဤသို့ပြုလုပ်ပြီးပါက ခြေကန်ကျင့်ရန် ရပါပြီ။ ထိုတိုင်ရှေ့တွင် လက်ဝှေ့ခင်းသည့်ပုံစံအတိုင်း ရပ်နေပါ။ အသက်ကို ဖြေးညင်းစွာ ရှူသွင်းပါ။ ရှူထုတ်လိုက်သည့် အခါတွင် ခြေကို ပတ်ခြေကန်နည်းအတိုင်း ခြေခွင်ဖြင့် ဝိုက်ကန်လိုက်ပါ။ စစချင်းတွင် အားစိုက်၍ မကန်ပါနဲ့။ အနေတော်အားထည့်၍သာ ကန်ပါ။ ဘယ်၊ ညာတစ်ဖက်စီ ဆယ်ကြိမ်ကန်ပါ။ ထို့နောက် ခြေခုံဖြင့် ပြောင်းကန်ပါ။ ခြေခုံဖြင့် ဘယ်၊ ညာ ဆယ်ကြိမ်စီ ပတ်ခြေကန်နည်းအတိုင်း ကန်ပြီးလျှင် ခြေစောင်းဖြင့် ဘေးတိုက်ကန်နည်းအတိုင်း ကန်ပါ။ ဤသို့ကန်ခြင်း အား ခြေခွင်၊ ခြေခုံ၊ ခြေစောင်းတို့ဖြင့် ဘယ်၊ ညာတစ်ဖက်လျှင် ဆယ်ကြိမ် ကန်ကျင့်ပါ၊ သုံးလကြာလျှင် စည်းထားသော အဝတ်များအား တစ်လက်မ လျှော့လိုက်ပါ။ သုံးလပြည့်တိုင်း တစ်လက်မ စီလျှော့ရင်း နောက်ဆုံး အဝတ်များ လုံးဝမရှိတော့ဘဲ တိုင်လုံးချင်း ကန်နိုင်သည့် အဆင့်အထိရောက်အောင်ကျင့်ပါ။ ထိုအဆင့်ထိရောက်လျှင် မိတ်ဆွေရဲ့ ကန်ချက်တွေ ဟာ ကြောက်စရာကောင်းအောင် ပြင်းထန်လာပါလိမ့်မည် ဖြစ်ပါတယ်ဗျာ။ အဝတ်ငါးလက်မအထူနဲ့ သုံးလကျင့်ပြီးရင်ကိုပဲ ကန်ချက်တွေဟာ တော်တော်ပြင်းထန်နေပါပြီ။ (ကျွန်တော်ကတော့ အဝတ်ကို နှစ်လက်မထိလျှော့ပြီး သုံးလကျင့်ပြီး ခုချိန်ထိ ဤကန်နည်းကို မကျင့်ဖြစ်တော့ပါ။ တစ်ခါတစ်ရံ မြတ်စောညီနောင်အဖွဲ့က “သမထ”ဆန်သည့် ကန်နည်းကိုသာ ဆရာကြီးများကဲ့သို့ တိုင်ပေါ်တွင် မဟုတ်ဘဲ ကြမ်းပြင်ပေါ်တွင်သာ ကျင့်ဖြစ်ပါတော့တယ်။)


တွဲလုံး၊ ထိုးလုံးများ အရှိန်ကောင်းအောင် တွဲလောင်းချိတ်ထားသော ခရမ်းသီး (သို့) ကလေးကန်သည့် ဘောလုံးအရွယ် ကျစ်လျစ်စွာ လုံးထားသည့် အဝတ်လုံးများ၊ ခုခေတ်မှာဆိုရင်တော့ အားကစားဆိုင်များတွင် ဝယ်ယူနိုင်သည့် ထက်အောက် ကြိုးပါသောဘောလုံး (လက်သီးအမြန်ထိုးသည့် ဘောလုံးမဟုတ်၊ ကျွန်တော်ရန်ကုန်ရောက်တုန်း ဝယ်တုန်းကတော့ တစ်လုံးကို နှစ်သောင်းပေးရပါတယ်။ ဆိုင်လိပ်စာ လိုချင်လျှင်တော့ ပြန်ရှာပေးပါမယ်) ဆယ်လုံးကို ခြေ၊ လက်၊ တံတောင်၊ ဒူးအတွဲစုံနှင့် ထိအောင် ထိုးသတ်လေ့ကျင့်ရမည်။ ကျင့်ဖန်များလာသော် အရှိန်ကောင်းလာသလို ဟန်ချက်တွေပါ ကောင်းလာ၏။

– တွဲလုံးများ ပိုင်နိုင်လာအောင် လက်သီးနောက်က တံတောင်၊ တံတောင်နောက်က ပခုံး၊ ပခုံးနောက် ခေါင်း (ချိုစောင်း) နှင့် ဆက်တိုက်ပြီးလျှင် ဖမ်းချုပ်နည်း၊ ပင့်ဒူး၊ ဝိုက်ဒူး၊ ဒူးစုံကျင့် ထို့နောက် ခါးပေါ်ပေါက်ချ စသည်ဖြင့် တွဲလုံးများ၊ ချုပ်နည်းများ၊ ကိုင်ပေါက်နည်းများအား ကျင့်ဖက်မပါပဲ တစ်ကိုယ်တည်း အမြဲကျင့်ပါ။

– ဟန်ချက်များနှင့် ထိုးသတ်ချက်များ ပိုမိုအားကောင်းစေရန် ပထမ ခါးလောက်နက်သော ရေထဲတွင် လက်သီးထိုး၊ ခြေကန်၊ တွဲလုံးများကို ရေဆန်ကို မျက်နှာမူ၍ ကျင့်ပါ။ ရေစီးနှင့် မျောမပါသွားအောင် ကျင့်နိုင်သောအခါ ရင်ဘတ်အထိနက်သောရေတွင် ကျင့်ရမည်။ (ချောင်း၊ မြစ်မရှိလည်း ရေကူးကန်မှာ ကျင့်ပေါ့ဗျာ…၊ ဒါမှမဟုတ်ရင်လဲ ကျွန်တော်ကျင့်တဲ့နည်းလေး ပြောပါ့မယ်။ ယောဂကျင့်စဉ်တွေထဲက သစ်ပင်သဏ္ဍာန်ကျင့်စဉ် (Tree Posture) ကို အရင်ကျင့်ဗျာ။ ငါးမိနစ်လောက် နေနိုင်လာပြီဆို ဟန်ချက် တော်တော်ထိန်းနိုင်ပါတယ်။ နောက်တော့ အဲဒီအတိုင်းရပ်ပြီး လက်သီးထိုး၊ ခြေကို တစ်ဖက်ခြင်း ဒဲ့ဖနောင့်၊ ပတ်ခြေ၊ တို့ကို အားသိပ်မစိုက်ဘဲ ဖြည်းဖြည်းကျင့်ပါ။ နောက်ပိုင်းကျမှ အားထည့်ပြီး ကျင့်ပါ။


သတိပြုရန်

– တိုက်ခိုက်ရေးပညာတွေ ကျင့်တဲ့အခါမှာ အများစုက လောကြီးပြီး တတ်ချင်ဇော များတယ်ဗျ။ စိတ်မလောပါနဲ့၊ တစ်ဆင့်ချင်း ဖြည်းဖြည်းကျင့်ပါ။ နည်းတစ်ခုကိုပိုင်နိုင်လာ မှ နောက်တစ်နည်း ပြောင်းကျင့်ပါ။ နောက်တစ်ခုက အငယ်ပိုင်းကလေးတွေက ဒီပညာသင်ပြီးရင် လမ်းပေါ်မှာ အစွမ်းပြချင်သဗျ။ သင်တန်းမှာ လေ့ကျင့်ဖော်နဲ့ ကျင့်တာ၊ ပြိုင်ပွဲတွေမှာ ပြိုင်တာတွေနဲ့ လမ်းပေါ်မှာက အများကြီး ကွာတယ်ဗျ။ အကွက်ဆွဲနေလို့ မရဘူ။၊ လက်နီးလက် ခြေနီးခြေ အသုံးပြုတတ်ရမယ်။ စိတ်အေးအေးထားနိုင်ရမယ်။ အဲ့ဒီလိုမဟုတ်ဘဲ ငါတတ်တယ်ဆိုပြီး လုပ်တော့ ခံလာရတာပဲ တွေ့ရတယ်ဗျ။ အဲဒီတော့ ပိုင်နိုင်အောင်ကျင့်ပါ။ ပွဲတိုးရတော့မယ်ဆို စိတ်အေးအေးထားပါ။

– နောက်ထပ်ပြောချင်တာက အခု ကျွန်တော်အထက်က ရေးခဲ့တဲ့ နည်းစနစ်တွေသာမက တခြားသော သိုင်းပညာတွေ အကုန်ပေါ့ဗျာ၊ မလေ့ကျင့်မီ အကြောလျှော့ပါ၊ လုပ်ပြီးလျှင်လည်း အကြောလျှော့ပါ။ အကြောတွေ တင်းနေရင် ဒဏ်ဖြစ်ရုံမကဘူး၊ ပြိုင်ပွဲတွေ၊ လမ်းပေါ်က သတ်ပွဲတွေမှာပါ အခက်တွေ့မှာပါပဲ။ အဲဒါကြောင့် ရင်ဆိုင်ရတော့မယ်ဆို စိတ်ရောကိုယ်ပါ လျှော့ချပြီး ရင်ဆိုင်ပါ။

– ကျွန်တော် ပထမဆုံး သင်ခဲ့ရတာ “လက်ဝှေ့” ပါပဲ။ တွဲလုံးတွေကတော့ အစမှာ ဆရာသင်ပေးတဲ့ အတိုင်း ကျင့်ရတာပါ။ နောက်ကျဆရာက နည်းစနစ်တွေကို အမြဲပုံသေမထားရဘူးလို့ ပြောပါတယ်။ တကယ်ချပြီဆို စနစ်အတိုင်း မသွားဘဲ အလျဉ်းသင့်သလိုလုပ်လို့ ပြောခဲ့ပါတယ်။

– အထက်မှာဖော်ပြခဲ့တဲ့ လက်သီးထိုးလေ့ကျင့်စဉ်သုံးခု နဲ့ ခြေကန်လေ့ကျင့်စဉ်တို့ကို ကျွန်တော်စကျင့်ရတုန်းက တော်တော်ကို စိတ်မရှည်ခဲ့တာပါ။ ဘာလို့ဆိုတော့ ကျွန်တော့်ဆရာက စစချင်း ဆယ်ကြိမ်စီပဲထိုးခိုင်း၊ ကန်ခိုင်း၊ ငါးရက်လုပ် တစ်ရက်နားခိုင်းပေါ့။ နောက်မှ သဘောပေါက်တော့တယ်။ ငါးရက်လုပ် တစ်ရက်နားခိုင်းတာဟာ ခန္ဓာကိုယ်ကို ပြန်အားဖြည့်ခိုင်းတာပါပဲ။ နို့မို့ဆို ကားတစ်စီး ဆီပြတ်တဲ့အခါ ဖြစ်သလို လူလဲအနားမပေးရင် ကောင်းကောင်း ဒုက္ခရောက်တာပါပဲ။ အဲဒါကြောင့် မိတ်ဆွေတို့ အထက်ပါ လေ့ကျင့်စဉ်တွေသာမက အခြားသော ပညာရပ်တွေ၊ လေ့ကျင့်စဉ်တွေကိုလဲ ငါးရက်လုပ် တစ်ရက်နားပြီးတော့ ကျင့်ပါလို့ ပြောပါရစေ။ လက်သီးထိုး၊ ခြေကန်ချက်တွေ ပြင်းအောင်ကျင့်တော့ တစ်နေ့မှာ ဘယ်ဆယ်ကြိမ်၊ ညာဆယ်ကြိမ်ပဲ လုပ်ရတာဆိုတော့ အားမရဘူးပေါ့ဗျာ၊ အချိန်ကလဲ ကြာတာကိုး။ အဲဒီတော့ ဆရာမသိအောင် အိမ်ရောက်ရင် ထပ်လုပ်တာပေါ့။ ဖြစ်ချင်ဇောနဲ့ အားကိုလဲ အကုန်ထည့်လုပ်တာပေါ့။ နောက်ဆုံးရလဒ်ကတော့ ဒဏ်ဖြစ်တာပါပဲ။

– အဲဒါကြောင့် မိတ်ဆွေတို့ အထက်ဖော်ပြပါ လက်သီးထိုး၊ ခြေကန်နည်းတွေ ကျင့်တော့မယ်ဆို စစချင်း ဆယ်ကြိမ်သာ လုပ်ပါ၊ ငါးရက်လုပ် တစ်ရက်နားပြီး ပြန်လုပ်တဲ့အခါ ငါးကြိမ်စီ တိုးသွားပါ။ နောက်ဆုံး ဘယ်၊ ညာနှစ်ဖက်ပေါင်း အကြိမ်ရေ(၁၀၀)စီ လုပ်နိုင်ပြီဆို ထပ်မတိုးပါနဲ့တော့။


– အားလုံးသောမိတ်ဆွေများ ကျွန်တော်တိုက်ခိုက်ရေးပညာတွေထဲမှာ ဆရာနဲ့အသေအချာလေ့ကျင့် တာ မြန်မာ့လက်ဝှေ့ပညာ ပဲ ရှိပါတယ်။ ဒီပညာကို သင်ပေးသူ၊ နောက်ပြီး တခြားသော တိုက်ခိုက်ရေး ပညာအမျိုးအစားများအား ရှင်းလင်းသင်ကြားပေးခဲ့တဲ့ ကျွန်တော့်ဆရာနာမည်က ဦးအောင်ဝင်း ပါ။ ပွင့်ဖြူမြို့ က ဖြစ်ပါတယ်။ သိုင်းပညာနဲ့ ပတ်သက်ပြီး စာအုပ်များ၊ သူ့ရဲ့လက်ရေးနဲ့ မှတ်ထားတဲ့ နည်းစနစ်များအား ကျွန်တော့်အား အကုန်ပေးခဲ့တာပါ။

– ဗန်တိုပညာ ကိုတော့ မင်းဘူးမြို့၊ မြန်မာ့လက်ရုံးတံခွန် သိုင်းသင်တန်းမှာ သူငယ်ချင်းသုံးယောက်နဲ့ အတူ သင်ကြားခဲ့ဖူးပါတယ်။ အခြေခံခြေကွက်နဲ့ ဓါးမြှောင်သမားကို ခုခံတိုက်ခိုက်နည်း၊ အခြေခံတုတ်သိုင်းတို့အထိပဲ သင်ကြားခဲ့ရပါတယ်…

– ဆရာဦးအောင်ဝင်း က လက်ဝှေ့ပညာ နဲ့ အထက်ဖော်ပြပါ ကျင့်စဉ်တွေကို သင်ကြားပေးခဲ့ပြီး၊ ကျွန်တော့် သူငယ်ချင်းရဲ့ အဖိုး က မိုးကြိုးလက်သီး(၁၆)ချက် ဆိုတဲ့ လက်သီးထိုးနည်း၊ ဝက်အူရစ် လက်သီးထိုးနည်း၊ နှစ်ဆင့်ထိုးနည်း တို့ကို သင်ကြားပေးခဲ့ပါတယ်။ ငယ်တုန်းက သင်ခဲ့ရတာဆိုတော့ မိုးကြိုးလက်သီး(၁၆)ချက် ကို လေ့ကျင့်ခဲ့ပေမယ့် သဘောမပေါက်ခဲ့ဘူး။ ဆရာကြီးဦးစင်ချိုင် ကိုလဲ နာမည်သာသိပြီး ကျန်တဲ့အကြောင်း မသိခဲ့ရပါဘူး။ နောက်မှ ဟင်္သာတလျှပ်စစ် က ဆရာဦးကြည်ဝင်း ရဲ့ ဆောင်းပါးတွေကြောင့် သဘောပေါက်ခဲ့ရတာပါ။ နောက်များမှ ဗန်တိုလက်သိုင်းလေ့ကျင့်စဉ် နဲ့ ဗန်းမော်ကွန်ဖူးပညာစဉ် က လျှပ်စစ်လက်သီး တို့ကို ထပ်တင်ပေးပါဦးမယ်ဗျာ။

ဆက်ပါဦးမည်…


မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၂-