စက္ကဗျူဟာပင်မသိုင်းအဖွဲ့၏ စွမ်းရည်ပြပွဲ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၁၈-၁-၂၀၁၅) မှာ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ စက္ကဗျူဟာပင်မသိုင်း ကာယ-စိတ္တ-သိဒ္ဓိစွမ်းအားကျင့်စဉ်အဖွဲ့သိဒ္ဓိစွမ်းရည်နှင့် ကာယစွမ်းအားကျင့်စဉ်ဆိုင်ရာ ပညာရပ်များပြပွဲကို ကျင်းပခဲ့ပါသည်။
Sat Ka Biew Har Clan Demonstration
စက္ကဗျူဟာပင်မသိုင်းအဖွဲ့၏ သိုင်းပညာပြပွဲ မှတ်တမ်းတင်ဗီဒီယိုဖိုင်
Download
File Size – 193 MB
Running time – 46 Minutes
အဲ့ဒီပွဲနေ့က ကျွန်တော်လည်း အားနေတာနဲ့ သွားရောက်လေ့လာပြီး အားပေးခဲ့ပါတယ်။ မှတ်တမ်းတင် ဗီဒီယိုကိုလည်း ရိုက်ကူးခဲ့တာမို့ ဝါသနာရှင်တွေ လေ့လာရအောင် ဗီဒီယိုဖိုင်ကို ပြန်တင်ပေးလိုက် ပါတယ်ခင်ဗျာ။ Live Streaming တော့ မလုပ်ပေးဖြစ်တော့ဘူးဗျာ။ Youtube တွေ ဘာတွေမှာ တင်ဖို့ကလည်း ကွန်နက်ရှင်က အဆင်မပြေလှတာကြောင့် ဗီဒီယိုဖိုင်ကို ဒီအတိုင်းပဲ တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ download ရယူနိုင်ပါပြီ။
ဖိုင်ဆိုဒ်ကတော့ အနည်းငယ်ကြီးပါလိမ့်မယ်။ 193 MB ဖြစ်ပါတယ်။ ဒါတောင် mp4 ဆိုရင် ဖိုင်ဆိုဒ်တအားကြီးသွားမှာမို့ flv ဖိုင်နဲ့ပဲ လုပ်ထားတာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကင်မရာနဲ့ ရိုက်ကူးထားတာ မဟုတ်တာရယ်၊ အဝေးကနေ Zoom ဆွဲပြီး ရိုက်ထားရတာရယ်ကြောင့် အနည်းငယ် အဆင်မပြေမှုများရှိပါက သည်းခံပြီး ကြည့်စေချင်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးပါ။
သိုင်းဝါသနာရှင်များအတွက်သတင်းထူး
သိုင်းချစ်သူဝါသနာရှင်များအတွက် ဝမ်းမြောက်စရာ သတင်းထူးတစ်ခုကို ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ မြန်မာနိုင်ငံမှာ သိုင်းစာအုပ်စာပေများ ပြန်လည် ထွန်းကားလာတော့မယ်ဆိုတဲ့ သတင်းပါပဲ။ ဆရာကြီးကွန်ဖူးစိုးမြင့် ရဲ့ တပည့်တွေကနေ ဆရာကြီးရဲ့ စာအုပ်တွေ ကို ပြန်လည်ထုတ်ဝေတော့မယ် ဆိုတဲ့သတင်းကို အရင်ကတည်းက ကြားထားတာပါ။
ဒါပေမယ့် ဘယ်တော့ထွက်မယ် ဘာစာအုပ်တွေ ထွက်မယ်ဆိုတာ မသိခဲ့ပါဘူး။ ကံကောင်းချင်တော့ဗျာ ပြီးခဲ့တဲ့ စနေနေ့က ကျွန်တော် နိုဘယ်-မြန်မာ စာပေပွဲတော် ကို သွားခဲ့ပါတယ်။ အဲ့ဒီမှာ အမှတ်မထင် ဆရာကြီးကွန်ဖူးစိုးမြင့် ရဲ့ အမျိုးသမီးများအတွက် အရေးပေါ်ခုခံတိုက်ခိုက်နည်းများ စာအုပ်ကို တွေ့မိခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် ၂၀၁၄ အောက်တိုဘာလကတည်းက ထုတ်ဝေထားတာပါ။ ဒီစာအုပ်ကို ကျွန်တော် အရင်ကတည်းက ebook လုပ်ပြီး တင်ပေးခဲ့တာ ကြာပါပြီ။ ကိုစိုကြီးက scan ဖတ်ပေးထားတာပါ။ ဒီနေရာ မှာ download ယူလို့ရပါတယ်။ ဒါပေမယ့် printed version စာအုပ်ကိုလည်း ဝယ်ယူအားပေးကြစေချင်ပါတယ်။ ဒါမှလည်း နောက်ထပ် စာအုပ်အသစ်အသစ်တွေ ဆက်လက်ထုတ်ဝေသွားနိုင်ဖို့ အဆင်ပြေမှာမို့လို့ပါ။ ebook တွေကြောင့် ထုတ်ဝေသူတွေ အရှုံးပေါ်ပြီး ထပ်မံထုတ်ဝေဖို့ လက်တွန့်သွားမှာတော့ လုံးဝမဖြစ်စေချင်မိပါ။
The Womanly Art Of Self Defense - 2nd edition By Kung Fu Soe Myint
အမျိုးသမီးများအတွက် အရေးပေါ်ခုခံတိုက်ခိုက်နည်းများ (ကွန်ဖူးစိုးမြင့်)
ဖြန့်ချိပေးတာကတော့ ရွှေချိုးဖြူစာပေပါ။ ဆရာကြီးကွန်ဖူးစိုးမြင့် ရဲ့ တပည့်တစ်ဦးဖြစ်ပြီး နောက်နောင် လည်း ဆရာကြီးကွန်ဖူးစိုးမြင့် ရဲ့ စာအုပ်တွေရော၊ အခြားကိုယ်ခံပညာရပ်ဆိုင်ရာ စာအုပ်အသစ်တွေ ကိုပါ ဆက်လက်ထုတ်ေ၀ ဖြန့်ဖြူပေးသွားမယ်လို့ သိရပါတယ်။
အရင်က ကျွန်တော် သိုင်းပညာရပ်ဆိုင်ရာစာအုပ်တွေကို ebook ပြုလုပ်ရတာဟာ ဈေးကွက်မှာ သိုင်းစာအုပ်စာပေ ရှားပါမှုကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အခုကစပြီး ကျွန်တော် ဆင်ခြင်ရ ပါတော့မယ်။ အဓိကကတော့ ဆရာကြီးကွန်ဖူးစိုးမြင့် ရဲ့ စာအုပ်တွေကို ebook မလုပ်တော့ဖို့ ဆုံးဖြတ်ထားပါတယ်။ တစ်ဆိတ်လောက်သည်းခံပြီး printed version ကိုပဲ စောင့်ဖတ်ပေးကြစေချင် ပါတယ်။ ဒါမှလည်း သိုင်းစာအုပ်စာပေဈေးကွက် ပြန်လည်ထွန်းကာလာနိုင်မှာလို့ ထင်ပါတယ်။
Shwe Joe Phyu Sar Pay
ရွှေချိုးဖြူစာပေ
ရွှေချိုးဖြူစာပေနဲ့ ဆက်သွယ်ပြီး သိုင်းစာအုပ်စာပေတွေ ဝယ်ယူချင်တယ်၊ ထုတ်ဝေချင်တယ် ဆိုရင်တော့ လိပ်စာက ဒီမှာပါ…
ရွှေချိုးဖြူစာပေ
အမှတ်(၄၁၄/ခ)အပေါ်ဆုံးထပ်၊
နီလာ(၂)လမ်း၊ (၈)ရပ်ကွက်၊
မြောက်ဥက္ကလာ၊ ရန်ကုန်မြို့။
ဖုန်း – ၁၉-၂၅၀၁၄၂၈၂၈၊ ၀၉-၅၀၂၉၆၄၁
ဆရာကြီးကွန်ဖူးစိုးမြင့်နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဆင်မလိုက်၊ ဘုရင့်နောင်လမ်းမကြီး၊ ကမာရွတ်မြို့နယ်မှာပါ။ ဆရာကြီးကတော့ အခုလက်ရှိ သိုင်းသင်တန်းမဖွင့်တော့ပါဘူး။ အရိုးအကြောရောဂါကုဆေးခန်းပဲ ဖွင့်ပါတော့တယ်။
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
သိုင်းစာအုပ်များ အလွယ်တကူ ဝယ်နိုင်ပြီ…
သိုင်းပညာရပ်ကို ဝါသနာပါသူ မိတ်ဆွေများအတွက် အထူးစပါယ်ရှယ်သတင်း ဖြစ်ပါတယ်ဗျာ… မကြာသေးခင်က အသစ်ထွက်ထားတဲ့ ပွဲကျောင်းဆရာကြီးဦးစိုးမြင့်ရဲ့ ပွဲကျောင်းစာအုပ်နဲ့ ဆရာကြီးကွန်ဖူးစိုးမြင့်ရဲ့ ၁၉၉၀ နှစ်များဆီက ထွက်ထားခဲ့တဲ့ သိုင်းစာအုပ်များကို ဝယ်ယူလို့ရနိုင်ကြောင်းပါ…
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့သိုင်းပင်မဦးစီးဆရာကြီး တိုက်တိုင်းအောင် ပွဲကျောင်းဆရာကြီး ဦးစိုးမြင့် ရေးသားပြုစုသော…
မူလဂါမဝါသီပုပ္ပား  ပွဲကျောင်း မြန်မာ့သိုင်းလက်ဝှေ့လေ့ကျင့်ကစားနည်း၊ တန်ပြန်ခုခံကာကွယ် တိုက်ခိုက်နည်း စာအုပ်ကို  အမြို့မြို့ အနယ်နယ်ရှိ စာအုပ်ဆိုင်တိုင်းတွင် ရနိုင်ပြီ။
မူလဂါမဝါသီပုပ္ပား ပွဲကျောင်း မြန်မာ့သိုင်းလက်ဝှေ့လေ့ကျင့်ကစားနည်း၊ တန်ပြန်ခုခံကာကွယ်တိုက်ခိုက်နည်း
အကြိမ် – ပထမအကြိမ်
ထုတ်ဝေချိန် -၂၀၁၃ မတ်လ
တန်ဖိုး – ၁၈၀၀ ကျပ်
နယ်မှ ဝယ်ရခက်နေသူများဖြစ်ပါက http://www.myanmaronlinesales.com/MyanmarBooks/BookDetails/29492/ တွင် မှာပါ။ နိုင်ငံရပ်ခြားရောက်နေသူများ www.myanmarbookshop.com/ တွင်မှာပါ။
ဖော်ပြပါစာအုပ်ကို ကနဦးက ebook ပြန်လုပ်ရန် စဉ်းစားခဲ့ဖူးသော်လည်း ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူနိုင်သည်ဖြစ်သောကြောင့် ebook မလုပ်ဖြစ်တော့ပါ။ လုပ်ဖြစ်ပါကလည်း တစ်ချို့စာမျက်နှာများကိုသာ လုပ်ဖြစ်မည်ဖြစ်ပါသည်။ ယခုကာလသည် သိုင်းစာအုပ်ဈေးကွက် မရှိသော ကာလဖြစ်သဖြင့် ebook ပြုလုပ်ခဲ့ပါက ဈေးကွက်ပျက်သွားကာ နောင်အသစ်ထွက်ပေါ် လာလတ္တံ့သော စာအုပ်များတွင်လည်း မည်သူမျှ အရှုံးခံထုတ်ဝေဝံံ့တော့မည်မဟုတ်တော့ပါ။ သို့ဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးကြစေလိုပါသည်။
ဆရာကြီး ကွန်ဖူးစိုးမြင့် ဘာသာပြန်သော လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ၊ Self Defence In Every Emergency စာအုပ် ဝယ်ယူနိုင်ပြီ…
လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ၊ Self Defence In Every Emergency (မြန်မာပြန်)
အကြိမ် – ဒုတိယအကြိမ်
ထုတ်ဝေချိန် – ၁၉၉၀ နိုဝင်ဘာလ
တန်ဖိုး – ၁၅၀၀ ကျပ်
ရန်ကုန်မှ ဝယ်ယူလိုသူများ၊ နယ်မှ ဝယ်ယူလိုသူများ http://www.myanmaronlinesales.com/MyanmarBooks/BookDetails/18354/ တွင် မှာပါ။ နိုင်ငံရပ်ခြားရောက်နေသူများ www.myanmarbookshop.com/ တွင်မှာပါ။
အဆိုပါစာအုပ်ကို download ရယူလိုပါက https://thaingwizard.com/2013/02/27/self-defence-in-every-emergency-book/ မှာ download ရယူပါ။
ဆရာကြီး ကွန်ဖူးစိုးမြင့် ဘာသာပြန်ခဲ့သော ထိုင်း လက်ဝှေ့၊ Thai Boxing စာအုပ် ဝယ်ယူနိုင်ပြီ…
ထိုင်း လက်ဝှေ့၊ Thai Boxing (မြန်မာပြန်)
အကြိမ် – တတိယအကြိမ်
ထုတ်ဝေချိန် – ၁၉၉၅ မေလ
တန်ဖိုး – ၁၂၀၀ ကျပ်
အဆိုပါစာအုပ်ကို download ရယူလိုပါက https://thaingwizard.com/2013/02/21/thai-boxing-book/ မှာ download ရယူပါ။
အဆိုပါ website တွင် အခြားသော ဆရာကြီး ကွန်ဖူးစိုးမြင့်၏ စာအုပ်များ ကြော်ငြာထားသည်ကို တွေ့ခဲ့ရသော်လည်း ဆက်သွယ်ကြည့်သောအခါတွင် ယခုဖော်ပြပါ စာအုပ်များသာ ရနိုင်တော့သည်ဟု သိရပါကြောင်း…
အော်… မေ့လို့ ဆရာကြီးကွန်ဖူးစိုးမြင့်ရဲ့ ဂျီကွန်ဒို စာအုပ်လည်း ရသေးတယ်ဗျ။ ဈေးနှုန်းကတော့ ၁၀၀၀-ကျပ် ပါ။
ဂျီကွန်ဒို (ကွန်ဖူးစိုးမြင့်)
ဂျီကွန်ဒို (မြန်မာပြန်)
အကြိမ် – ပထမအကြိမ်
တန်ဖိုး – ၁၀၀၀ ကျပ်
ရန်ကုန်မှ ဝယ်ယူလိုသူများ၊ နယ်မှ ဝယ်ယူလိုသူများ http://www.myanmaronlinesales.com/MyanmarBooks/BookDetails/6384/ တွင် မှာပါ။ နိုင်ငံရပ်ခြားရောက်နေသူများ www.myanmarbookshop.com/ တွင်မှာပါ။
အဆိုပါ ဂျီကွန်ဒို ebook ကို download ယူမယ်ဆိုရင် https://thaingwizard.com/2013/02/28/jeet-kune-do-book/ ဒီမှာပါဗျာ…
သိုင်းပြောင်းပြန် ပညာစဉ်၊ သမားစဉ် ဂါရဝပြု အခမ်းအနား
ကမ္ဘောဇနန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် (၁၉) လမ်း နန်းရှေ့မုန်တိုင် ဓမ္မာရုံ၌ မြန်မာ့ရိုးရာ သိုင်းပြောင်းပြန် ပညာစဉ် တိမ်ကောပပျောက်သွားခြင်း မရှိစေရန်၊ လက်ဆင့်ကမ်း ထိန်းသိမ်းသည့် ပညာရှင်များ ပေါ်ပေါက်လာစေရန်၊ ပညာညီအစ်ကို အချင်းချင်း စည်းလုံး ညီညွတ်စေပြီး မြန်မာ့ရိုးရာ သိုင်းပညာရပ်များ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခူးခါချန့် ကမ္ဘောဇ နန်းတွင်းသိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနားကို ၁၃၇၅ တန်ဆောင်မုန်းလဆန်း ၁ ရက် (နိုဝင်ဘာလ-၃-ရက်၊ ၂၀၁၃) က ကျင်းပသည်။
Thaing Byaung Byan Show-Mandalay-3-Nov-2013
Thaing Byaung Byan Show-Mandalay-3-Nov-2013
မန္တလေးတိုင်း အတွင်းမှ သိုင်းပြောင်းပြန်ဆရာကြီးများနှင့် သိုင်းပြောင်းပြန်သမားများ သာမက ရန်ကုန်၊ မတ္တရာ၊ တံတားဦး၊ ပြင်ဦးလွင်နှင့် အနယ်နယ်အရပ်ရပ်မှ ဆရာကြီးများနှင့် သင်တန်းသားအဖွဲ့ဝင်များ အားလုံး တက်ရောက် ပူဇော်ခဲ့ကြပါသည်။
အခမ်းအနားတွင် သိုင်းပြောင်းပြန် ပညာစဉ် ပူဇော်ပွဲဖြစ်မြောက်ရေး နာယက ဦးသန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်သိုင်းပြောင်းပြန် ပင်မဦးစီးမှ ဆရာဦးသိန်းအေးက ခူးခါချန့် ကမ္ဘောဇနန်းတွင်း သိုင်းပြောင်းပြန် နာယက ဆရာကြီးများ၏ ပညာစဉ်နှင့် ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဆရာဦးကျော်ဆောင်းက မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြု သိုင်းပြောင်းပြန်အဖွဲ့၏ လှုပ်ရှား ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သိုင်းပြောင်းပြန် ပညာစဉ်များကို သိုင်းပြောင်းပြန် အဖွဲ့အသီးသီး၏ ဆရာများနှင့် တပည့်များက တစ်ဦးချင်း၊ အဖွဲ့လိုက် သိုင်းစွမ်းရည်များ ပြသကာ သိုင်းပြောင်းပြန် ပညာစဉ်ပူဇော်ပွဲ ဖြစ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဆရာဦးဝင်းဌေးက ကျေးဇူးတင်စကား ပြောကြားသည်။ သိုင်းပြောင်းပြန် ပညာရပ်တွင် ဗန်တိုခေါ် လက်နက်မဲ့ တိုက်ခိုက်နည်းပညာ၊ ဗန်ရှည်ခေါ် လက်နက်ဖြင့် တိုက်ခိုက်နည်းပညာများ ပါဝင်သည်။ လက်နက်ဖြင့် တိုက်ခိုက်နည်းတွင် လက်နက် အတို၊ အရှည်နှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ အသုံးချနိုင်ရန် သင်ကြားပေးသော ဘာသာရပ်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ဧည့်သည်တော်များအား ဒံပေါက်ထမင်းနှင့် ကြက်သားဟင်းဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
Continue reading