Page Layout ပြင်ထားသော စာအုပ်များနှင့် ဆောင်းပါးများ

ယခု upload တင်ထားတဲ့ စာအုပ်တွေကတော့ Thaing Wizard မှာ အရင်ထဲက တင်ထားပြီးသားတွေကို update ပြန်လုပ်ထားတာတွေပါ။ အရင်လုပ်ထားတဲ့ စာအုပ်တွေမှာ paper size ကြောင့် စာဖတ်ရ အစဉ်မပြေတာတွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒါတွေကို layout အသစ်၊ size အသစ်နဲ့ ဖတ်ရှုရအစဉ်ပြေအောင် ပြန်လည်ပြုလုပ်ထားတာပါ။

Update လုပ်ထားတဲ့စာအုပ်တွေကို အောက်မှာ download ယူနိုင်ပါပြီ။

၁။ မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)

Myanmar Traditional Tattoo

မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)

Download (File Size – 5.82 MB)


၂။ မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာ နိသျည်းများ


မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာနိသျည်းများ

Download (File Size – 3.88 MB)


၃။ လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

Secret Techniques of Bando and Banshay

လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

Download (File Size – 16.4 MB)


၄။ ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)


ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)

Download (File Size – 3.48 MB)


၅။ လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်)


လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်)

Download (File Size – 4.37 MB)


၆။ ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)


ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)

Download (File Size – 7.74 MB)


၇။ အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)


အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)

Download (File Size – 4.19 MB)


နောက်ပြီး အရင်က ဆောင်းပါးပဲ တင်ထားခဲ့ပြီး ebook မလုပ်ရသေးတာ တစ်ချို့ကိုလည်း ebook လုပ်ပြီး တင်ပေးထားပါတယ်။

၁။ သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

Bando Forbidden Martial Arts

သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

Download (File Size – 231 KB)

၂။ ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း

Some Brief Pwe Kyaung Notes

ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း

Download (File Size – 643 KB)

၃။ ဆရာကြီး ဗန်မော်သိန်းအောင်၏ လျှပ်စစ်လက်သီးထိုးနည်

Snap Fist Of Banmaw Thein Aung

ဆရာကြီးဗန်မော်သိန်းအောင်၏ လျှပ်စစ်လက်သီးထိုးနည်း

Download (File Size – 399 KB)

ရှောင်လင်ကွန်ဖူး သိုင်းငါးမျိုး စာအုပ်

ဒီတင်ခါတော့ ဆရာကြီး ဦးချစ်သန်း ရဲ့ ရှောင်လင်ကွန်ဖူး သိုင်းငါးမျိုး စာအုပ်ကို တင်ပေးလိုက်ပါတယ်။ ဒီစာအုပ်ကတော့ ကိုလူငယ် ရဲ့ ကျေးဇူးဖြစ်ပါတယ်။ ရထားတာတော့ တော်တော်ကြီး ကြာနေပါပြီ။ မတင်ဖြစ်သေးတာပါ။ ရှောင်လင်ကွန်ဖူး သိုင်းပညာမူဟန် ငါးမျိုးဖြစ်တဲ့ ကြိုးကြာသိုင်း၊ ကျားသစ်သိုင်း၊ နဂါးသိုင်း၊ ကျားသိုင်း၊ မြွေသိုင်း အစရှိသဖြင့် လေ့လာကြရမယ့် စာအုပ်ပဲ ဖြစ်ပါတယ်။

Shaolin Five Animals Kung-Fu

ရှောင်လင်ကွန်ဖူး သိုင်းငါးမျိုး (ဦးချစ်သန်း)

Download (File Size – 23 MB)

ယခုစာအုပ်သည် ရှောင်လင်ကွန်ဖူးပညာရပ်များကို ဖော်ပြပေးရုံမျှမကပါ။ ရှောင်လင်သိုင်းပညာ၏ သမိုင်းနောက်ခံများ၊ ကွန်ဖူးပညာ၏ သဘောတရားများ စသည်တို့ကိုပါ ပြည့်ပြည့်စုံစုံ ဖော်ပြပေး ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဆိုပါ စာအုပ်ကို ဒီနေရာ မှာ download ရယူနိုင်ပါပြီ။

လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

ဆရာကြီး ဦးချစ်သန်း ရေးသားခဲ့တဲ့ လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ စာအုပ် ဖြစ်ပါသည်။

Secret Techniques of Bando and Banshay

လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

မြန်မာတို့၏ ရှေးဟောင်းကာကွယ်တိုက်ခိုက်မှု စစ်ပညာ ဖြစ်ရုံသာမက ရိုးရာအားကစား ပညာလည်းဖြစ်သော ဗန်တို၊ ဗန်ရှည် အတတ်သည် တာဝန်သိသော သိုင်းပညာရှင်များ၏ လက်ဆင့်ကမ်း ထိန်းသိမ်းမှုကြောင့် ယနေ့ခေတ် နှောင်းလူများ တွေ့ရှိသိမှတ် သင်ကြားနိုင်ကြခြင်းဖြစ်ပါသည်။ ပညာကို အားပြတ်အောင် မပြုနှင့် ဟူသော ဆိုရိုးအတိုင်း ကျွန်ုပ်တို့၏ ဆရာ့ ဆရာများ၏ တာဝန်ကျေမှုများကြောင့် ဤပညာများကို ကျွန်ုပ်တို့ သင်ကြားခွင့် ရနိုင်ခြင်း ဖြစ်ပါသည်။ ပညာတစ်ခုကို ငါမှလွဲ၍ ငါ့သားသမီး၊ ငါ့တပည့်ရင်းမှလွဲ၍ မည်သူမှ မတတ်ရ၊ မသိစေရ၊ မမြင်စေရ ဟူသော အယူအဆသည် များစွာ ကျဉ်းမြောင်းလှပေသည်။ မိမိချစ်မြတ်နိုးသော ပညာရပ်တစ်ခုကို မိမိဘာသာ အားပြတ်အောင် ပြုသည်နှင့် တူပေသည်။

တစ်ချို့က ဤကဲ့သို့ စာအုပ်မျိုး ရေးသားထုတ်ဝေခြင်းကြောင့် ဆရာကြီးအား အပြစ်တင်လိုကြသည်။  အမှန်မှာ မည်သည့်ပညာမဆို မထိုက်တန်သူများ၏ လက်တွင်းသို့ အလွယ်တကူ မရောက်ရှိနိုင်ပါ။ ရောက်ရှိခဲ့လျှင်လည်း အပြည့်အစုံမဟုတ်ဘဲ အပိုင်းအစမျှသာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် လူဆိုး၊ သူခိုးတို့သည်  ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိသူများမဟုတ်သဖြင့် ခိုးဆိုးနေကြခြင်း ဖြစ်ပါသည်။ ဗန်တို၊ ဗန်ရှည်ပညာကို ငွေကြေးတစ်ခုတည်း ပေးနိုင်ရုံမျှဖြင့် တတ်မြောက်မည် မဟုတ်ပါ။ ထိုက်တန်သော အချိန်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သည်းခံမှုများနှင့် အစဉ်တစိုက် လေ့ကျင့်ပေးနိုင်မှသာ အမှန်တကယ် တတ်မြောက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ယခုစာအုပ်ကို ဆရာကြီးမှ ရဲရဲကြီး ရေးသားထုတ်ဝေပေးခဲ့ခြင်း ဖြစ်ပါသည်။

ဤစာအုပ်တွင် ဗန်တိုနည်းပေါင်း ၁၂၀၊ ဗန်ရှည်နည်းပေါင်း ၁၄-နည်း တို့ကို ရုပ်ပုံပေါင်း ၁၆၄-ပုံဖြင့် ဝေေ၀ဆာဆာ တင်ပြပေးထားသည်။ အကျယ်ဆိုရလျှင် ဤစာအုပ်တွင် ဗန်တို၊ ဗန်ရှည်ပညာ လိုက်စားသူတို့အတွက် ရန်သူနှင့် ရင်ဆိုင်ရာတွင် အမှန်အကန် အသုံးဝင်မည့် နည်းကောင်း (၁၆)နည်းကို ဖော်ပြပေးထားသည်။ ဤစာအုပ်တွင် လူ့ခန္ဓာကိုယ်တွင်ရှိသော အားနည်းသော အင်္ဂါအစိတ်အပိုင်းများ၊ အားရှိသော ခန္ဓာလက်နက်များကိုလည်း ဖော်ပြပေးထား သည်။ ထို့ပြင် ဗန်တိုပညာအနေဖြင့် ခန္ဓာလက်နက်များဖြစ်သော လက်ဝါးစောင်း၊ လက်ဖနောင့်၊ တံတောင်၊ ဒူး၊ ခြေဖနောင့်၊ ခြေဝါးစောင်း၊ ခေါင်း၊ လက်သီး၊ လက်စောင်းတို့ အသုံးပြုနည်းများကို အကျယ်ရှင်းပြထားသည်။

ဗန်ရှည်ပညာရပ်အနေဖြင့်လည်း လက်အဖြောင့်ထိုးခြင်း၊ ဓားရိုးဖြင့် တိုက်ခိုက်ခြင်း၊ မိုးခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊ ပိုင်းခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊ တွတ်ခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊  လက်နက်အကျချနည်း၊ တက်ရှောင်ပြီး လက်နက်အကျချနည်း၊ တက်ရှောင်၍ အောက်စီးမှတိုက်ခြင်း စသည်ဖြင့် အမှန်တစ်ကယ် အသုံးဝင်မည့် နည်းစနစ်များကို ဖော်ပြပေးထားသည်။

ထိုမျှမကသေး အမျိုးသမီးများအတွက် အထူးအလေးပေးကာ အမျိုးသမီးကဏ္ဍကိုလည်း ထည့်သွင်းပေးထားသေးသည်။ အမျိုးသမီးကဏ္ဍတွင် လက်ဝါးစောင်း သုံးနည်း၊ လက်ဖနောင့်ဖြင့် ခုခံနည်း၊ တံတောင်ဖြင့် တိုက်နည်း၊ ခြေဖဝါး ဖနောင့်ဖြင့် ခုခံတိုက်ခိုက်နည်း၊ လက်စောင်းဖြင့် ခုခံနည်း၊ လက်မဖြင့် ခုခံနည်း စသည်ဖြင့် စုံလင်လှသည်။

Downloadလက်တွေလေ့လာ လေ့ကျင့်လိုသူတွေအတွက်ဖြစ်ဖြစ်၊ ဗဟုသုတအနေနဲ့ ဖတ်ရှုလိုသူတွေ အတွက်ဖြစ်ဖြစ် အမှန်အကန် စိတ်ကျေနပ်မှုပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီမှာ ကူးယူရရှိနိုင်ပါပြီ။

တိုင်းရင်းမေ ဗန်တို (မနီနီ ရေးသားပြုစုပြီး သိုင်းဦးချစ်သန်း တည်းဖြတ်သည်)

ဆရာမ မနီနီရေးသားပြီး ဆရာကြီး ဦးချစ်သန်း ကိုယ်တိုင် ပြန်လည်တည်းဖြတ် ထုတ်ဝေခဲ့တဲ့ တိုင်းရင်းမေ ဗန်တို စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာ ဗန်တိုနည်းပေါင်း-၁၀၀ ကို ရုပ်ပုံ ၁၆၆-ပုံ နဲ့ ဝေဝေဆာဆာ ဖော်ပြပေးထားပါတယ်။


တိုင်းရင်းမေ ဗန်တို (မနီနီ ရေးသားပြုစုပြီး သိုင်းဦးချစ်သန်း တည်းဖြတ်သည်)

လူတို့သည် ခေါင်းငုံ့နေသူကို အနိုင်ကျင့်တတ်၏။ မခံချင်သူကိုမှ လေးစားစိတ် ရှိကြသည်။ (ပီမိုးနင်း)

တိုင်းရင်မေ ဗန်တို စာအုပ်ပါ နည်စနစ်များသည် တိုင်ရင်းမေဂျာနယ်တွင် ဆရာမ မနီနီ ရေးသားခဲ့သည့် ဗန်တိုနည်းစနစ်များကို စုစည်းထားခြင်းဖြစ်သည်။ အနယ်နယ် အရပ်ရပ်မှ  သိုင်းဗန်တိုပညာကို ဆရာများနှင့် ကိုယ်တိုင်ကိုယ်ကျ ဆည်းပူးရန် ခက်ခဲနေသူများအတွက် အဓိကဦးတည် ရေးသားထားခြင်း ဖြစ်သည်။

မည်သို့ပင် ဖြစ်စေကာမူ တတ်ပြီးသူ သိုင်းသမားများအတွက် လှန်လှောစရာ၊ ကိုးကားစရာ အထောက်အကူဖြစ်ပြီး မတတ်သေးသူများအတွက် အားကိုးအားထားပြုနိုင်မည့် စာအုပ်ဖြစ်သည်။ တိုင်းရင်းမေ ဗန်တို စာအုပ်သည် အမျိုးသမီးများအတွက် လူဆိုး၊ လူယုတ်မာ၊ လူမသမာတို့၏ ဘေးမှ အကာအကွယ် အစောင့်အရှောက်ပေးမည့် မိတ်ဆွေကောင်း၊ အဖော်မွန် ဖြစ်သည်

အမှန်စင်စစ် ဤစာအုပ်သည် တိုင်ရင်းမေ ဗန်တို ဟု အမည်ပေးထားသော်လည်း အမျိုးသမီးများအတွက်ဟု ရည်မှန်းပြီး အမျိုးသမီးများသာ အသုံးပြုနိုင်မည့် နည်းများအနေဖြင့် ရေးသားထုတ်ဝေခဲ့ခြင်း မဟုတ်ပါ။ သူတစ်ပါး၏ လက်ရောက်စော်ကားမှုများကို မခံလိုသူ အမျိုးသား၊ အမျိုးသမီး၊ ကြီးကြီး၊ ငယ်ငယ်၊ ရွယ်ရွယ်၊ လတ်လတ်၊ ကလေး သူငယ် ပါမကျန် ပြုလုပ်နိုင်သောနည်းများကို ဗန်တိုပညာမှ စိစစ်ဖော်ပြပေးထားခြင်း ဖြစ်သည်။

အားနွဲ့သော အမျိုးသမီးများပင် ထိရောက်စွာ အသုံးပြုနိုင်သော နည်းများဖြစ်၍ အားကြီးသန်စွမ်းသော အမျိုးသားများ အသုံးပြုပါက ပိုမိုထိရောက် အသုံးဝင်မည်ကို လက်တွေ့ပြုလုပ်ကြည့်မှ ပိုမိုသဘောပေါက်လာမည် ဖြစ်သည်။

ဗန်တိုပညာသည် စနစ်တကျ တတ်မြောက်သော ဆရာများနှင့် သင်ကြားရပါက အတတ်မြန်သော ပညာဖြစ်သကဲ့သို့ အလေ့အကျင့် မရှိပါက အလွယ်တကူပင် မေ့လွယ်၊ ပျောက်လွယ်သော ပညာလည်းဖြစ်သည်။ ထို့ကြောင့် ဤစာအုပ်ပါ နည်းစနစ်များကို တတ်မြောက်ရုံမျှဖြင့် တင်းတိမ်နေပဲ အမြဲမပြတ် လေ့ကျင့်နေသင့်သည်။

တိုင်းရင်းမေ ဗန်တို စာအုပ်ပါ နည်းများသည် လက်ရောက် စော်ကားမှုများကို ခုခံကာကွယ်သော နည်းများဖြစ်သည်။ တိုင်းရင်းမေ ဗန်တို စာအုပ်ကို ကြေညက်ထားပါက ဗန်တိုပညာကို ဆက်လက် လေ့လာရာတွင် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ စာကိုဖတ်၊ ပုံကိုကြည့်ရုံမျှဖြင့် မလုံလောက်ဘဲ ဇွဲရှိရှိဖြင့် ကြိုးစားလေ့ကျင့်နိုင်ပါက အရေးကြုံလျှင် အမှန်တစ်ကယ်ပင် သက်လုံကောင်းနိုင်မည်ဖြစ်သည်။

ဤစာအုပ်တွင် ထီးနှင့် ကာကွယ်နည်းများ၊ လက်နက်မဲ့ ကာကွယ်နည်းများ၊ လက်မနှင့် ထိုးရန်နည်းများ၊ ပါးကို ရန်ပြုလာသည်ကို ကာကွယ်နည်းများ၊ ခြေထောက်ဖြင့် ခုခံတိုက်ခိုက်နည်းများ၊ တံတောင်သုံးနည်းများ၊ အလွယ်ဆုံး ဗန်တို ခုခံနည်းများ၊ ဆံပင်ဆွဲခြင်းကို ရုန်းထွက်နည်းများ၊ လက်ပင်းညစ်ခြင်းကို ခုခံနည်းများ၊  လက်ဖမ်း လက်ချုပ် ဖြုတ်နည်းများ စသည်ဖြင့် အားကိုးဖွယ်ရာ သိုင်းဗန်တိုနည်းလမ်း အသွယ်သွယ် ပါရှိပါသည်။

၀န်ခံရန်ရှိသည်မှာ တိုင်းရင်းမေ ဗန်တို စာအုပ်သည် Thaing Wizard မှ scan ဖတ်၍ ပြုလုပ်ထားသော စာအုပ်မဟုတ်ပါ။ ရှားရှားပါးပါး အင်တာနက်တွင် ရှာဖွေတွေ့ရှိဖူးသော တစ်အုပ်တည်းသော မြန်မာလိုသိုင်းပညာရပ်ဆိုင်ရာစာအုပ် ဖြစ်သည်။ Myanmar Family Forum (မြန်မာမိသားစုဖိုရမ်) မှ download ရယူခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်တွင် အချို့သောနေရာများ၌ စာရွက်အလွတ်များကို တွေ့ရမည်။ သို့သော် စာမျက်နှာ ကျော်သွားခြင်းမဟုတ်။ အားလုံးအပြည့် အစုံပါပါသည်။ အချို့သောနေရာများ၌ စာမျက်နှာလွဲနေသကဲ့သို့ တွေ့ရမည်။ သို့သော် စာမျက်နှာ လွဲခြင်းမဟုတ်။ စာအုပ်ဟောင်းနေသောကြောင့် မထင်ရှားခြင်းသာ ဖြစ်သည်။ ဤစာအုပ်သည် File size အတန်ငယ် ကြီးသည်မှအပ quality လည်း ကောင်းပါသည်။

Download

တိုင်းရင်းမေ ဗန်တို စာအုပ်ကို ဒီနေရာ မှာ ကူးယူလို့ရပါပြီဗျာ…