၁။ အရပ်ရှည်ထွက် မြင့်တက်ဖို့ (မင်းစံအိမ်)
Download (File Size – 23 MB)
၂။ အရပ်ရှည်ထွက် ဖြောင့်မတ်တက်ဖို့ (မင်းစံအိမ်)
Download (File Size – 35 MB)
၃။ ၁၄-ရက်အတွင်း အရပ်ရှည်နည်း (ထိပ်တင်ထွဋ်)
Download (File Size – 4.19 MB)
၄။ အရပ်မြင့်မားစေဖို့ ယောဂကျင့်စဉ် (ဝဇီရ)
Download (File Size – 226 KB)
၅။ အရပ်ရှည်လိုသူ လူငယ်များအတွက် လမ်းညွှန်ပေးပါရစေ (မောင်မိုးဆောင်း-ဒိုက်ဦး)
Download (File Size – 216 KB)
hey thanks for this wonderful publish. Will be sharing your web site quickly..thanks
grow taller 4idiots နိုင်ငံခြားWebsideကတောင်အလေးထားတာဂုဏ်ယူဖို့ကောင်းပါတယ်အကို…ကျတော်အခု5’5”ရောက်နေပါပြီ…ဒါပေမယ့်အရပ်ထပ်မထွက်တော့ဘူးဖြစ်နေပါတယ်…ကျတော်ထပ်ရှည်လာနိုင်ပါ့မလား…ကျတော်ဆေးလိပ်နည်းနည်းတော့သောက်ပါတယ်…အကြံပေးပါဦး…ပြီးတော့ပေါင်အပြင်ဘက်သားကြီးချင်ရင်ဘယ်လိုကစားသင့်ပါသလဲ…အလေးမတာနဲ့အရပ်ရှည်နည်းတွဲကျင့်ရင်အဆင်ပြေနိုင်ပါသလား…ကျေးဇူးအများကြီးတင်ပါတယ်…
ဟုတ်။ ယောကျ်ားလေးများဟာ အသက် ၂၅-နှစ်လောက်အထိ အရပ်ရှည်နိုင်ပါသေးတယ်။ ဒါက တစ်ကိုယ်လုံးမှာရှိတဲ့ အရိုးအဆစ်ကို ပြောတာပါ။ အသက် ၂၅-နှစ်ကျော်သွားသူ လူကြီးပိုင်းများမှာကျ ခြေထောက်ကဲ့သို့ နေရာတွေ ထပ်ရှည်မလာတော့ပေမယ့် ကျောရိုးဆစ်တွေကို ရှည်လာအောင် လုပ်လို့ရပါသေးတယ်။ အရပ်ရှည်လေ့ကျင့်ခန်းများနှင့် ကာယဗလလေ့ကျင့်ခန်းများ ပြုလုပ်သူများဟာ ဆေးလိပ်၊ အရက်နှင့် အမြန်စာ (Junk Food) များကို မစားသင့်ပါဘူး။ မရှောင်နိုင်ရင်တောင် လျှော့စား၊ လျှော့သောက် ရပါမယ်။
နောက်တစ်ခုက အလေးမသူများ အရပ်ရှည်နိုင်ပါတယ်။ သို့သော် နည်းပြကောင်းနဲ့ တွေ့ဖို့လိုပါတယ်။ ကစားနည်းစနစ်ကျဖို့ လိုပါတယ်။ နောက်တစ်ချက်က အရပ်ရှည်နိုင်တယ်ဆိုရာမှာ မွေးရာပါ မျိုးရိုဗီဇရှိသလောက်ထိ ရှည်နိုင်တာကို ပြောတာပါ။ အလေးမလို့ အရပ်ပိုရှည်နိုင်တာမှန်ပေမယ့် မျိုးရိုးဗီဇရှိတာထက် ပိုရှည်ချင်ရင် အရပ်ရှည်လေ့ကျင့်ခန်း သီးသန့်လုပ်ပေးဖို့လိုပါတယ်။ အရပ်ရှည်လေ့ကျင့်ခန်းနဲ့ အလေးမတာနဲ့ကို တွဲမလုပ်စေချင်ပါဘူး။ အလေးမတာက အရိုးကို သိပ်သည်းစေပါတယ်။ သို့သော် မျိုးရိုးဗီဇထက် ကျော်လွန်မြင့်မားလိုသူများအတွက်ကတော့ နှစ်ခုတွဲလုပ်ရင် သိပ်အဆင်မပြေနိုင်ပါ။
ပေါင်ကြွက်သားတက်ဖို့ကတော့ အောက်မှာ အကြံပြုထားတဲ့လေ့ကျင့်ခန်း လေးမျိုးကို တစ်ပတ်ကို တစ်ရက်ကစားပေးပါ။ http://thaingwizard.wordpress.com/2013/10/15/mini-home-workout/ မှာ ဖော်ပြခဲ့တဲ့ ကစားနည်းနဲ့ တွဲစပ်ပြီး ကစားကြည့်ပါ။ နှစ်လလောက် ကစာကြည့်ရင် သိသိသာသာ တိုးတက်လာပါလိမ့်မယ်။
1. Side Lunges – ဘေးတိုက်ထိုင်ထ (ပေါင်၊ တင်ပါး)
2. Bulgarian Split Squats – ခြေတစ်ဖက်ခုံပေါ်တင် ခြေတစ်ဖောင်ရိုးထိုင်ထ (ပေါင်၊ တင်ပါး)
3. Squats – ရိုးရိုးထိုင်ထ (ပေါင်၊ တင်ပါး၊ ကျောအောက်ပိုင်း)
ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်ထက်ပိုခွဲထားပြီး၊ ခြေဖျားများကို အတွင်းဖက်သို့ လှည့်ထားပြီး ကစားပါက ပေါင်ပြင်သားကို ထိစေမည်ဖြစ်သည်။ ခြေနှစ်ချောင်းကို နီးကပ်စွာဖြင့်ထားခြင်း၊ ခြေဖျားများကို အပြင်ဘက်သို့ လှည့်ထားခြင်းက ပေါင်တွင်းသားကို ထိစေမည်ဖြစ်သည်။ ပုံမှန်အတိုင်း ပုခုံးအကျယ်တိုင်းခွဲ ကစားပါက ပေါင်းတွင်းသားရော၊ ပေါင်ပြင်သားပါ ညီမျှစွာထိမည်ဖြစ်သည်။
4. Calf Raises – ခြေသလုံးကြွ (ခြေသလုံး)
ဒါက ဖော်ပြပါ ကစားနည်း လေးမျိုးအတွက် သရုပ်ပြပုံပါ။
ခြေထောက်ကောင်းကောင်းရှည်လာအောင်နဲ့ဂုတ်တိုတာပျောက်စေတဲ့လေ့ကျင့်ခန်းလေးပေးပါဦးအကို
ခြေထောက်ရှည်လာစေဖို့ကတော့ http://thaingwizard.wordpress.com/grow-taller-exercises-book-in-english/ မှာ အင်္ဂလိပ်လို အရပ်ရှည်နည်း စာအုပ်တွေ တင်ထားတာရှိပါတယ်။
ဂုတ်သားတက်ဖို့က http://thaingwizard.wordpress.com/2013/10/15/mini-home-workout/ မှာ တင်ထားတဲ့ အထဲက နံပါတ်-၂ လေ့ကျင့်ခန်း (Military Press) ကို လုပ်ပါ။ ဆုံဂုတ်သား၊ လက်မောင်းနောက်သားနဲ့ ပခုံးသားတွေအတွက် သိပ်ကောင်းတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။
ခြေထောက်ရှည်ဖို့ကိုမြန်မာလိုဘာသာပြန်တာမရှိ့ဘူးလားအကို
ခြေသလုံးပေါင်တံ ရှည်တဲ့လေ့ကျင့်ခန်းလေး တင်ပေးပါဦး ခင်ဗျ
ကျွန်တော် ခြေသလုံးအရမ်းသေးပါတယ် အသက်လည်း 25 နှစ်ရှိပါပြီး အရပ်က 5’10” ရှည်ပါတယ် ခြေသလုံးတွေသေးလွန်းလို့ ဘောလုံးတောင်မကန်ရဲ ဘောင်းဘီတိုမ၀တ်ရဲဖြစ်ရပါတယ်
ခုအချိန်မှ လေ့ကျင့်ခန်းလုပ်ရင် အကျိုးရှိပါအုံးမလားခင်ဗျာ ဘယ်လိုလေ့ကျင့်ခန်းများလုပ်ရမလဲဗျ
ကျေးဇူးပြုပြီး ဖြေပေးပါဗျာ။
ခြေသလုံးကြွတဲ့ လေ့ကျင့်ခန်းကို ကစားပေးပါ။ ဒီမှာ http://thaingwizard.wordpress.com/2013/10/15/mini-home-workout/ တင်ထားတဲ့ စာအုပ်မှာ ပါပါတယ်။ Calf Raise ကို ပြောတာပါ။ အဲ့ဒီမှာ တင်ထားတဲ့ အောက်ပိုင်းလေ့ကျင့်ခန်း သုံးမျိုးစလုံး (Squats, Lunges & Calf Raises) ကို ကစားနိုင်ရင် ပိုကောင်းပါတယ်။
ဟုတ်ကဲ့ ဒီလိုအရပ်ရှည်ဖို့ လေ့ကျင့်မှုတေ ပြုလုပ်နေတဲ့အတောအတွင်းမှာပေါ့လေ
ကျနော်တို့လူငယ်သဘာဝ အာသာဖြေခြင်းကြောင့် ထွက်သွားတဲ့ သုတ်တွေဟာ အရပ်ရှည်ထွက်ခြင်းကို အဟန့်အတားဖြစ်စေပါသလား သိချင်ပါတယ် လေ့ကျင့်နေစဉ်အတွင်းမှာ အာသာဖြေခြင်းကိုရှောင်ကျဉ်သင့်ပါသလား
အလွန်အကျွံမဟုတ်ရင် ကိစ္စမရှိပါဘူး။ ရပါတယ်။
ကျွန်တော့်အသက် ၂၅ နှစ်ရှိပါပြီ။ ပေါင်တံရှည်လိုပါသေးတယ်။၃လက်မလောက်ရှည်ချင်ပါသေးတယ် ထိရောက်တဲ့လေ့ကျင့်ခန်း လေးများကို လမ်းညွှန်ပေးပါဗျာ။အရပ်ရှည် ပေါင်တံ ရှည်တဲ့သူမြင်တိုင်းအရူးအမူးအားကျမိပါတယ် ။ကျေးဇူးပြု၍လမ်းညွှန်ပေးပါဗျာ။။
ခြေထောက် မခွင်အောင်ဘယ်လိုလုပ်ရမလဲ
အကိုကျွန်တော်အရပ်ရှည်နိုင်သေးလားအခုကွန်တော်အသက် 16 နှစ်ရှိပါ အခု ငါးပေ တစ်ဆယ်လောက် ရှိပါတယ်
ကွန်တော်ကအနည်းဆုံးခြောက်ပေတစ်လက်မလောက်ရှည်ချင်တယ်ရှည်နိုင်မလား
grow taller4 idiots က ပြည်တွင်းဘယ်နေရာမှာရနိုင်ပါလဲ
၁၄ရက် အရပ်ရှည် နည်းပြထာတဲ့လေ့ကျင့်ခန်အားလုံလုပ်ရမလာအစ်ကို
အကို ည ဘယ်အချိန်လောက်အိပ်သင့်လဲ ၉နာ၇ီ၁၀နာ၇ီလား? ကျွန်တော်ကည၁နာ၇ီ၂နာ၇ီလောက်မှအိပ်ပါတယ် အိပ်ချိန်၈နာ၇ီလောက်အိပ်မှဝပါတယ်..အိပ်ေ၇းမ၀တာတော့မဖြစ်ပါဘူး ၀ ၀ အိပ်ပါတယ်…ညအဲ့အချိန်လောက်မှအိပ်၇င် အ၇ပ်ရှည်တာကိုထိခိုက်နိုင်ပါသလား ခင်ဗျာ?
ည၁၀နာရီကနေမနက်၎နာရီအချိန်ကကြီးထွားဟော်မုန်းစိမ့်ထွက်တဲ့အချိန်ပါ။၁၀နာရီ အိပ်တာအကျိုးပိုရှိပါတယ် တစ်နေ့ ၈နာရီလောက်အိပ်ပေးပါ အိပ်ချိန်၈နာရီ ထက်များရင်လည်းမကောင်းပြန်ပါဘူး။
#ဖတ်ဖူးသမျှ
ည၁၀နာရီကနေမနက်၎နာရီအချိန်ကကြီးထွားဟော်မုန်းစိမ့်ထွက်တဲ့အချိန်ပါ။၁၀နာရီ အိပ်တာအကျိုးပိုရှိပါတယ် တစ်နေ့ ၈နာရီလောက်အိပ်ပေးပါ အိပ်ချိန်၈နာရီ ထက်များရင်လည်းမကောင်းပြန်ပါဘူး။
#ဖတ်ဖူးသမျှ
hello. Sayar I´m very short amomg my friends.
Please give me some advice to me.Now I´m the age of 18. With thanks.
GYM နဲ့အရပ်ရှည်လေ့ကျင့်ခန်းတွဲဆော့ရင်အဆင်ပြေနိုင်လား ?
မနက်ပိုင်းကို အရပ်ရှည်လေ့ကျင့်ခန်းဆော့ပါတယ်
ညနေပိုင်းကတော့ GYM ဆော့ပါတယ်
အဆင်ပြေနိုင်လားမသိဘူး …
ညီက ခု ငါးပေ နှစ်လက်မ ပဲရှိတယ် အသက်က ဆယ့်ရှစ်နှစ်ရှိပြီ
အရပ်ရှည်ချင်လို့ လေ့ကျင့်ခန်းလေး လမ်းညွန်ပေးအုန်း
ညီမကအခု၁၅နှစ်ရှိပါပြီ ၁၃နှစ်ကတည်းကအရပ်မထွက်တော့တာပါ အရပ်ပြန်ရှည်လာအောင်ဘယ်လိုလုပ်ရမလဲ အမေက၅ပေ၅ အဖေက ၅ပေ၈ပါ