Bodybuilding Book in Myanmar

၁။ မြန်မာ့ဗလခရီး နှင့် ကာယဗလဖခင် (ကျော်မြင့်လွင်)
I will upload it later.

၂။ မြန်မာ့ လူသန် ဇော်ဝိတ်ကြီး (ကျော်မြင့်လွင်)
I will upload it later.

၃။ အာနိုး သို့မဟုတ် ကိုးတောင်ကျား (နေမျိုးထွန်း)
I will upload it later.

၄။ အခြေခံ ကာယဗလ လေ့ကျင့်ရေးလမ်းညွှန် (ကျောက်ဘီလူး တင်မောင်ဆွေ)
I won’t upload it becouse you can buy this book @ any book shop from now on.

၅။ လှချင်သူများအတွက် Mini Home Workout (Thaing Wizard)
Download (File Size – 401 KB)

၆။ Myanmar Fitness Game (Fitness ကစားတဲ့ဂိမ်း)
Download Ebook (File Size – 3.3 MB)
Watch Demonstration Video here http://youtu.be/bVJ5IzA-dPI

၇။ အမျိုးသား အမျိုးသမီးတိုင်းအတွက် ဖရင့်မိုင်းလ်၏ ကိရိယာလွတ် ကိုယ်အလှ ၆-လ လေ့ကျင့်စဉ် နှင့် အာလ်၊ အီး၊ လိုင်ဒါမင်း ၏ ကိရိယာလွတ် ၂-လ လေ့ကျင့်စဉ် (ထိပ်တင်ထွဋ်)
Download (File Size – 3.07 MB)

၈။ ကိုယ်ကာယ အလှ (စိန်စိန်မြင့်)
I will upload it later.

၉။ကာယဗလ ဝေါဟာရများ (ဒေါက်တာနိုင်ဝေဝင်း၏ ကာယဗလချန်ပီယံများစာအုပ်မှ)
Download (File Size – 2.54 MB)

၁၀။ ကာယဗလစတင် လေ့ကျင့်တော့မည်ဆိုလျင် (နိုင်ဦး—119)
Download (File Size – 2.79 MB)

၁၁။ လူသစ်များ အတွက် အကြံပြုချက်များ (နိုင်ဦး—119)
Download (File Size – 356 KB)

၁၂။မြန်မာ့ကာယဗလလက်စွဲကျမ်းငယ် (နိုင်ဦး—119)
Download (File Size – 681 KB)

၁၃။ Myanmar Insane Training Theory (နိုင်ဦး—119)
Download (File Size – 1.91 MB)

၁၄။ သုံးဖက်မြင် ကာယဗလ လေ့ကျင့်ခန်းများ (နိုင်ဦး—119)
Download (File Size – 1.22 MB)

၁၅။ အကောင်းဆုံးသော ကာယဗလသီအိုရီများ (နိုင်ဦး—119)
Download (File Size – 9.29 MB)

၁၆။ ကာယဗလ လေ့ကျင့်ခန်းများ သရုပ်ပြ ရှင်းလင်း တင်ပြချက်များ (နိုင်ဦး—119)
Pictorial Description Of The Art Of Bodybuilding 1 – Download (File Size – 1.25 MB)
Pictorial Description Of The Art Of Bodybuilding 2 – Download (File Size – 1.85 MB)
Pictorial Description Of The Art Of Bodybuilding 3 – Download (File Size – 2.22 MB)

၁၇။ သိပ္ပံနည်းကျအဆီချနည်းများ (နိုင်ဦး—119)
Download (File Size – 3.35 MB)

၁၈။ ကမ္ဘာ့ရင်အုပ် အကောင်းဆုံး ကာယဗလမောင်-10-ယောက် (နိုင်ဦး—119)
Download (File Size – 625 KB)

၁၉။ အကောင်းဆုံးသော အာဟာရ လမ်းညွှန်ချက်များ (နိုင်ဦး—119)
Download (File Size – 562 KB)

၂၀။ ထုထည်နှင့် ပါဝါအတွက် အကောင်းဆုံး အချက်-7-ချက် (နိုင်ဦး—119)
Download (File Size – 370 KB)

၂၁။ Supplement အကြောင်း (ဒေါက်တာနိုင်ဝေဝင်း)
Download (File Size – 2.80 MB)

၂၂။ ဖလက်ဝှီးလား၏ ကာယဗလဒဿန အပိုင်း-၂ (အောင်အောင်)
Download (File Size – 243 KB)

၂၃။ ဆန်၊ ဂျုံ၊ ပြောင်း ပစ္စည်းများ အလေးချိန် ၁၀၀ ဂရမ်တွင် ပါဝင်သော ကယ်လိုရီတန်ဖိုးများ (ကျောက်ဘီလူးတင်မောင်ဆွေ၏ အခြေခံ ကာယဗလ လေ့ကျင့်ရေးလမ်းညွှန်စာအုပ်မှ)
Download (File Size – 1.75 MB)

၂၄။ သေမင်းတမန် ဆေးဝါးအန္တရာယ် (အောင်အောင်)
Download (File Size – 659 KB)

70 thoughts on “Bodybuilding Book in Myanmar

    • ဟုတ် အရပ်ရှည်နည်းအတွက်ဆိုရင် ကျွန်တော့်မှာ ဆရာမင်းစံအိမ်တို့ ဆရာထိပ်တင်ထွတ်တို့ရဲ့ ဘာသာပြန် စာအုပ်တွေ ရှိပါတယ်။ အင်္ဂလိပ်လို စာအုပ်တစ်ချို့လည်း ရှိပါတယ်။ ဒီ website နဲ့ မဆိုင်လို့ တင်မပေးခဲ့တာပါ။ ဒါပေမယ့် အစ်ကို လိုချင်တယ်ဆိုရင်တော့ email ကနေ ပို့ပေးပါ့မယ်။ နည်းနည်းတော့ စောင့်ဗျာ။ မကြာမီ လာမည် မျှော်…. 😀

  1. ကျေးဇူးတင်ပါတယ်….အမှန်အကန်စောင့်နေပါမယ်….အပန်းမကြီးရင်မြန်မြန်ဖတ်ချင်ပါတယ်…thank you ပါ

    • အင်္ဂလိပ်လို အရပ်ရှည်နည်းနဲ့ပတ်သတ်တဲ့ ebook တစ်ချို့ ကျွန်တော်ဆီမှာ ရှိပါတယ်။ အဲ့ဒါတွေနဲ့ ဆရာထိပ်တင်ထွဋ်ရဲ့ “၁၄ရက်အတွင်း အရပ်ရှည်နည်း” စာအုပ်ကိုတော့ ဒီတစ်ပတ်အတွင်း တင်ပေးပါ့မယ်။ ဆရာမင်းစံအိမ်ရဲ့ စာအုပ် ၂ အုပ်ကိုတော့ ကျွန်တော် တင်မပေးဖြစ်တော့ဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်မှာ ၀ယ်လို့ရနိုင်တဲ့ စာအုပ်မို့ပါ။ သူများစီးပွားရေးကို ဖျက်ဆီးသလို ဖြစ်မှာစိုးပါတယ်။ နောက်ပြီး ဆရာမင်းစံအိမ်ရဲ့ “အရပ်ရှည်ထွက်မြင့်တက်ဖို့” ဆိုတဲ့စာအုပ်ကို မနေ့ကပဲ စာပေဗိမာန်စာအုပ်ဆိုင်မှာ တွေ့ခဲ့ပါသေးတယ်။ ၁၅၀၀ ပဲ ရှိပါတယ်။ နောက်ပြီး “အရပ်ရှည်ထွက်ဖြောင့်မတ်တက်ဖို့” ဆိုတဲ့စာအုပ်လည်း ရှိပါသေးတယ်။ အဲ့ဒါက လေ့ကျင့်နည်း DVD ခွေပါ ပါပါတယ်။ စာအုပ်ဆိုင်တွေမှာတော့ မတွေ့တော့ပါဘူး။ ဒါပေမယ့် လိုချင်ရင် စာအုပ်ဆိုင်ကို မေးကြည့်ပါ။ စာအုပ်တိုက်ကနေ မှာပေးမယ်ထင်ပါတယ်။ လက်ကျန်ရှိနေသေးရင် ရနိုင်ပါတယ်။ အဲ့ဒါကတော့ ၂၅၀၀ ၀န်းကျင်လောက်ဖြစ်မယ်ထင်ပါတယ်။ ရမရတော့ မသေချာပါ။ ကျွန်တော်စာအုပ်တွေ တင်ပြီးရင် email ပို့ပေးလိုက်ပါ့မယ်။

  2. အလေးမတာ အရပ်ကိုရှည်စေနိုင်ပါသလားအကို…ကျတော်ကအောက်ပိုင်းတွေကိုပိုပြီးထိရောက်စေတဲ့training program မျိုးလိုချင်ပါတယ်…အောက်ပိုင်းသေးလို့ပါ…စဉ်းစားပေးပြီး mailပို့ပေးစေလိုပါတယ် ခင်ဗျာ

    • ကျွန်တော် လေ့လာဖူးသလောက် ပြောပေးပါ့မယ်။ ကိုယ်တိုင်သုတေသနပြုထားတာ မဟုတ်လေတော့ လိုအပ်ချက်တော့ ရှိနေမှာပါ။

      အလေးမတာဟာ အရပ်ရှည်စေဖို့ တိုက်ရိုက် အထောက်အကူမပြုနိုင်ပါ။ သို့သော် အရိုးရဲ့ သိပ်သည်းမှုနဲ့ ကြံ့ခိုင်မှုအတွက်တော့ အထောက်အကူရပါတယ်။ တစ်ခုရှိတာက လေ့ကျင့်မှုနည်းစနစ်မကျရင်တော့ အလွန်အန္တရာယ်များပါတယ်။ စနစ်တကျ လမ်းညွှန်နိုင်တဲ့ professional ကျကျ ပြသနိုင်မယ့် နည်းပြကောင်းနဲ့ပဲ လေ့ကျင့်သင့်ပါတယ်။

      အလေးမတာက ကြွက်သားတွေ ကြီးထွားစေဖို့ သေချာပေမယ့် အရပ်ရှည်ဖို့တော့ မသေချာပါ။ အစ်ကို့အနေနဲ့ အရပ်ရှည်ဖို့ရော အောက်ပိုင်းကြီးထွားဖို့ရော တစ်ပြိုင်နက် မကြိုးစားသင့်ဘူးလို့မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရပ်ရှည်စေတဲ့ လေ့ကျင့်ခန်းတွေ ကို ခြောက်လလောက် အရင်စမ်းပြီး လုပ်ကြည့်ပြီးမှ အလေးမဖို့ တိုက်တွန်းပါတယ်။ နောက်ပြီး အရိုးက ကြွက်သားထက် တည်ဆောက်ဖို့ ခက်တာကို မမေ့သင့်ပါဘူး။

      တစ်ခုတော့ရှိတယ်။ ကြိုးခုန်တာက အရပ်ရှည်ဖို့ရော အောက်ပိုင်းသန်မာဖို့ရော နှစ်ခုစလုံးကို အထောက်အကူပြုပါလိမ့်မယ်။ အဆင်ပြေရင် တခြားလေ့ကျင့်ခန်းတွေနဲ့ တွဲလုပ်ကြည့်ပါ။ အလွန်အကျွံတော့ မလုပ်ပါနဲ့။ များလွန်းရင်လည်း အကျိုးရှိမှာ မဟုတ်ပါ။

      နောက်ပြီး အအိပ်၊ အစား ကိုလည်း ဂရုစိုက်စေချင်ပါတယ်။ နေ့စဉ် ၈ နာရီ ပြည့်အောင် အိပ်ပေးပါ။ မလတ်ဆတ်တဲ့အစားတွေ၊ အမြန်စာတွေ၊ လမ်းဘေးစာတွေ မစားပါနဲ့။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သား၊ ငါး တွေကို များများစားပါ။ အစာကို ကြေညက်အောင် ၀ါးပါ။ ၀မ်းမှန်ပါစေ။ အရက်၊ ဆေးလိပ် စတာတွေကို ဖြစ်နိုင်ရင် ရှောင်ပါ။ ခြောက်လလောက် သည်းခံနိုင်ရင် ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။

  3. အခုလိုဂရုတစိုက်အကြံပြုပေးတာကျေးဇူးအများကြီးတင်ပါတယ်…ကျတော်ကြိုးစားကြည့်ပါ့မယ်…အောက်ပိုင်းသန်မာစေတဲ့ဒူးဆန့်ခြေကန်လေ့ကျင့်ခန်းနဲ့ခြေသလုံးတစ်ဖက်ခြင်းထောက်ကြွပဲလုပ်ရင်ရောထိရောက်မှုရှိနိုင်ပါသလားအကို

    • အစ်ကိုက gym မှာ ကစားတာထင်တယ်။ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို နည်းပြနဲ့ တိုင်ပင်ပြီး လုပ်တာကောင်းပါတယ်။ ကျွန်တော်က လူမမြင်ရဘဲ ရမ်းသမ်းပြောနေရတော့ သိပ်မသေချာဘူးဗျ။ ဘယ်လေ့ကျင့်ခန်းကစားတယ်ဆိုတာထက် ဘယ်နှစ်ကြိမ်ကစားသလဲ၊ ဘယ်နှစ်ကြော့ကစားသလဲ၊ ဘယ်လိုသီအိုရီနဲ့ ကစားသလဲဆိုတာတွေကလဲ အရေးကြီးတာမို့ပါ။ နောက်ပြီး လေ့ကျင့်နည်းပရိုဂရမ်တွေက ကစားသူရဲ့ ကိုယ်ခန္ဓာအချိုးအစားတို့၊ ကြွက်သားတက်နှုန်းတို့ပေါ်မူတည်ပြီး ရေးဆွဲကြရတာမို့ပါ။ အစ်ကိုစိတ်ဝင်စားရင် http://myanmarfitness.com/ နဲ့ http://muscleprofessor.blogspot.com/ တို့မှာ လေ့လာကြည့်ပါ။

  4. အပြင်မှာသိုင်းစာအုပ်တွေကျန် သေးတာဘယ်မှာဝယ်လို့ရတယ်မသိဘူးခင် ဗျ
    စာအုပ်တွေဒေါင်းထားလိုက်ပါတယ် ကျေးဇူးပါ

    • သိုင်းစာအုပ်က ရှားပါးစာအုပ်စာရင်းဝင်နေပြီဗျ။ စာအုပ်အဟောင်းရောင်းတဲ့ ဆိုင်တွေမှာပဲရမယ်။ ရန်ကုန်မှာဆိုရင် ပန်းဆိုးတန်းတစ်ဝိုက်မှာ စာအုပ်အဟောင်းဆိုင်တွေ ပေါပါတယ်။ တစ်ခြားမှာဆိုရင်တော့ မပြောတတ်ဘူးဗျ။

  5. ကျွန်တော်ကပိန်ပါတယ် အောက်ပိုင်းလဲသေးသလို ရင်ပခုံးဆုံကလဲကျဉ်းပါတယ်။
    အရပ်က ၅ပေ ၆လက်မ အလေးချိန် ၁၂၀ပေါင်နီးပါးခန့်၊ တီကောင်မတ်တပ်ပေါ့။
    ပခုံးဆုံသားတွေနဲ့ ခြေသလုံးတွေ ထွက်လာအောင် ဘယ်လိုလုပ်ရမလဲ ခင်မျာ ။
    ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအကို။

    • ဟုတ်တယ်ဗျ။ ထိပ်တင်ထွဋ်ရဲ့ ကိရိယာလွတ်ကစားနည်း တစ်အုပ်ပဲရလိမ့်မယ်။ ကျန်တဲ့စာအုပ်တွေက Myanmar Fitness Website (http://myanmarfitness.com) နဲ့ ချိတ်ထားတာ။ ခု Myanmar Fitness က ပျက်သွားတော့ မရတော့တာပါ။ စာအုပ်တွေကို ခုပဲ Thaing Wizard မှာ ပြန်တင်လိုက်ပါပြီ။ အရင်က မတင်ရသေးတဲ့ စာအုပ်အသစ်တွေလဲ ထပ်ပြီးတင်ထားပါတယ်။ အဆင်မပြေတာရှိရင်လည်း ပြောပါဦးဗျာ။ Bodybuilding နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို http://muscleprofessor.blogspot.com/ မှာလည်း ဖတ်လို့ရပါတယ်။ အဲ့ website က Dr. Naing Wai Win ရဲ့ Myanmar Fitness ဖျက်လိုက်ပြီးနောက် အဲ့ဒီက ပင်တိုင်ဆောင်းပါရှင် ကိုနိုင်ဦး—119 ထောင်ထားတဲ့ website ဖြစ်ပါတယ်။

  6. အကိုကျွန်တော် ဗိုက်ကြွက်သားထွက်အောင်ဆိုပြီး အိပ်ထကိုနေတိုင်းနီးပါလုပ် ဖြစ်ပါတယ် ဒါပေမဲ့ လုပ်သာလုပ်နေရတယ် သိပ်မထိရောက်ဘူးဖြစ်နေတယ် အဲ့ဒါ ကိုယ်လေ့ကျင်ရင် လေ့ကျင်သလောက်ထိရောက်အောင်ဘယ်လို လုပ်ရမလဲခင်မျာ နေ့တိုင်းကစားဖြစ်တယ် အိပ်ထကို မနက် ၅၀၀ ညနေ ၅၀၀ အဲ့ဒါ ၃ လပြည်တော့မုာ သိပ်မထိရောက်လို့ အကူညီလေးပေးပါအုံး

    • ဟုတ်။ အိပ်ထနေ့တိုင်းလည်းလုပ်တယ်။ မနက် ၅၀၀၊ ညနေ ၅၀၀ လည်း လုပ်တယ်ဆိုရင်တော့ ဘယ်တော့မှ ဗိုက်ကြွက်သားထွက်နိုင်မှာ မဟုတ်ပါဘူး။ လက်ဝှေ့သမားတွေကို ဥပမာကြည့်ဗျာ။ သူတို့က အကြိမ်တစ်ထောင်ထက် ပိုလုပ်နိုင်မှာ သေချာပါတယ်။ ဒါကြောင့်လည်း ၀မ်းဗိုက်မှာ ကြွက်သားတက်မလာဘဲ တုတ်ခိုင်တဲ့ပုံစံပဲ ပေါ်နေကြတာပါ။ အမှန်က ဒီလိုဗျ။ ၀မ်းဗိုက်ကြွက်သားက အိပ်ထများများလုပ်တာနဲ့ မဆိုင်ဘူး။ အဆီမရှိတဲ့သူတွေမှ ၀မ်းဗိုက်ကြွက်သားထွက်တာဗျ။ စနစ်တကျ ကစားတဲ့သူတွေမှာဆိုရင် အိပ်ထမလုပ်ဘဲနဲ့တောင် အလိုလို ၀မ်းဗိုက်ကြွက်သားထွက်တတ်ပါတယ်။ မထွက်ခဲ့ဘူးဆိုရင်တောင် ၀မ်းဗိုက်ပိုင်းက သိပ်များများ ကစားပေးဖို့မလိုတဲ့ အပိုင်းဖြစ်ပါတယ်။ နောက်ပြီး အစ်ကိုရဲ့မေးခွန်းမှာ အစ်ကိုက အိပ်ထနေ့တိုင်းလုပ်တယ်ဆိုတော့ သေချာတယ် အစ်ကိုဘော်ဒီက ၀တဲ့အထဲတော့ ပါမှာမဟုတ်ဘူး။ ဒါပေမယ့် ခပ်သေးသေးလည်း မဟုတ်ဘူးနိုင်ဘူးလို့ ထင်ပါတယ်။ ဒီတော့ ကျွန်တော်အကြံပေးမယ်ဗျာ။

      တစ်ပတ်ကို နှစ်ရက်ပဲ အိပ်ထကစားပါ။ ဒါပေမယ့် အဲ့ဒီတစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ နောက်ထပ် ၀မ်းဗိုက်လေ့ကျင့်ခန်း ၂-ခုဖြစ်ဖြစ် ၃-ခုဖြစ်ဖြစ် ထပ်ပေါင်းလုပ်ပေးပါ။ ၀မ်းဗိုက်ကို ထောင့်ပေါင်းစုံက လှုံဆော်နိုင်အောင်ပါ။ ဘယ်လေ့ကျင့်ခန်းလုပ်ရမှန်းမသိရင် http://thaingwizard.wordpress.com/2013/10/15/mini-home-workout/ မှာ ကြည့်ပါ။ အစ်ကို့မေးခွန်းကို ဖြေရင်း ကစားနည်းကိုပါ အဲ့ဒီမှာ တစ်ခါတည်းတင်ပေးဖြစ်ပါတယ်။ အဲ့ဒီ Mini Home Workout မှာ ဖော်ပြထားတဲ့အတိုင်း ကစားရင် အဆင်ပြေမယ်ထင်ပါတယ်။ ကစားတဲ့အခါ အကြိမ် ၅၀၀ မလုပ်ပါနဲ့။ ၁၅-ကြိမ် နဲ့ အကြိမ်-၂၀ ကြားပဲ ကစားပါ။ ၁၅-ကြိမ် တစ်ခါပြည့်ရင် စက္ကန့်-၃၀ လောက်နားပါ။ ပြီးရင် နောက်ထပ် ၁၅-ကြိမ်ထပ်ကစားပါ။ အဲ့ဒီလို ၃-ကြော့ ဒါမှမဟုတ် ၄-ကြော့ ကစားပေးပါ။ နောက်ကျန်တဲ့ လေ့ကျင့်ခန်းတွေကိုလည်း အဲ့ဒီလိုပဲ ၃-ကြော့ ဖြစ်ဖြစ် ၄-ကြော့ဖြစ်ဖြစ် ကစားပေးပါ။ ၁၅-ကြိမ်စီ ဆိုတာလည်း အစ်ကို အိပ်ထလုပ်နေကျမို့လို လုပ်ခိုင်းတာပါ။ ကစားနေကျလူမဟုတ်ရင် ၆-ကြိမ်ကနေ ၁၂-ကြိမ်အတွင်းသာ ကစားသင့်ပါတယ်။ Mini Home Work မှာ ဖော်ပြပေးထားတဲ့အတိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို တစ်ပတ်ကို နှစ်ရက်စီ ကစားပေးသွားပါဗျာ။ လိုအပ်တာများရှိရင် ထပ်မံမေးမြန်းနိုင်ပါတယ်။

      • အကိုရေကျွန်တော်gym ဆော့တာ၆ လလောက်ရှိပြီ မဆော့ခင်က weight က 178 ခုက weight 156 ပါ အဆီလဲတော်တော်ကျပါတယ် ခုဘယ်လိုဆက်ဆော့သင့်လဲဆိုတာအကြံပေးပါအုံး အကို ဖုန်းဆက်မေးလို့ရမလား ဖြစ်နိုင်ရင်ဖုန်းနံပါတ်လေးပေးခဲ့ပါ အကို

  7. Pingback: Mini Home Workout | Thaing Wizard

  8. အကို mini home work လိုမျိုး ကိရိယာလွတ် ကစားနည်း တွေ ဆက်တင်ပေးပါဦးဗျ။Gym မသွားနိုင်တဲ့
    လူတွေအတွက် အထောက်အကူပြုလို့ပါ။သိုင်းစာအုပ်တွေလည်းဆက်တင်ပေးပါဦးဗျ။တင်သမျှ အကုန်
    စောင့်ဒေါင်း နေပါ့မယ်။ကျေးဇူးတင်ပါတယ်ဗျာ။

    • အဲ့ဒါတော့ လုပ်ဖြစ်ဖို့ သိပ်မသေချာဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကိရိယာလွတ်ကစားနည်းနယ်ပယ်က သိပ်ကိုကျယ်လွန်းနေတယ်။ သူက gym မှာ weight တွေ fancy စက်တွေနဲ့ ကစားတာထက်ကို နည်းစနစ်ပိုများတယ်ဗျ။ Gym မှာ Free Weight တွေ dumbbell တွေနဲ့ ကစားတာမှာက အလေးတွေ တိုးသွားရုံကလွဲပြီး နည်းစနစ်တွေ အများကြီး ပွားလာတာမျိုးမရှိဘူး။ ကိရိယာလွတ် bodyweight နဲ့ပဲ ကစားတဲ့နည်းတွေမှာက ကစားနည်းကို ပုံစံနည်းနည်းပြောင်းလိုက်တာနဲ့ မူသစ်တစ်မျိုး နာမည်အသစ်တစ်မျိုးဖြစ်သွားတယ်။ ဥပမာ ဒိုက်ထိုးတာ Push Ups တစ်မျိုးထဲကိုပဲ Classic Push Ups, Wide Grip Push Ups, Close Grip Push Ups, Shoulder Drop Push Ups, Deep Push Ups, Bouncing Push Ups, Hindu Push Ups, Chinese Push Up, Planche Push Ups, One Arm Push Ups, Military Press, Handstand Push Ups ဆိုပြီး variation အများကြီးရှိပါတယ်။ ဒါတောင် ဒီမှာ မပါသေးတဲ့ ဒိုက်ထိုးနည်းမူကွဲတွေ အများကြီးရှိပါသေးတယ်။ ဒီတော့ကာ ကျွန်တော့်အနေနဲ့ ဒါတွေကို တစ်ကယ်ရေးရရင် ကျမ်းတစ်စောင်နီးနီးဖြစ်သွားနိုင်ပါတယ်။ ကြုံတဲ့အခါများမှာတော့ ခုလိုပဲ ကစားနည်းတွေကို ရေးပေးသွားပါဦးမယ်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း bodyweight workout carzy မို့ ခုလိုမျိုး စိတ်ဝင်စားတယ်လို့ သိရလို့ အများကြီးဝမ်းသာမိပါတယ်။

  9. ဘယ်အသက်အရွယ်လောက်အထိ လေ့ကျင့်ခန်းလုပ်ရင် ကြွက်သားတွေကြီးထွားလာနိုင်ပါသလဲ
    အသက် ၃၀ ကျော် မှ စ ပြီး လေ့ကျင့်ရင် ဖြစ်နိုင်ပါသလား သိချင်ပါတယ်

    • နှလုံးရောဂါ၊ သွေးတိုးရောဂါ အစရှိတဲ့ ရောဂါမျိုးရှိနေသူများမှလွဲပြီး မည်သူမဆို အရွယ်မရွေး လေ့ကျင့်နိုင်ပါတယ်။ ရောဂါရှိသူများကတော့ ဆရာဝန်များနဲ့ တိုင်ပင်ပြီးမှ ကစားဖို့လိုပါတယ်။ အသက်-၃၀ ဆိုတာ အနေတော်ပါပဲ။ မန္တလေးက သက်ကြီးမောင် ဦးပြားဆိုရင် ပင်စင်ယူပြီးမှ ကာယဗလကို ဇောက်ချပြီး ကစားဖြစ်ခဲ့တာပါ။ ခုအသက်-၇၀ ရောက်တဲ့အထိ ချန်ပီယံဆုကို ထိန်ထားနိုင်တုန်းပါပဲ။ သက်ကြီးမောင်တွေထဲမှာတော့ လေးစားစရာအကောင်းဆုံးသူပါ။
      U Pyar
      အသက်-၃၀ ဆိုရင် အလားအလာ အများကြီးရှိပါသေးတယ်။ သေချာကစားနိုင်ရင် ပရော်ဖက်ရှင်နယ် အဆင့်ထိရောက်နိုင်ပါသေးတယ်ဗျာ။ http://thaingwizard.wordpress.com/fitness-centre/ မှာ သွားရောက်ကစားသင့်တဲ့ gym လိပ်စာတွေ တင်ပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး မောင်တွေဖွင့်ထားတဲ့ အားကစားခန်းမတွေမို့ အကောင်းဆုံး အကြံဥာဏ်တွေရော နည်းစနစ်တွေရော ပြသပေးနိုင်ပါလိမ့်မယ်။

  10. အကို တင်ထားတာလေးတွေကို မှတ်သားရင်း ကျေးဇူးတင်မိပါတယ် ..

  11. ကျွန်တော့် အသက်က 26 နှစ်ပါ ..အရပ်ရှည်နိုင်ပါအုံးမလား အစ်ကို
    အနည်းဆုံး 2 လက်မလောက်ရှည်ရင်တော်ပါပြီ။။ဘာလေ့ကျင့်ခန်းတွေလုပ်ရမလဲ ..သိချင်လို့ပါ
    ကျေးဇူးတင်စွာဖြင့်

    • ဟုတ်… ယောက်ျားလေးများဟာ အသက် ၂၅-နှစ်လောက်မှာ အရပ်ရှည်မှု ရပ်တန့်သွားပါပြီ။ ဒါပေမယ့် အရပ်ရှည်လေ့ကျင့်ခန်း သုတေသီတွေက ပြောတာတော့ အသက် ၂၅-မှာ သဘာဝအလျောက် အရပ်ရှည်မှု ရပ်တန့်သွားပြီဆိုပေမယ့် ဆန္ဒရှိရင် အသက် ၅၀-လောက်ထိ လေ့ကျင့်ခန်းတွေနဲ့ အရပ်ရှည်အောင် လုပ်ယူနိုင်ပါသေးတယ်တဲ့။

      ကျောရိုးဆစ်မှာ အရိုးနုချပ်ပြား ၃၀-ကျော် ရှိပါတယ်။ အဲ့ဒီ ကျောရိုးဆစ်မှာရှိတဲ့ အရိုးနုလေးတွေကို ထူထဲလာအောင် လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ရင် အရပ် ၂-လက်မလောက်ကနေ ၆-လက်မလောက်ထိ ဘယ်အသက်အရွယ်မှာဆို အရပ်ရှည်နိုင်ပါသေးတယ်တဲ့။

      http://thaingwizard.wordpress.com/grow-taller-exercises-book-in-english/ မှာ အင်္ဂလိပ်လို အရပ်ရှည်လေ့ကျင့်ခန်းစာအုပ်တွေ တင်ထားပါတယ်။ အဲ့ဒီစာအုပ်တွေထဲက
      လေ့ကျင့်ခန်းတွေကို စမ်းသပ်ကြည့်ပါ။ လက်တွေ့တော့ ကျွန်တော် မစမ်းသပ်ဖူးလို့ သေချာမပြောနိုင်ပေမယ့် စမ်းကြည့်တာ မမှားပါဘူး။ တစ်စုံတစ်ခုတော့ အကျိုးရှိနိုင်ပါတယ်။

      မြန်မာလိုစာအုပ်တွေ ဖတ်ချင်ရင် ဆရာမင်းစံအိမ်ဘာသာပြန်ထားတဲ့ အရပ်ရှည်ထွက်မြင့်တက်ဖို့စာအုပ်နဲ့ အရပ်ရှည်ထွက်ဖြောင့်မတ်တက်ဖို့စာအုပ်တွေရယ်… ဆရာထိပ်တင်ထွဋ်ရဲ့
      ၁၄-ရက်အတွင်း အရပ်ရှည်နည်းစာအုပ်ရယ် ဖတ်ကြည့်ပါ။ ထိပ်တင်ထွဋ်ရဲ့ ၁၄-ရက်အတွင်း အရပ်ရှည်နည်းစာအုပ်ကို ဒီမှာ download ယူနိုင်ပါတယ်။ http://thaingwizard.wordpress.com/grow-taller-exercises-book-in-myanmar/

  12. ဘယ်လိုအစားအစာမျိုးတွေစားသင့်သလဲအကို ကျွန်တော်ကအလေးကစားခြင်လို့ပါအကို

    • လတ်ဆတ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ စားပါ။ Fast food တွေ အမြန်စာ၊ အလွယ်စာတွေ မစားပါနဲ့။ အရက်၊ ဆေးလိပ် စတာတွေ တတ်နိုင်သမျှရှောင်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အစ်ကိုက အလေးကစားမယ်ဆိုတာ gym မှာ ပဲ ကစားမှာမလား။ နည်းပြဆရာက အသေးစိတ်ပြောပြပါလိမ့်မယ်ဗျာ။ အဆင်ပြေပါစေ။

        • ကျွန်တော်မသိတာလေးတွေလဲမေးရင်ပြောပြပေးပါနော်အကို ကျွန်တော့်အသက်၂၁ရှိပါပြီ ကျွန်တော်ကအခုထိုင်းနိုင်ငံမှာပါ gymမှာပဲကစားတာပါ အာဟာရကြတော့နားမလည်လို့အကို

  13. bro ကျွန်တော် bodybuilding for protein ဝယ်ချင်လို့ ပါ yangon ကပါ၊ ဘယ်နားမှာ တံဆိပ် စုံစုံ လင် လင် နဲ့ ရမလဲ သိချင်လို့ ပါ၊နေရာသေသေချာချာသိ ရင် လမ်းညွန် ပေးလို ပါတယ်၊[email protected]

    • ဟုတ် pro လုပ်ဖို့ မဟုတ်ရင် ဆေးသုံးမယ့်အစား အအိပ်၊ အစားကိုသာ ဂရုစိုက်ပြီး ကစားစေချင်ပါတယ်။ တစ်ကယ်လို့ ၀ယ်ချင်တယ်ဆိုရင်တော့ http://thaingwizard.wordpress.com/fitness-centre/ မှာ gym လိပ်စာတစ်ချို့တင်ထားပါတယ်။ အဲ့ဒီမှာ ၀ယ်ကြည့်ပါ။ အဆင်ပြေမယ်လို့ထင်ပါတယ်ဗျာ။ လိုတာရှိလည်းပြောပါ။

  14. အကိုတစ်ပတ်မှာလေးရက်ကစားရမယ်ဘယ်လိုအနားယူရမလဲ ပြောပြပါဦး

    • ဒီလိုဗျာ။ လေးရက် ဆက်တိုက် ကစားလိုက်ရော။ အဲ့တော့ သုံးရက် ကျန်မယ်။ ကျန်တဲ့သုံးရက်ကို နားတယ်ပေါ့။ မကစားဘူးပေါ့။ တစ်ချို့ကျတော့လည်း ဆက်တိုက် မနားဘဲ တစ်ရက်ကစား တစ်ရက်နား၊ ဒါမှမဟုတ် နှစ်ရက် ကစားတစ်ရက်နားပြီး ကစားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တစ်ပတ်ကို သုံးရက်မနားတောင် နှစ်ရက်တော့ နားဖြစ်အောင် နားပါ။ ညဘက်ကိုလည်း ၈-နာရီပြည့်အောင် အိပ်ပါ။ ၈-နာရီ မပြည့်တောင် ၇-နာရီအောက် အိပ်ချိန်မလျော့စေဖို့ ဂရုစိုက်ပါ။

      • ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် အကိုဒီကဆရာတွေကပြောတယ်နည်းနည်းနှင့်ခြောက်ကြိမ်လောက်စားခိုင်းတယ် ကျွန်တော်ကအလုပ်ကတစ်ဖက်ဆိုတော့အဲလောက်အချိန်မရဘူး ဒါပေမဲ့ကျွန်တော်မနက်တိုင်းကြက်ဥ နို့ တူးနားငါးတို့ အာလူး တို့ကိုစား တယ်လုံလောက်ရဲ့လားအကို ထက်ပြီးတော့ရောဘာတွေစားသင့်သလဲပြောပြပါဦးအကို

        • လုံလောက်ပါတယ်။ ကာယဗလပြိုင်ပွဲဝင်ဖို့ မရည်ရွယ်ထားဘူးဆိုရင် စားနေကျအတိုင်း စားနိုင်ပါတယ်။

  15. အကို ညီလေးကစားပြီးရင်ကြွက်သားတွေနာနေတယ်ဘာဖြစ်လို့လဲအကို ကစားတာလဲကြာနေပြီ

    • ကစားနည်း ပရိုဂရမ်ပြောင်းရင် နာကျင်တတ်ပါတယ်။ နောက်တစ်ခုက ပုံမှန်ကစားနေကျထက် ပိုကစားရင်လည်း နာကျင်တတ်ပါတယ်။ အဲ့ဒါမျိုးဆိုရင်တော့ ပြဿနာမရှိပါဘူး။ ပုံမှန်ကစားနေကျအတိုင်း ကစားရက်နဲ့ နာကျင်တာတော့ မဖြစ်သင့်ပါဘူး။ အဲ့ဒီလိုဆိုရင်တော့ နည်းပြနဲ့ တိုင်ပင်ကြည့်ပါ။

  16. အကို ရေးတဲ့ စာအုပ်တွေက တော်တော် အသုံးဝင် ပါတယ်။ဆော့ ကြည့်တော့ အရင်နှင့် မတူပဲ တော်တော် ထူးခြား လို့ ကျေးဇူးပါ။ကျွန်တော် မရှင်းတာ က တော့ Hac သ ဘောတရား ဇယားနဲ့ ပတ် သတ်လို့ အကို သေချာ ရှင်းပေးစေလိုပါတယ်။ အကို whey ကို ဘယ်လို သောက် ရမလဲ လမ်းညွှန်ပေးစေလိုပါတယ်။ Hac သဘောတရားကိုနားလည် ပေမဲ့ ဇယားကို ကြည်လိုက် တာ မ ရှင်းတော့ လို့ ပါ။whey ကိုgym က ပြောလိုက်တာ 29g မကစား ခင် နှင့် ကစား ပြီး 2 twice.နားတဲ့ နေ့ မှာ 1 time.ဆိုတော့အကိုပြော တဲ့ hac ဇယားကိုပြန် ကြည် ပြီး ဘယ်လို တွေသောက် ရမလဲပါ။ရှုပ်သွားလို့ ပါ

    • ကျွန်တော်ရေးတာက Mini Home Workout ဆိုတာ တစ်ခုပဲရှိတာပါ။ အစ်ကိုပြောတာ ကိုနိုင်ဦးရေးထားတဲ့ စာအုပ်တွေကို ပြောတာလို့ ထင်ပါတယ်။ ဆေးဝါးအသုံးပြုပုံနဲ့ ပတ်သတ်လို့ကတော့ ကိုနိုင်ဦးတို့ရေးနေတဲ့ Muscle Professor website မှာ သွားရောက်မေးမြန်းနိုင်ပါတယ်။ ဒီမှာပါ http://muscleprofessor.blogspot.com/ အဆင်ပြေမယ်လို့ထင်ပါတယ်။

  17. အစ်ကိုတင်ပေးတဲ့ ၆လ လေ့ကျင့်ခန်းကို gym ကစားရင်းနဲ့ကစားသင့်ပါသလား သိချင်ပါတယ်

    • မကစားသင့်ပါဘူးခင်ဗျာ။ အဲ့ဒီစာအုပ်က gym သွားဖို့ အဆင်မပြေသူတွေအတွက် ကိရိယာလွတ်လေ့ကျင့်ခန်းတွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။

  18. လမ်းမတော် gym ကောင်းကောင်းဘယ်နား ရှိလဲဗျ ၊၊ FX fitness gym ကလွဲလို့ပေါ့

  19. ကျနော်ပုခုံးကျယ်ချင်တယ် အဲ့တာ ဘယ်လိုလုပ်ရမလဲမသိဘူး gym လည်း မဆော့ဖြစ်သေးဘူးဗျ
    ကို့ကိုကိုယ် ပုခုံးကျဉ်းသလိုခံစားနေရတယ် သူမျာတေလောက်လည်း မကျယ်လို့ပါ ကျနော်က ပုခုံးကျယ်ပီး ရင်ဘက် ကြွက်သားတွေတက်ချင်တဲ့အတွက်ကြောင့် ဒိုက်ထိုးပါတယ် ဒါပေမယ့် တက်မလာပါဘူး ပီးတော့လက်ပျံနည်းနည်းကိုင်းကျနေတယ် ဒါတွေအားလုံးအဆင်ပြေအောင် စာပြန်စေချင်ပါတယ် ကျေးဇူး အထူးတင်ပါတယ်ဗျာ

  20. အကိုကျွန်တော်ကတော့ဆော့တာကြာပါပြီ.ဒါပေမယ့် အလုပ်ရှိနေတယ်အတွက် ဆော့လိုက်မဆော့လိုက်ဖြစ်နေတာပါ.အဲ့ဒါကြောင့် ကြွက်သားကြီးထွားမှုကလည်းတက်လိုက်ကျလိုက်ပေါ့ဗျာ..နောက်ပြီးကျွန်တော်ကပိန်ပါတယ်..ဘယ်လိုအားဆေးမျိုးတွေသောက်သင့်လဲဆိုတာအကိုသိရင်ပြောပြပေးပါ…
    ကျေးဇူးတင်လျှက်

  21. အကို body building protein ဆိုတာအားဆေးလား ဝတဲ့ဆေးလားဗျ ရှင်းပြပေးပါအုံး ဘယ်မှာဝယ်လို့ရလည်း ဘယ်လောက်ပေးရလဲ အကိုဖြေပေးပါအုံး အရမ်းပိန်လွန်းလို့ပါ

  22. အစ်ကိုရေ ဘရက်ပစ်ရဲ့ ဂျင်ကစားနည်းလေးသိချင်လို့ပါ့
    ဟိုတလာကဖတ်လိုက်ရတယ် ဘယ်ရက်ဘယ်အပိုင်းကိုကစားလဲဆိုတာသိချင်လို့ပါ

  23. အကိုတင်ထားတဲ့ Fitness Centre လိပ်စာမှာ နှစ်ခုပဲ ပါတယ်။
    အဲဒီနှစ်ခုက ဝေးလို့ပါ။ လမ်းကြောင်းမသင့်ဘူး ဖြစ်နေတယ်။
    တခြားရှိသေးရင် ထပ်တင်ပေးပါဦး။

  24. မျက်နှာ အဆီချ နိုင် မယ့် လေ့ကျင့်ခန်း များရှိပါသလား။ စာအုပ်များရှိရင်လည်း ညွှန်ပေးပါ ခင်ဗျား

  25. ဘာတွေစားသင့်သလဲလေ့ကျင့်နေစဉ်အတွင်း
    နောက်ကစားတဲ့အခါဘာဆေးသောက်ရမလဲ
    တစ်ခါတည်းပြောပြပါလား

  26. ရင်အုပ်တက်လာဖို့အတွက်ဘယ်လိုလေ့ကျင့်ခန်း
    မျိုးကအကောင်းဆုံးပါလည်းခင်ဗျစာအုပ်ရှိရင်တင်
    ပေးပါကစားတဲ့ပစ္စ္စည်းလေးတွေကိုphotoနဲ့ပို့ပေးပါ
    လားခင်ဗျ

  27. နောက်ထပ်လေ့ကျင့်ခန်းတွေပေးပါဦးmyanmar fitness
    gameပုံစံနောက်၃လအတွက်

  28. myanmar fitness game နောက်ထွက်မယ့်စာအုပ်ကို
    မျှော်နေပါတယ် ကျေးဇူးပြု၍ မြန်မြန်တင်ပေးပါလားဗျာ

  29. ကာယဗလ​လေ့ကျင့်​ဖို့အတွက်​​သွေးပူ​လေ့ကျင့်​ခန်းကဘယ်​​လောက်​အ​ရေးပါလဲဆိုတာသိချင်​ပါတယ်​ခင်​ဗျာ..

  30. အကိုကျွန်​​တေ.ာ်​ကအ​​ကောင်​ထွားချင်​တာပါကာယဗလလုပ်​ရင်​​ရောရလား

  31. မ​ပြောပြတတ်​​အောင်​​ကျေးဇူးတင်​ရှိပါ​ကြောင်း

  32. အကိုရေသိုင်းဦးချစ်သန်းရဲ့အကွက်သိုင်းစာအုပ်နဲ့သိုင်းပြောင်းပြန်ပထမအဆင့်စာအုပ်တွေကိုတင်ပေးပါခင်ဗျာ။တင်လို့မရရင်လည်းစာအုပ်ဆိုင်ကိုအတိအကျပြောပြပေးပါခင်ဗျာ။

  33. အကိုရေ ကျွန်တော် အာနိုးသို့မဟုတ် ကိုးတောင်ကျား
    စာအုပ်လေးဖတ်ချင်ပါတယ်

  34. ​ကျောက်​ဘီလူး တင်​​မောင်​​ဆွေ စာအုပ်​ ​နေပြည်​​တော်​မှာ​ရော ဝယ်​လို့ရလားဗျ ကျ​နော်​ရှာတာ မ​တွေ့လို့

  35. Brother တင်ပေးထားတဲ့စာအုပ်အမှတ်စဉ် ၁ ၂ ၃ ၄ ကဒေါင်းလုပ်ပြီးယူလို့မရဘူးဖြစ်နေတယ် ဘာဖြစ်လို့ပါလဲ ခင်ဗျ

  36. ​လေးစားရပါ​သော…ဆရာခင်ဗျား
    စာအုပ်များကို..အခမဲ့စွာဖတ်ကြားရတဲ့အတွက်အထူးပင်​​​ျေးဇူးတင်မိပါ​ြောင်း…ျ​လေးစားစွာ​ြောကြားလိုပါတယ်ခင်ဗျာ

  37. ကျေးဇူးတင်လွန်းလို့ပြောမပြနိုင်
    အောင်ပါပဲဆရာ။ဆရာ့ရဲ့စိတ်ဓာတ်ကိုအစဉ်အမြဲ
    လေးစားလျက်ပါဆရာ။ဆရာဒိထက်မအောင်မြင်ပါစေ။

  38. ကျေးဇူးတင်လွန်းလို့ပြောမပြနိုင်
    အောင်ပါပဲဆရာ။ဆရာ့ရဲ့စိတ်ဓာတ်ကိုအစဉ်အမြဲ
    လေးစားလျက်ပါဆရာ။ဆရာဒိထက်မအောင်မြင်ပါစေ။ရင်နာရတာကတော့ဆရာ့ရဲ့စာအုပ်ကိုအခုမှဖတ်
    ခွင့်ရတာကိုပါဆရာ။

Leave a Reply

Your email address will not be published. Required fields are marked *