Martial Arts Books in Myanmar
ဒီ pageလေးမှာ ကျွန်တော်တို့ Thaing Wizard မှ ပြုလုပ်ခဲ့ပြီးသော သိုင်းပညာရပ်ဆိုင်ရာ ebook များနှင့် အခြားနေရာတစ်ချို့မှ ရရှိခဲ့သော သိုင်းပညာရပ်ဆိုင်ရာ ebook များကို စုစည်းပေးထားတာ ဖြစ်ပါတယ်။ အစောပိုင်းက ကျွန်တော်ဆိုဒ် website မှ ပြုလုပ်ခဲ့သော ebook တိုင်းသည် A4 ဆိုဒ်နှင့် print ထုတ်ယူ ဖတ်ရှုနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ သို့သော် အများစုမှာ ကွန်ပျူတာကို အသုံးပြု၍ ဖတ်ရှုခြင်းဖြစ်ရာ အားလုံးအဆင်ပြေစေရန်အတွက် မူရင်းစာအုပ်ဆိုဒ်အတိုင်း ဖန်တီးထားသည့် ebook များကို ထပ်မံပြုလုပ်ကာ update လုပ်ထားပါသည်။ Ebook များကို စာအုပ်နှင့် ဆောင်းပါးဟူ၍ အုပ်စုနှစ်စုခွဲကာ တင်ပြပေးထားပါတယ်။
အပတ်စဉ် သောကြာနေ့တိုင်း update လုပ်ပေးမှာ ဖြစ်ပါတယ်။ scan ဖတ်ပြီးသားတွေ ကျွန်တော့်ဆီကို ပို့ထားတာတွေရော၊ scan ထပ်ဖတ်ထားတာတွေရော ရှိပါတယ်။ အဲ့ဒါတွေလည်း ebook အနေနဲ့ ဆက်လက် ပြုလုပ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စာအုပ်တွေ scan ဖတ်ပြီး ပုံတွေပေးပို့ချင်တယ်ဆိုရင်လည်း [email protected] ကို email ပို့ထားနိုင်ပါတယ်။ File Size လည်း မကြီးစေဘဲ Quality ကောင်းအောင် ကြိုးစားပြီးလုပ်ပေးပါ့မယ်။ အားလုံးကို ကျေးဇူးပါ။
စာအုပ်များ (၂၁-အုပ်)
၁။ ဓားရေး ၃၇ ချင်း လူးတား (လင်္ကာ) နှင့် အဓိပ္ပါယ် စကားပြေ
ဓားရေး(၃၇)ချင်းလူးတားနှင့် အဓိပ္ပာယ်စကားပြေ
Download (File Size – 370 KB)
၂။ မြန်မာ့ ရိုးရာလက်ဝှေ့ (မြဝင်း)
မြန်မာ့ရိုးရာလက်ဝှေ့ (မြဝင်း)
Download (File Size – 3.25 MB)
၃။ မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)
Myanmar Traditional Tattoo
မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)
Download (File Size – 5.82 MB)
၄။ မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာ နိသျည်းများ
မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာ နိသျည်းများ
Download (File Size – 3.88 MB)
၅။ လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)
Secret Techniques of Bando and Banshay
လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)
Download (File Size – 16.4 MB)
၆။ ကိုယ်တွေ့ဗမာ့သိုင်းပညာများ (ဦးအောင်သိန်း)
Myanmar Martial Arts By U Aung Thein
ကိုယ်တွေ့ဗမာ့သိုင်းပညာများ (ဦးအောင်သိန်း)
Download (File Size – 10.1 MB)
၇။ ဓားနှစ်လက်သိုင်း (ဦးပြည်သိမ်း)
Burmese Fencing
ဓားနှစ်လက်သိုင်း (ဦးပြည်သိမ်း)
Download (File Size – 15.6 MB)
၈။ မြန်မာ့ဓား (ဆရာကြီးမင်းယက္ခ)
Myanmar Sword by Sayagyi Min Yakha
မြန်မာ့ဓား (ဆရာကြီးမင်းယက္ခ)
Download (File Size – 14.5 MB)
၉။ တိုင်းရင်းမေ ဗန်တို (မနီနီ ရေးသားပြုစုပြီး သိုင်းဦးချစ်သန်း တည်းဖြတ်သည်)
တိုင်းရင်းမေ ဗန်တို (မနီနီ ရေးသားပြုစုပြီး သိုင်းဦးချစ်သန်း တည်းဖြတ်သည်)
Download (File Size – 47.7 MB)
၁၀။ သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး
By အမျိုးသားစာပေဆုရ စာရေးဆရာ ပွင့်လန်း (သတ္တုတွင်း)
Thaing Byaung Byan Byaung Byan Maung Lay
သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး (ပွင့်လန်း -သတ္တုတွင်း)
Download (File Size – 13.2 MB)
၁၁။ မောင်လေးဆိုတဲ့ ပြောင်းပြန်မုန်တိုင်
By အမျိုးသားစာပေဆုရ စာရေးဆရာ ပွင့်လန်း (သတ္တုတွင်း)
Byaung Byan Storm Named Maung Lay
မောင်လေးဆိုတဲ့ ပြောင်းပြန်မုန်တိုင်း (ပွင့်လန်း -သတ္တုတွင်း)
Download (File Size – 81.6 MB)
၁၂။ ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ]
By ဆရာကြီး ဦးအောင်သိန်း (သန်လျင်)
Thaing Byaung Byan Volume 1
ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ] (ဦးအောင်သိန်း – သန်လျင်)
Download (File Size – 132 MB)
၁၃။ ရှောင်လင်ကွန်ဖူး သိုင်းငါးမျိုး (ဦးချစ်သန်း)
Shaolin Five Animals Kung-Fu
ရှောင်လင်ကွန်ဖူး သိုင်းငါးမျိုး (ဦးချစ်သန်း)
Download (File Size – 23 MB)
၁၄။ ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)
ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)
Download (File Size – 3.48 MB)
၁၅။ လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်)
လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်)
Download (File Size – 4.37 MB)
၁၆။ ဂျီကွန်ဒို (ကွန်ဖူးစိုးမြင့်)
ဂျီကွန်ဒို (ကွန်ဖူးစိုးမြင့်)
Download (File Size – 12.5 MB)
၁၇။ ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)
ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)
Download (File Size – 7.74 MB)
၁၈။ အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)
Best American Fighting Techniques
အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)
Download (File Size – 4.19 MB)
၁၉။ အမျိုးသမီးများအတွက် အရေးပေါ်ခုခံတိုက်ခိုက်နည်းပညာ (ကွန်ဖူးစိုးမြင့်)
The Womanly Art Of Self-Defense
အမျိုးသမီးများအတွက် အရေးပေါ်ခုခံတိုက်ခိုက်နည်းပညာ (ကွန်ဖူးစိုးမြင့်)
Download (File Size – 14.5 MB)
၂၀။ ဘီလီဝုဒ် ၏ နဘမ်းသတ်နည်း (ဦးလှဒင်)
Wrestling Techniques of Billy Wood
Download (File Size – 5 MB)
၂၁။ သင့်ကျန်းမာရေးအတွက် ထိုက်ချိချွမ် အခြေခံ(၈)ကွက် (မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်)
8 Forms Of Tai Chi For Your Health
သင့်ကျန်းမာရေးအတွက် ထိုက်ချိချွမ် အခြေခံ(၈)ကွက် (မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်)
Download (File Size – 2.3 MB)
ဆောင်းပါးများ (၃၂-အုပ်)
၁။ ကမ္ဘောဇ နန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန်၏ အခြေခံ ကျင့်စဉ်များ
(Source: http://khukhachant.per.mm/)
How To Thaing Byaung Byan
ကမ္ဘောဇ နန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန်၏ အခြေခံ ကျင့်စဉ်များ
Download (File Size – 843 KB)
၂။ မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၁- နှင့် -၂-
(ပြန်လည်ဖော်ထုတ်ရေးသားသူ- ကိုစိုးကြီး)
Myanmar Traditional Boxing Techniques
Myanmar Traditional Boxing Techniques
Download (File Size – 386 KB)
၃။ နှစ်ဆင့်ထိုးနည်းနှင့် လက်လှည့်ထိုးနည်း
(ပြန်လည်ဖော်ထုတ်ရေးသားသူ –ကိုစိုးကြီး)
The Conton Corkscrew
၀က်အူလက်သီး ထိုးပုံထိုးနည်း
Download (File Size – 423 KB)
၄။ ဓားရေး(၃၇)ချင်း၏ အခြေခံဓားရေးများ (ထင်လင်းမောင်)
Basic Sword Form Of Myanmar Royal 37 Sword Scales Update
ဓားရေး(၃၇)ချင်း၏ အခြေခံဓားရေးများ (ထင်လင်းမောင်)
Download (File Size – 456 KB)
၅။ ထိုက်ကျိသမိုင်းအကျဉ်း (ကိုဝိ)
Tai Chi History
ထိုက်ကျိသမိုင်းအကျဉ်း (ကိုဝိ)
Download (File Size 2.62 MB)
၆။ ကျန်းမာရေးနှင့် ဝူရှူးပညာ (ကိုရန်လင်း)
Wushu For Health
ကျန်းမာရေးနှင့် ဝူရှူးပညာ (ရန်လင်း)
Download (File Size – 344 KB)
၇။ အတွင်းအားပညာနှင့် ထူးခြားသော လျှို့ဝှက်ကျင့်စဉ်များ
(ပြန်လည်ဖော်ထုတ်ရေးသားသူ- ကိုစိုးကြီး)
About Intrinsic Energy And How To
အတွင်းအားပညာနှင့် ထူးခြားသော လျှို့ဝှက် ကျင့်စဉ်များ
Download (File Size – 3.92 MB)
၈။ “ချီ”အားတိုးအောင် ကျင့်နည်းများ – A Method of Increasing Chi (ဦးပြည်သိမ်း)
A Method of Increasing Chi
“ချီ”အားတိုးအောင် ကျင့်နည်းများ (ဦးပြည်သိမ်း)
Download (File Size – 1 MB)
၉။ သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို
Bando Forbidden Martial Arts
သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို
Download (File Size – 231 KB)
၁၀။ ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း
Some Brief Pwe Kyaung Notes
ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း
Download (File Size – 643 KB)
၁၁။ ဆရာကြီး ဗန်မော်သိန်းအောင်၏ လျှပ်စစ်လက်သီးထိုးနည်း
Snap Fist Of Banmaw Thein Aung
ဆရာကြီး ဗန်မော်သိန်းအောင်၏ လျှပ်စစ်လက်သီးထိုးနည်း
Download (File Size – 399 KB)
၁၂။ ကမ္ဘာကျော်ခဲ့သည့် မြန်မာ့ကြေးစားလက်ဝှေ့ကျော် မောင်သောင်း (ဉာဏိန္ဒ)
Famous Myanmar Boxer Maung Thaung
ကမ္ဘာကျော်ခဲ့သည့် မြန်မာ့ကြေးစားလက်ဝှေ့ကျော် မောင်သောင်း (ဉာဏိန္ဒ)
Download (File Size – 2.3 MB)
၁၃။ ဂျူဒို ထွန်းရွှေ (ကြည်ဝင်း)
Judo Tun Shwe
ဂျူဒို ထွန်းရွှေ (ကြည်ဝင်း)
Download (File Size – 2 MB)
၁၄။ လက်နက်ဂမ္ဘီရ (ဖုန်းရွှီအောင်)
Mystic Weapon
လက်နက်ဂမ္ဘီရ (ဖုန်းရွှီအောင်)
Download (File Size – 1.7 MB)
၁၅။ ဓား၏လျှို့ဝှက်ချက်များ (ရှိုင်းအောင်)
Sword Secret
ဓား၏လျှို့ဝှက်ချက်များ (ရှိုင်းအောင်)
Download (File Size – 1.3 MB)
၁၆။ မြန်မာ့နန်းတွင်း မြင်းခင်းပွဲတော် (မြေလတ်မြတ်သူ)
Myanmar Traditional Horse Riding Festival
မြန်မာ့နန်းတွင်း မြင်းခင်းပွဲတော် (မြေလတ်မြတ်သူ)
Download (File Size – 4.2 MB)
၁၇။ ကရာတေးဘိုးအေ… ရှောင်လင် သိုင်းပညာ (ကြည်ဝင်း)
Shaolin Grandfather Of Karate
ကရာတေးဘိုးအေ… ရှောင်လင် သိုင်းပညာ (ကြည်ဝင်း)
Download (File Size – 1.7 MB)
၁၈။ တစ်ကိုယ်တော်ရိုနင်-၁ (အောင်ကျော်)
Go Rin
တစ်ကိုယ်တော်ရိုနင် (အောင်ကျော်)
Download (File Size – 3.6 MB)
၁၉။ တစ်ကိုယ်တော်ရိုနင်-၂ (အောင်ကျော်)
Go Rin
တစ်ကိုယ်တော်ရိုနင် (အောင်ကျော်)
Download (File Size – 2.6 MB)
၂၀။ ဓားဝိဇ္ဇာ မူဆာရှိ၏ ဓာတ်ကြီး(၅)ပါးကျမ်းတော် (ဒီပံလင်း)
The Book Of Five Rings By Miyamoto Musashi
ဓားဝိဇ္ဇာ မူဆာရှိ၏ ဓာတ်ကြီး(၅)ပါးကျမ်းတော် (ဒီပံလင်း)
Download (File Size – 4.6 MB)
၂၁။ မြတ်သောအတတ် မချုပ်ပြတ်ရာ (ကိုနိုင်း-ချင်းတောင်)
Myanmar Traditional Alchemy
မြတ်သောအတတ် မချုပ်ပြတ်ရာ (ကိုနိုင်း-ချင်းတောင်)
Download (File Size – 3 MB)
၂၂။ တုတ်တို စံလှ (မျိုးသစ်)
San Hla
တုတ်တို စံလှ (မျိုးသစ်)
Download (File Size – 6.2 MB)
၂၃။ ထိုက်ကျိသိုင်းဆရာကြီး ကျန်းဆန်းဖုန်း (ကြည်ဝင်း)
Tai Chi Master Zhang Sanfeng
ထိုက်ကျိသိုင်းဆရာကြီး ကျန်းဆန်းဖုန်း (ကြည်ဝင်း)
Download (File Size – 2.3 MB)
၂၄။ လီရှောင်လုံ (နဂါးလေး) (ကြည်ဝင်း)
Li Xiaolong (Little Dragon)
လီရှောင်လုံ (နဂါးလေး) (ကြည်ဝင်း)
Download (File Size – 1.5 MB)
၂၅။ ရှောင်လင်ကွန်ဖူးသိုင်းဆရာကြီး စင်လီချိုင် (ကြည်ဝင်း)
Sholin Kung Fu Master Sin Li Chai
ရှောင်လင်ကွန်ဖူးသိုင်းဆရာကြီး စင်လီချိုင် (ကြည်ဝင်း)
Download (File Size – 3.5 MB)
၂၆။ ဓားကိုက်နတ်ကြီး ဥရုရှီးဘား (ကြည်ဝင်း)
Morihei Ueshiba
ဓားကိုက်နတ်ကြီး ဥရုရှီးဘား (ကြည်ဝင်း)
Download (File Size – 2.5 MB)
၂၇။ ကြိုးဝိုင်းနည်းဗျူဟာ (ဘာမထီခင်အောင်-ရွှေဘို)
Ring Craft
ကြိုးဝိုင်းနည်းဗျူဟာ (ဘာမထီခင်အောင်-ရွှေဘို)
Download (File Size – 1.3 MB)
၂၈။ ပရိုဘောက်ဆင်ပွဲများ ပေါ်ထွန်းလာရေး (ဘာမထီခင်အောင်-ရွှေဘို)
Pro Boxing Tournament
ပရိုဘောက်ဆင်ပွဲများ ပေါ်ထွန်းလာရေး (ဘာမထီခင်အောင်-ရွှေဘို)
Download (File Size – 2.5 MB)
၂၉။ ကိုယ်ခံပညာနှင့် အကြောကိုင်ပညာ (ဆရာရန်နိုင်-Dragon King)
Martial Arts And Gripping
ကိုယ်ခံပညာနှင့် အကြောကိုင်ပညာ (ဆရာရန်နိုင်-Dragon King)
Download (File Size – 2.2 MB)
၃၀။ စိတ်စွမ်းအင် သမာဓိဝင် ကျင့်စဉ်များ (သူ့ကျော်ရှင်း)
Mind Power Concentration
စိတ်စွမ်းအင် သမာဓိဝင် ကျင့်စဉ်များ (သူ့ကျော်ရှင်း)
Download (File Size – 4.1 MB)
၃၁။ ရှောင်လင်လက်သီး(၁၆)ချက် (ကြည်ဝင်း)
16 Fists Of Shaolin
ရှောင်လင်လက်သီး(၁၆)ချက် (ကြည်ဝင်း)
Download (File Size – 4.3 MB)
၃၂။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က သိုင်းပြောင်းပြန်သင်တန်း (ဦးတင်မြင့်)
Yae Sin University Thaing Byaung Byan
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က သိုင်းပြောင်းပြန်သင်တန်း (ဦးတင်မြင့်)
Download (File Size – 218 KB)
192 thoughts on “Martial Arts Books in Myanmar
  1. Pingback: Thaing Wizard
  2. Pingback: Thai Boxing Book | Thaing Wizard
  3. Pingback: Myanmar Self Defence Methods Book | Thaing Wizard
  4. Pingback: 37 Sword Techniques of Myanmar Book | Thaing Wizard
  5. Pingback: Myanmar Boxing Book | Thaing Wizard
  6. hi thank you somuch for a great website. i am interesting in learning Myanmar thaing and looking for the books. if it ok for you may i have this book? (လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း))
    this is my e mail acc [email protected] if it is ok for u can u please send me in my mail?
    thank you
    • ဟုတ်… အပေါ်မှာ မျည်းကြောင်းနဲ့ strike လုပ်တားတဲ့ စာအုပ်တွေက ebook မလုပ်ရသေးတဲ့စာအုပ်တွေပါ… ဆရာကြီးဦးချစ်သန်းရဲ့ လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ ဆိုတဲ့စာအုပ်ကို ကျွန်တော် ပြန်ပြီး စာစီဖို့ စဉ်းစားထားပါတယ်။ နည်းနည်းတော့ စောင့်ရမယ်ဗျာ… တစ်ပတ် နှစ်ပတ်လောက်လဲ ဖြစ်နိုင်သလို တစ်လလောက်အထိလည်း ကြာကောင်းကြာနိုင်ပါတယ်။ အားတဲ့အချိန်မှာ လုပ်ရမှာမို့ပါ။ ရတဲ့အခါကျရင် email ပို့ပေးပါ့မယ်။ ဒါမှမဟုတ် စာအုပ်အသစ်တွေ တင်ဖြစ်တိုင်း သိနေချင်ရင် Home page ရဲ့ ညာဖက်နားမှာ email ဖြည့်တဲ့ အကွက်လေးရှိပါတယ်။ အဲမှာ email ဖြည့်ထည့်ခဲ့ပြီး Follow ကို နှိပ်လိုက်မယ်ဆိုရင် Thaing Wizard မှာ update တစ်ခုခုလုပ်ဖြစ်တိုင်း email ကနေ သိရမှာ ဖြစ်ပါတယ်။
      • အစ်ကို အသစ်တွေကို အပေါ်ဆုံးတင်ပေးပါလား ဒေါင်းပြီးတဲ့ဟာနဲ့ မဒေါင်းသေးတဲ့ဟာတွေမေ့ကုန်လို့
  7. Pingback: Please read this post! | Thaing Wizard
  8. မြန်မာလူမျိုးများမိမိကိုယ်ကိုကာကွယ်ဖို့လေ့လာလေ့ကျင့်နိုင် ဖို့ စာအုပ်များများတင်ပေးလျှင်ကျေးဇူးအထူးတင် ပါမည်။
  9. ဆရာကြီး မင်းယက္ခ ရေးတဲ့ ခြေဇောက်ထောင်မြန်မာဘာသာ သိုင်းပညာ၊ ဓါးနှစ်လက် ၀ိုက်ထွက်ပညာရပ်များ၊ နန်းစဉ် ဓါးရေး (၃၇) ချင်း စာအုပ်များ ကို ရယူလိုပါတယ်ခင်ဗျာ။ အားလုံးအကျိုးရှိမယ်လို့လဲထင်မြင်မိပါတယ်။
    • ဟုတ် လတ်တလောတော့ လက်ထဲမှာ အဲ့စာအုပ်တွေ မရှိသေးပါ။ ဒါပေမယ့် ရတဲ့အခါကျ တင်ပေးပါ့မယ်။
      • အဆင်ပြေမယ်ဆိုရင် မေးထဲကို ပို့ပေးပါဗျာ ဒေါင်းလို့အဆင်မပြေဘူးဖြစ်နေလို့ မွေထိုင်း စာအုပ်လေး လိုချင်ပါတယ်
  10. Pingback: လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်) | Thaing Wizard
  11. ကျေးဇူး အထူး အထူးတင်ပါတယ်..တကယ်ပါ ရင်ဘတ်ကြီတခုလုံးနဲ့ ပါ
  12. Pingback: ဂျီကွန်ဒို (ကွန်ဖူးစိုးမြင့်) | Thaing Wizard
  13. စာအုပ်တွေက ဘာလို့ဒေါင်းမရတာလဲ ဗျ …တင်ပေးရင်လဲ သေချာတင်ပေးပါ
    • စာအုပ်တိုင်း download ဆွဲလို့ ရပါတယ်ဗျာ.. တစ်ခုတော့ ရှိတယ်ဗျ… ဒီ page က စာအုပ်တိုင်းက upload မတင်ရသေးပါဘူး။ စာအုပ်နာမည်အောက်မှာ “Download” လို့ အပြာရောင်နဲ့ ရေးထားတဲ့ စာအုပ်တွေပဲ download ဆွဲလို့ရသေးတာပါ။ လတ်တလောမှာတော့ ၆ အုပ် download ဆွဲလို့ ရနေပါပြီ။ သေချာပြန်ကြည့်ကြည့် ပါဦးဗျာ…ကျန်တဲ့စာအုပ်တွေကလည်း တဖြည်းဖြည်းနဲ့ ebook လုပ်ပြီး တင်ပေးသွားမှာပါ။ နောက်လည်း အဆင်မပြေတာများရှိရင် ခုလိုပဲ ပြောနိုင်ပါတယ်ဗျ… လာလည်တဲ့အတွက် ကျေးဇူးပါ။
    • ဒေါင်းလို့ရပါတယ်ဗျာ သေချာလေးကြည့်ပါဦး အင်းတာနက်လိုင်းများပြုတ်နေလားလို့
      တင်ပြီးသားတွေအားလုံးရတယ်
  14. မြန်မာရိုးရာဗန်ဒိုဗန်ရှည်သိုင်းစာအုပ်လေးရရင်တင်ပေးပါဗျာ
    • “မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်” က ပြုစုထားတဲ့ “မြန်မာ့ကိုယ်ခံပညာ နိသျည်းများ” ဆိုတဲ့ စာအုပ်လေးကို အရင်ဖတ်ထားနှင့်ပါဗျာ… အဲ့ဒီ စာအုပ်ထဲမှာ ပါတာတွေက ဗန်တို၊ ဗန်ရှည် ပညာရပ်ကို လေ့လာသူတိုင်း အရင်ဆုံး ကျင့်သင့်တဲ့ အခြေခံအကွက်တွေမို့ပါ။ ဒီမှာပါ။ http://thaingwizard.wordpress.com/2013/02/21/myanmar-self-defence-methods-book/
      နောက်ထပ် ဗန်တို၊ ဗန်ရှည်နဲ့ ပတ်သတ်တဲ့ စာအုပ်တွေလည်း တင်ပေးပါဦးမယ်။ လတ်တလောမှာ စာအုပ်လုပ်လို့ မပြီးသေးလို့ပါ။
  15. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
  16. Pingback: ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း) | Thaing Wizard
    • Hi HC. The book you want is a little difficult in scanning process and so I decided to retype the whole book by myself. After then I will upload it. This may take about two months. So, please be patient and enjoy with other books that I uploaed. I’m very thanks for your interesting and visiting to Thaing Wizard website.
  17. ကိုအောင်သူထက် ရေ ကျနော့်မှာ
    (၁) (၃၇)ချင်း နန်းစဉ်ဓားရေး – မင်းယက္ခ
    (၂) တုတ်ရှည်သိုင်း – ဦးချစ်သန်း
    (၃) မြန်မာ့ဓား – မင်းယက္ခ
    (၄) တုတ်ရိုက်ဓားခုတ် ခုခံနည်းများ – ဦးချစ်သန်း
    (၅) အတွင်းအားပညာ – (?)
    အဲ့ဒါတွေ ရှိပါတယ်။ သို့သော်လည်း Scan ဖတ်ပေးဖို့ရာ အလုပ်တာဝန်တွေကများလေတော့ ခင်ဗျား လုပ်ပေးနိုင်ရင် ငှားမယ်ဗျာ။
    ကျနော်လိုချင်နေတာက တင်ကျည်းတုတ်သိုင်း – မင်းယက္ခ စာအုပ်ဗျ။
    • ဟုတ်… အဲ့ငါးအုပ်လုံး ရနိုင်ရင် ငှားချင်ပါတယ်။ သင်္ကြန်ပြီးကျ အစ်ကို့ကို ကျွန်တော် ဆက်သွယ်မယ်ဗျာ။
  18. Bro can I have book ( secret bando banshay) which u said u will upload later and Bruce lee fighting method book 1 and 2 translated by sayargyi u pyi thein ? Can u pls send to my mail [email protected]. I appreciate ur help. Pls upload more about bando martial art? Cheers
    • Yes, Ko Adman Griever. I’ill upload that books but not now. I ever try to upload a new book weelky but I need more time to upload that books. Please be patient. When Bruce Lee’s Fighting Method that are translated by Sayagyi U Pye Thein is ready for download, I’ll mail to you. I’ll also try to upload More Books about Myanmar Martial Arts too. Thanks for your interesting and visiting.
  19. အခုလို သိုင်းဝပ်ဆိုက်ပေါ်လာတာ တစ်ကယ်ကောင်းတာပါ ကျေးဇူးလည်းတင်မိပါတယ်
    ကျွန်တော် အင်တာနက်မှာ ရှာလာတာကြာပြိ အတိုအထွာကလွဲလို.ဒီလိုပြည်.ပြည်.စုံစုံ
    သိပ်မရှိပါဘူး အလုပ်အားရင် ဘာလော.တစ်ခုလောက် ရေးဖို.စိတ်ကူးမိပင်မဲ. နှစ်သာကြာလာတယ်
    မလုပ်မိပါဘူးဗျာ
    ကိုအောင်သူထက်ရေ ကျေးဇူးတင်ပါတယ် တစ်ကယ်ကိုလည်းကောင်းပါတယ်ဗျာ
    မြန်မာ.သိုင်းကို ပိုးတိုးတက်တက်အောင် လုပ်ကိုင်နိုင်တာပေါ.ဗျာ
    စောညို ရေးခဲ.တဲ. ကရာတေးသိုင်းပညာဆိုတာ ရှိရင်တင်ပေးပါအုန်း
    ကျွန်တော.မှာ စာအုပ်တော.ရှိတယ် တော်တော်ဟောာင်းနေလို.ကရာတေးစာအုပ်တွေ
    အင်္ဂလိပ်လို. ဖြစ်ဖြစ် မြန်မာလိုဖြစ်ဖြစ်ရရင် တင်ပေးပါအုန်းဗျာ
    ကွန်ဖူးစိုးမြင်.စာအုပ်အကုန်ရရင်လည်းလိုချင်တယ်ဗျို.
    • ဟုတ် အစ်ကို… ခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်။ ဝေဖန်အကြံပေးချင်တာများ ရှိလာရင်လည်း [email protected] ကို email ပေးပို့ ပြောကြားနိုင်ပါတယ်။ စာအုပ်တွေကိုလည်း တတ်နိုင်သမျှ အမြန်ဆုံး ebook လုပ်ပြီး တင်နိုင်ဖို့ ကြိုးစားနေပါတယ်။ Facebook သုံးတယ်ဆိုရင်လည်း http://www.facebook.com/groups/thaingwizard/ ကို အလည်လာခဲ့ပါဦး။ အဲဒီမှာ သိုင်းပညာနဲ့ ပတ်သတ်ပြီး မျှဝေမှု၊ ဆွေးနွေးမှုတွေ လုပ်နိုင်ပါတယ်။ သိုင်းပညာကို ၀ါသနာပါသူတွေ ဆုံစည်းနိုင်ဖို့ စုရပ်တစ်ခုအနေနဲ့ facebook မှာ group ဖွဲ့ထားတာဖြစ်ပါတယ်။
  20. ထိုက်ချိနဲ့ပတ်သက်တာလေးတွေရှာပေးပါဦးနော်……
    • ဟုတ်ဗျ။ လောလောဆယ်တော့ http://www.youtube.com/watch?v=JIZVuFr9SAM မှာ ကြည့်ကြည့်ပါ။ Tai Chi 24 From ကို အင်္ဂလိပ်လို အသေးစိတ် ရှင်ပြရင်း သရုပ်ပြထားတာမို့ လိုက်လုပ်မယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။
      ဒါက (http://www.youtube.com/user/drpaullamtaichi?feature=watch) သူ့ရဲ့ youtube channel ပါ။ အဲ့မှာ ထိုက်ချိနည်းစနစ်တွေ လေ့လာနိုင်ပါတယ်။
  21. သိုင်းပြောင်းပြန်နဲ့ပက်သက်တဲ့စာအုပ်လေးတွေတင်ပေးပါဦး
    • ဟုတ် တင်ပေးဖို့ အစီအစဉ်ရှိပါတယ်။ လိုအပ်တာရှိရင်လည်း အကြံပေးနိုင်ပါတယ်ဗျာ… ကျေးဇူးပါ။
  22. ဘရုစ်လီ၏ တိုက်ခိုက်နည်းများ အဆင့်မြင့် နည်းစနစ်ပညာ ၁ (ဦးပြည်သိမ်း)
    အမြန်​တင်​​ပေးပါ ဖတ်​ချင်​​နေပြီ
    ဓာတ်​ပုံအရည်​အ​တွေး​ကောင်း​ကောင်းလုပ်​​ပေးပါ
    • အင်္ဂလိပ်လို မူရင်းစာအုပ်ကတော့ ဒီမှာ တင်ထားပေးပြီးပါပြီဗျာ။ ဘာသာပြန်ကတော့ မတင်ဖြစ်သေးတာက လက်ထဲမှာ copy စာအုပ်ပဲရှိတော့ ဖတ်ရသူတွေ အဆင်မပြေမှာစိုးလို့ပါ။ အမြန်ဆုံးတင်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ ကျေးဇူးပါ။
  23. သိုင်းပြောင်းပြန်နဲ့ပတ်သက်တဲ့စာအုပ်တွေ ရှာလို့ကိုမတွေ့တော့ဘူး….ရှိရင် share ပေးကြပါဗျာ….ကျေးဇူးတင်ပါတယ်….
  24. ဂျိကွန်​ဒိုပညာကို အရမ်းကြုက်​ပါတယ်
    အားလုံးထက်​ပိုပြီး
    ဖြစ်​နိုင်​ရင်​ ၎င်းနှင့်​ပတ်​သတ်​သမျှ တင်​​ပေးပါ
  25. သိုင်းပြောင်းပြန်တိုက်ကွက်သရုပ်ဖော်ပုံရှိရင်တင်ပေးပါ
  26. ဟုတ်​ကဲ့အကိုအ​ပေါ်ကစာအုပ်​​တွေကdownloadမရဘူးဖြစ်​​နေတယ်​။
    • ကွန်​ဖူးစာအုပ်​အသစ်​ထွက်​မျှအကုန်​တင်​​ပေးပါ
      • အကိုဖြစ်​နိုင်​ရင်​ကျားနှင့်​ကြိုးကြာယှဉ်​တိုက်​သိုင်းဆိုတဲ့စာအုပ်​ကိုdownloadအမြန်​ရ​အောင်​လုပ်​​ပေးပါ
    • ဘယ်စာအုပ်မရတာလဲဗျ။ နံပါတ်-၁ ကနေ နံပါတ်-၁၆ အထိ ၁၆-အုပ်ပဲ တင်ရသေးတာဗျ။ အဲ့စာအုပ်တွေ အကုန် Download လုပ်လို့ရပါတယ်။ မရတဲ့စာအုပ်နာမည်ကို ပြောစေချင်ပါတယ်။ ပြန်စစ်ကြည့်မလို့ပါ။
      • ပြင်းထန်​​သော​ခြေကန်​ချက်​များစာအုပ်​ရဲ​အော့က်​ကစာအုပ်​​တွေအကုန်​လုံးdownloadမရဘူးဖြစ်​​နေတယ်
        • ဟုတ်။ အဲ့ဒါတော့ အမှန်ပဲ။ မရဆို မတင်ရသေးဘူးလေဗျ။ နံပါတ်(၁)ကနေ နံပါတ်(၁၆)ထိပဲ တင်ရသေးတာ။ ကျန်တာတွေက နောက်ပိုင်းမှ တဖြည်းဖြည်းချင်း scan ဖတ်ပြီး တင်ပေးသွားမှာဖြစ်ပါတယ်။
        • ဘယ်လောက်ကြာမလဲ ဆိုတာကတော့ ပြောရခက်တယ်ဗျ။ စစချင်းကတော့ တစ်ပတ်မှာ တစ်အုပ်ဖြစ်ဖြစ် နှစ်အုပ်ဖြစ်ဖြစ် တင်ပေးနိုင်မယ်လို့ ထင်ခဲ့မိပါတယ်။ လက်တွေ့မှာတော့ မလုပ်နိုင်ခဲ့ဘူးဗျ။ နှစ်ပတ်တစ်အုပ်လောက်တော့ တင်နိုင်အောင် ကြိုးစားပါ့မယ်။ ဒီကြားထဲမှာတော့ ၀ါသနာရှင်တွေအတွက် အသုံးဝင်လောက်မဲ့ ဆောင်းပါးတွေကို ရှာဖွေပြီး တင်ပေးသွားပါ့မယ်။ အာပေးနေတဲ့အတွက် ကျေးဇူးပါဗျာ။
        • ကျွန်​​တော့ကိုရရင်​ကျားနှင့်​ကြိုးကြာယှဉ်​တိုက်​သိုင်းစာအုပ်​ကိုကျွန်​​တော်​ကြိုက်​လို့ပါဖြစ်​နိုင်​ရင်​မြန်​မြန်​downloadရ​အောင်​လုပ်​​ပေးပါလား
    • အကိုပြင်းထန်​​သော​ခြေကန်​ချက်​များစာအုပ်​​အောက်​ကစာအုပ်​​တွေကDownloadရဖို့တစ်​လ​လောက်​​ဆောင့်​၂့​ရဦးမှာလား
      • ကျားနှင့်​ကြိုးကြာယှဉ်​တိုက်​သိုင်းဆိုတဲ့စာအုပ်​ကို​နောက်​ထပ်​ဘယ်​မှာရနိုင်​​သေးလည်း
      • စာအုပ်တွေကို ebook ပြန်လုပ်ဖို့က နည်းနည်းလက်ဝင်တယ်ဗျ။ တစ်ပတ်ကို တစ်အုပ် ဒါမှမဟုတ် နှစ်ပတ်ကို တစ်အုပ်လောက်တော့ တင်ဖြစ်အောင် ကြိုးစားပါ့မယ်ဗျာ။ ကျေးဇူးပါ။
  27. ကျားနှင့်​ကြိုးကြာယှဉ်​တိုက်​သိုင်းဆိုတဲ့စာအုပ်​ကို​နောက်​ထပ်​ဘယ်​မှာရနိုင်​​သေးလည်း
    • အကိုကျားနှင့်​ကြိုးကြာယှဉ်​တိုက်​သိုင်းဆိုတဲ့စာအုပ်​ကိုdownloadရ​အောင်​မြန်​မြန်​လုပ်​​ပေးပါ
  28. ထိုက်​ကျ စာအုပ်​​လေးတင်​​ပေးပါလားဗျာ ​ကျေးဇူးပြုပြီး
    • ဒီဟာလေးကြည့်ပြီး ကစားကြည့်ပါလားဗျ။ http://www.youtube.com/watch?v=H4BWuX20_nY လေးနာရီစာ ထိုက်ချိကစားနည်း ဗီဒီယိုလေးပါ။ စာအုပ်တွေကတော့ ရှိပါတယ်။ ဒါပေမယ့် လတ်တလောမှာ တင်ဖြစ်ဦးမှာ မဟုတ်သေးဘူးဗျ။ နောက်ပြီး စာအုပ်ဖတ်တာထက် ဗီဒီယိုကြည့်ပြီး လုပ်ရင် ပိုလွယ်မှာမို့ ဒီဟာလေးကို ညွှန်းတာဖြစ်ပါတယ်။ နောက်လဲ လိုအပ်တာရှိရင် အကြံပေးနိုင်ပါတယ်။ ကျေးဇူးပါ။
  29. မင်းယက္ခရဲ့ မြန်မာ့ဓား စာအုပ်ကလေး လိုချင်ပါတယ်ဗျာ
  30. နောက်ထပ်e-booksတွေ မတင်တာကြာပြီနော် ဘာဖြစ်လို့လဲဗျ
    • ဟုတ်ကဲ့။ မအားလို့ မလုပ်ဖြစ်တာပါ။ အသစ်တွေ ဆက်ပြီး တင်နိုင်အောင် ကြိုးစားပါ့မယ်။ ခုလိုမျိုး အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျာ။
  31. လာလည်​သွားပါတယ်​။ အရမ်းကြိုက်​ပါတယ်​။ ကျွန်​​တော့်​ site မှာ Link လုပ်​​ထားလိုက်​ပါ့မယ်​။
  32. ကိုအောင်သူထက်ရေ….သိုင်းပြောင်ပြန်ဒုတိယတွဲလေးအမြန်ဆုံးတင်ပေးပါလား
    ပြီးတော့..သေနတ်မှာမောင်းပြန်..သိုင်းမှာပြောင်းပြန်စာအုပ်ရှိရင်လည်းတင်ပေးပါအုံးဗျ
    ကျေးဇူးအထူးတင်ပါတယ်ဗျာ
  33. သိုင်းပြောင်းပြန်တုတ်သိုင်းစာအုပ်လေးတင်ပေးပါ
  34. Pingback: သိုင်းပြောင်းပြန် ပညာစဉ်၊ သမားစဉ် ဂါရဝပြု အခမ်းအနား | Thaing Wizard
  35. ကျွန်တော်ဆီမှာ တင်ကျည်းတုတ်သိုင်းစာအုပ်၊ ဆရာကြီးဦးချစ်သန်း ဓါးခုတ် တုတ်ရိုက် ခုခံနည်းစာအုပ် ဆရာကြီးဦးပြည်သိမ်းရှောင်လင်မုန်တိုင်းလက်နှစ်အုပ်တွဲ၊ ဆရာကြီးဦးပြည်သိမ်းခရာတေး (၁၊၂၊၃၊၄)တွဲစာအုပ် ၊ တရုတ်ကျန့်ဓားသိုင်းစာအုပ် ၊ ဆရာကြီးကွန်ဖူးဦးစိုးမြင့် အဆင့်မြင့်ဗန်ဒိုထိမ်းချုပ်နည်းစာအုပ် ၊ ဆရာကြီးဦးစိုးမြင့် ထိုက်ချိစာအုပ်၊ စောညို ဂျူ တိုစာအုပ်၊ဆရာရန်နိုင်(နဂါးရာဇာသိုင်းသင်တန်းကျောင်း)ရဲ့ ဗန်ဒိုသင်ရိုးညွှန်းတမ်းစာအုပ်များ(၁အဆင့်မှဆရာအဆင့်ထိ) ကွန်ဖူး သင်ရိုးညွှန်းတမ်း(၁အဆင့်မှ ဆရာအဆင့်ထိ)၊ ဆရာဥိးချစ်သန်းရဲ့ လက်သီးထိုးခုခံနည်းများစာအုပ် စသည့်စာအုပ်များ ရှိပါသည် သူငယ်ချင်းလိုအပ်ရင်ငှားပါမည် ။
    ကျွန်တော် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကလေးတွေနဲ့ မိဘမဲ့ ကလေးတွေကို စိတ်ဓါတ်ခွန်အား ရှိအောင် ကိုယ်ကိုကိုယ် ယုံကြည်မှုရှိအောင် ပညာဒါနသိုင်းပညာ အခမဲ့ သင်ပေးခွင့်ရအောင် ကျွန်တော်ကြိုးစားနေပါတယ် အခုဆရာအင်အားလိုအပ်နေပါတယ် သူငယ်ချင်းတို့ ပါဝင်ကူညီစေချင်ပါတယ် သင်ရိုးညွှန်းတမ်းကို အခမဲ့ သင်ပေးပါမည်။ မှတ်ချက် (အခြေခံ သိုင်းပညာ တစ်ခုခုတော့ တက်ရမည်) [email protected] ကိုဆက်သွယ်ပါ။
    • ဟုတ်ဗျ။ ကျေးဇူးပါ။ စာအုပ်တွေတော့ ငှားချင်ပါတယ်။ ဒါပေမယ့် ခုလောလောဆယ်တော့ ebook လုပ်ဖို့ အချိန်မရသေးလို့ ငှားရမှာ အားနာတယ်ဗျ။ နောက်ပိုင်း လုပ်ဖြစ်တဲ့အခါ ငှားပါရစေ။ အဲ့ဒီ email ကနေပဲ ဆက်သွယ်လိုက်ပါ့မယ်။ ပညာဒါနသိုင်းသင်ပေးဖို့အတွက် ကိစ္စကတော့ ကျွန်တော် facebook ပေါ်က သိုင်းနဲ့ပတ်သတ်တဲ့ group တွေထဲမှာ မေးကြည့်ကြည့်ဦးမယ်ဗျ။
    • အကို.ဆီမှာရှိတဲ.စာအုပ်တွေကူးချင်ပါတယ်……………..ကျွှန်တော်ကလူငယ်သိုင်းကကျော်မင်းထွန်းပါ……………ph;09260201917
  36. ကျန်နေသေးတဲ့စာအုပ်တွေကို
    ဒေါင်းလို့ရအောင်လုပ်ပေးပါဦး။
    အားပေးနေပါတယ်။
    ကျေးဇူးလဲတင်တယ်။
  37. Pingback: ကမ္ဘောဇ နန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန် အခြေခံ ကျင့်စဉ်များ | Thaing Wizard
  38. အသုံးချကရာ​တေးအတွဲ ၃ တင်​​ပေးနိုင်​မလာခင်​ဗျာ
  39. လိုအပ်​သည့်​စာအုပ်​များကို comment တွင်​​ရေးသွားနိုင်​ပါသည်​ကူညီနိုင်​ကကူညီပါမည်
  40. ဖြစ်နိုင်ရင် တင်ကျည်း တုတ်သိုင်းနှင့် နန်းစဉ်ဓားရေး ၃၇ ချင်း စာအုပ်လိုချင်ပါတယ်
    • ဟုတ်ကဲ့… မအားသေးလို့ပါ။ နောက်ပိုင်းကျရင် ebook လုပ်ပေးပါ့မယ်။ လိုတာရှိလည်းပြောပါ။
      • ဘယ်မှာ ဝယ်လို့ရလဲမသိဘူး
        ကျွန်တော်က မြန်မာကမဟုတ်လို့
        Online ga nay bal lo buy lo ya Lae ma Thi bu
        • http://thaingwizard.wordpress.com/2013/11/18/martial-arts-book-news/ မှာ ရေးထားပါတယ်။ အဲ့မှာဖော်ပြပေးထားတဲ့ စာအုပ်တွေကတော့ နိုင်ငံခြားကနေလည်း လှမ်းမှာလို့ရပါတယ်။ ပါရမီစာပေက လုပ်ပေးတာဖြစ်ပါတယ်။ တခြားသိုင်းစာအုပ်တွေကတော့ မရနိုင်ပါဘူး။ လိုချင်ရင် ကိုယ်တိုင် စာအုပ်အဟောင်းဆိုင်တွေမှာ လိုက်ရှာဝယ်နိုင်မှရမှာ ဖြစ်ပါတယ်။
    • နန်းစဉ်ဓားရေး ၃၇ တင်ပေးပါအုံး ဖတ်ချင်ပါတယ် ခင်ဗျား
  41. မြန်မာ့သိုင်းပညာသမိုင်း စာအုပ်များရနိုင်မလားခင်ဗျာ ကျနော်၂၀၀၀ပြည့်နှစ်လောက်ကတည်းကရှာနေတာပါ…ကျေးဇူးတင်လျှက်
    • ရနိုင်ပါတယ်။ ရန်ကုန်ကဆိုရင် တော်ဝင်စင်တာ တတိယထပ်က Tab စာအုပ်ဆိုင်မှာ ၀ယ်နိုင်ပါတယ်။ original တော့ မဟုတ်ပါဘူး။ ကော်ပီတွေပါ။ ဈေးနှုန်းက ၃၆၀၀ ဖြစ်ပါတယ်။ နောက် ရှောင်လင်မုန်တိုင်းလက်၊ ဘရုစလီခြေကန်နည်း၊ ထိုက်ချိ ၈၈ ကွက် စာအုပ်တွေလည်း ကော်ပီတွေ အဲ့ဒီမှာ တွေ့ပါတယ်။ သွားကြည့်ကြည့်ပါ။ တခြားစာအုပ်တွေလည်း ထပ်ပြီး တင်ထားချင် တင်ထားပါလိမ့်မယ်။
      • ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ဒီထက်ပိုပြီးအများအကျိုးသယ်ပိုးနိုင်ပါစေ။ အလုပ်တွေတော်တော်များနေလို့ ဒီpage ကို မရောက်ဖြစ်လို့ တင်ထားတဲ့ စေတနာရှင်ကို အားနာမိပါတယ် ကိုယ်ကတောင်းထားပြီး မရောက်ဖြစ်ခဲ့တာ စိတ်မရှိပါနဲ့ခင်ဗျာ။
  42. ထိုက်ချိ သိုင်း စာအုပ်လေး တင်ပေးစေလိုပါတယ်
    • ဟုတ်ကဲ့။ စာအုပ်တွေတော့ရှိပါတယ်။ နောက်ပိုင်းအဆင်ပြေရင် လုပ်ပေးသွားပါ့မယ်။ အခုလောလောဆယ်တော့ လုပ်ဖြစ်ဦးမှာ မဟုတ်သေးဘူးဗျ။ ဒါပေမယ့် ထိုက်ချိစာအုပ်လိုချင်ရင် တော်ဝင်စင်တာက Tab Book Store မှာ ရှိပါတယ်။ ဆရာကြီး ကွန်ဖူးစိုးမြင့်ရဲ့ ထိုက်ချိ-၈၈-ဖောင် ကစားနည်းစာအုပ် ကော်ပီဝယ်လို့ရပါတယ်။ ရောင်းဈေးက ၃၆၀၀ လောက် ဖြစ်ပါတယ်။
  43. ဓားနှစ်​လက်​သိုင်းစာအုပ်​မှာကစာမျက်​ကျန်​​နေသလိုပဲမာတိကာမှာက၁၀၈မျက်​နှာထိရှိပါတယ်​ပြီး​တော့bruce lee fighting method 3 စာမျက်​နှာ​တွေကပြတ်​​နေပါတယ်​နည်းနည်း​​ပြန်​စစ်​ကြည့်​​ပေးပါ။ကျေးဇူးပါ။
    • ဟုတ်ကဲ့။ ခုလို အသိပေးတာကျေးဇူးပါ။ ဓားနှစ်လက်သိုင်းစာအုပ်က ကျွန်တော်လက်ထဲမှာ မရှိတာမို့ ခုချက်ချင်းတော့ ပြန်လုပ်ပေးဖြစ်ဦးမှာ မဟုတ်ဘူးဗျ။ စာအုပ်လုပ်ပေးတဲ့အစ်ကိုကို ပြန်ပြီးအကူအညီတောင်းကြည့်ပါဦးမယ်။ bruce lee fighting method 3 ကတော့ ကျွန်တော် ကိုယ်တိုင်လည်း အင်တာနက်ကနေပဲ download ယူပြီး ပြန်တင်ထားတာပါ။ တစ်ချို့စာမျက်နှာတွေမှာ စာရွက်ဘေးသားတွေ ပျက်နေတာ ဟုတ်ပါတယ်။ အဲ့ဒီအတွက်တော့ update လုပ်လို့ရမှာ မဟုတ်ဘူးဗျ။ ကျေးဇူးပါ။ တခြားလိုအပ်တာများတွေ့ရင်လည်း အခုလိုပဲ အကြံပေးနိုင်ပါတယ်ခင်ဗျာ။
  44. အကိုကျွန်တော်နယ်ကပါသိုင်းပြောင်ပြန်စာအုပ်အစုံလိုချင်ပါတယ်အခုသိုင်းပြောင်ပြန်လက်သိုင်းနှင့်ဓါးနှစ်လက်စာအုပ်ဒေါင်းတာအဆင်မပြေပါအဆင်ပြေအောင်တင်ပေးစေခြင်ပါတယ်ကျေးဇူးတင်ပါတယ်
    • ဟုတ်ကဲ့ ယခုတင်ပေးထားတဲ့ သိုင်းပြောင်းပြန်စာအုပ်က ပထမတွဲလို့ အမည်တပ်ထားပေမယ့် ဒုတိယတွဲ ဆက်လက်မထွက်ဖြစ်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အစ်ကိုပြောတဲ့အတိုင်း သိုင်းပြောင်းပြန်လက်သိုင်းစာအုပ်နဲ့ ဓားနှစ်လက်သိုင်းစာအုပ်တွေမှာ download အခက်အခဲရှိနိုင်ပါတယ်။ ပုံမှန်ဆိုရင် စာအုပ်တစ်အုပ်ကို file size 10 MB ၀န်းကျင်ထက် မကျော်အောင် လုပ်ပါတယ်။ ယခုစာအုပ်များမှာတော့ စေတနာရှင် အစ်ကိုများက ebook လုပ်ပြီး ကျွန်တော့်ဆီ ပို့ပေးခဲ့တာတွေမို့ file size အတွက် ပြန်ချုံ့ပေးဖို့ မဖြစ်နိုင်သေးပါ။ နောက်ပိုင်း အဆင်ပြေရင်တော့ ယခုစာအုပ်တွေကို ebook ပြန်လုပ်ပေးပါ့မယ်ဗျာ။ အစ်ကိုက နယ်ကဆိုပေမယ့် ရန်ကုန်ကို လူကြုံရှိတယ်ဆိုရင် သိုင်းပြောင်းပြန်စာအုပ်ကို ၀ယ်ခိုင်းလို့ရပါတယ်။ ပန်းဆိုးတန်းတစ်ဝိုက်က စာအုပ်အဟောင်းဆိုင်တွေမှာ ကော်ပီတွေရောင်းပါတယ်။ ရောင်းဈေးကတော့ ၂၀၀၀ နဲ့ ၃၀၀၀ ကြားလောက်ရှိပါလိမ့်မယ်။ ကျေးဇူးပါ။ တခြားလိုတာရှိလည်းပြောပါ။
  45. Download ဆွဲရတာအဆင်မပြေဘူးဗျ
    ဘယ်လိုဆွဲရမလဲ ပြောပါဦး
    အရင်တုန်းက အဆင်ပြေတယ်
    အခုမရတော့ဘူး
  46. အခုလို အားတဲ့အချိန်လေးမှာ အားသလိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်မျာ
    • နောင်မှာ လိုအပ်တာလေးများရှိရင် တစ်ထောင့်တစ်နေရာကနေ ပါရမီဖြည့်ချင်ပါတယ်ခင်မျာ
        • ကြိုးဝိုင်းနည်း စာအုပ်ရှိရင်လည်း တင်ပေးပါအုံးခင်မျာ အခုလို စာအုပ်ကောင်းတွေတင်ပေးတဲ့ ဆရာသမား များကို ကျေးဇူးတင် ဂါရပြုပါတယ်ခင်မျာ
  47. ကိုအောင်သူထက်ခင်ဗျာ………………
    အခုလိုစာအုပ်ကောင်းတွေတင်ပေးတဲ့အတွက်ကျေးဇူးပါ။အကွက်သိုင်း။ေ၇ှာင်လင်မုန်တိုင်းလက်ရင်ဆိုင်တိုက်နည်း။ဘရုစလီပွဲတွေ့ကွန်ဖူး(၁)(၂)(၃)တို့ တင်ပေးဖို့ တောင်းဆိုပါတယ်။
    • ဟုတ်ကဲ့။ ကြိုးစားပါ့မယ်။ ရှောင်လင်မုန်တိုင်းလက်နဲ့ ဘရုစလီကွန်ဖူး စာအုပ်တွေကတော့ တော်ဝင်စင်တာက Tab Book Store မှာ ရှိမလားပဲ။ အရင်က ကော်ပီတွေ ရောင်းတာတွေ့ဖူးပါတယ်။
  48. သိုင်းကျောင်းလိပ်စာတွေဖော်ပြဖို့ တောင်းဆိုပါတယ်။ ။
    thankyou…………………….thaing wizard
  49. အကိုကျွန်တော့် ကိုလေ ဦးပြေသိမ်းရဲ့ ကျားနှင့် ကြိုးကြာယှဉ်တိုက်သိုင်း ကိုတင်ပေးလို့ ရလားမသိဘူး…………….
    • ဆရာကြီးက ဆင်မလိုက်၊ ဘုရင့်နောင်လမ်းမပေါ်မှာ အရိုးအကြောဆေးခန်းဖွင့်ထားပါတယ်။ သိုင်းသင်တန်းတော့ မဖွင့်တော့ပါဘူး။
  50. အကြောတွေပျော့သွာ:အောင်လေ့ကျင့်နည်:လေ:ပေ:ပါလာ:ပေါင် ကာ:နိုင်အောင် လို့စာအုပ် တွေကိုdownထာ:လိုက်တယ် တစ်ကယ့်ပါရမီရှင် ပဲဒီလိုလုပ်ဖို့ဆိုတာမလွယ်ဘူ:နော်ကြို:စာ:ပါအာ:ပေ:နေပါတယ်
  51. ကျွန်တော်ဘာမှမတတ်ပါဘူးအခုကျွန်တော့်ကိုရန်ရှာတဲ့သူရှိနေတယ်အစကတော့ရှောင်ပါတယ်ဒါပေမယ့်လွန်လာတော့ဆုံးမချင်လာတယ်မြန်မြန်တတ်မယ့်ပညာလေးပြောပြပေးပါကျွန်တော့်မှာသင်တန်းတတ်ဖို့အချိန်မရှိလို့ကျေးဇူးတင်ပါတယ်
    • ဟုတ်… လိုအပ်မယ်ဆိုရင် ဆရာကြီးကွန်ဖူးစိုးမြင့်ရဲ့ “လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ” စာအုပ်ကို download ယူနိုင်ပါတယ်။ ရုတ်တရတ် ရန်မူခံရတဲ့ အခြေအနေတွေမှာ ပြန်လည်တုံ့ပြန်နိုင်ဖို့ နည်းစနစ်တွေချည်း ရေးထားတဲ့စာအုပ်ပါ။
      http://thaingwizard.wordpress.com/2013/02/27/self-defence-in-every-emergency-book/
  52. အကိုေ၇…….အသုံးခြကရာတေးအတွဲ ၃ ။ကဘာ့သတ်ပုတ်နည်းများ တို့ ဘယ်တော့တင်မလဲခင်မျာ။
    • ဟုတ် အခုလောလောဆယ် မအားလို့ စာအုပ်အသစ် မလုပ်ဖြစ်သေးပါဘူး။ ဒါပေမယ့် နောက်ပိုင်း ဆက်လုပ်ဖို့ အစီအစဉ်တော့ရှိပါတယ်။
    • သိုင်းစာပေရယ်လို့ သီးသန့်မရှိပါဘူး။ သိုင်းပညာရပ်ဆိုင်ရာ စာအုပ်တွေက စာအုပ်အဟောင်းဆိုင်တွေမှာပဲ ရပါတော့တယ်။ သိုင်းစာအုပ်ဝယ်မယ်ဆိုရင် Tab Book Centre အပြင် မြို့ထဲပန်းဆိုးတန်းတစ်ဝိုက်က စာအုပ်အဟောင်းဆိုင်တွေမှာ ရှာဝယ်မှပဲရပါမယ်။
  53. တိုက်​ချိချွမ်​သိုင်း စာအုပ်​တင်​​ပေးပါလား
  54. ​အောက်​လမ်းမည်းပညာ​တွေ၇ှိ၇င်​တင်​​ပေးပါလားဟင်​ဗဟုသုတ​ပေါ့
  55. ကျေးဇူးတင်ပါတယ် ဗျာ ကျနော်တို.ရဲ. ရိုးရာသိုင်းပညာနဲ. ပက်သက်ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းပေးတဲ.အတွက် လေး စားပါတယ်
    နောက်တခု က ဗျ ဆရာဒီပံလင်း လားတော.မသိဘူး မုဒြာတွေရဲ. ပါဝါအကြောင်းကို ရေးထားတဲ. စာအုပ်ဖတ်ချင်ပါတယ်ဗျာ
    • ဟုတ် ဆရာဒီပံလင်းရေးတဲ့ မုဒြာပါဝါအကြောင်းစာအုပ်တော့ ကျွန်တော့်မှာ မရှိပါဘူး။ ခုလတ်တလောဖတ်ချင်တယ်ဆိုရင်တော့ Myanmar Fitness Game website က အကိုတစ်ယောက်ရေးထားတဲ့ “Fitness ကစားတဲ့ဂိမ်း”စာအုပ်ကို download ဆွဲပြီး ဖတ်နိုင်ပါတယ်။ အဲ့ထဲမှာ မုဒြာအသုံးချနည်းတွေ ပါပါတယ်။ စိတ်ဝင်စားရင် ဒီမှာကူးယူနိုင်ပါတယ်။ http://myanmarfitnessgame.wordpress.com/2014/04/06/myanmar-fitness-game-ebook-2nd-edition/
  56. ဆရာကြီးဦးချစ်သန်း။ဆရာကြီးဦးပြည်သိမ်းတို.စာအုပ်တွေကိုကူးချင်ပါတယ်။ဒါ.ကြောင်.ဆရာကြီးတို.ရဲ.မိသားစုတွေရဲ.လက်ရှိလိပ်စာကိုတင်ပေးပါအကို။ဆရာ.ဆီမှာပညာသင်ခဲ.တဲ.တပည်.တွေရဲ.လိပ်စာတွေပါတလက်စတည်းတင်ေးပါ။ ။
  57. thank u bro for ur invaluable work. If u can I would like to ask for u some more books about Thaing Byaung Byan and အကွက်သိုင်း by ဆရာကြီးဦးပြည်သိမ်း. May u be a scholar in every existence of ur circle of life!!! Never mind I have difficulties writing Burmese.
  58. ဖြစ်နိုင်ရင်ဝါးရင်းဒုတ်သိုင်းကိုတင်သေးစေချင်ပါတယ်
  59. တင်​ ကျည်းပညာရပ်​​လေးတင်
  60. သိုင်းပြောင်းပြန် ဒုတိယတွဲ တင်ပေးစေချင်ပါတယ်
    မြန်မာ့သိုင်းပညာကို ပြန်လည်ပြန့်ပွားစေအောင် တင်ပေးတာကောင်းပါတယ်
  61. ဆရာကြီးသန်လျင်ဦးအောင်သိန်းရဲ့ သိုင်းပြောင်းပြန်အတွဲ ၂ ရှိရင်တင်ပေးပါအုံးဗျာ
  62. သိုင်းပညာနှင့် ပတ်သက်သော ရှား ပါး စာအုပ် စာတမ်း တွေ စနစ်တကျ စု စည်း ဝေငှ ပေးတာ ကျေးဇူးတင်ပါတယ်။
    (မြန်မာ့လက်စွဲ အောင်ဇေယျသိုင်းအဖွဲ့)
  63. ကျေးဇူးတင်ပါတယ်။ ။ဆရာကြီးကွန်ဖူးစိုးမြင်.ရဲ.စာအုပ်တွေလိုချင်နေသူတွေအတွက်သတင်းကောင်းပေးပါရစေ။ဆရာ.တပည်.တွေအားလုံးစုပေါင်းပြီးတော.ဆရာရေးခဲ.သမျှစာအုပ်တွေကိုသိုင်းစာပေတစ်ခုတည်ထောင်ပြီးပြန်ထုတ်ဝေဖို.ရှိပါတယ်။(၁၀)ပိုင်းအကုန်လောက်လုပ်ပစ်မှာပါ။ ။
  64. ဦးစိုးမြင့်​ရဲ့ပွဲ​ကျောင်းစာအုပ်​​လေး..e-bookလုပ်​​ပေးပါ့လား..
  65. Pingback: မောင်လေးဆိုတဲ့ ပြောင်းပြန်မုန်တိုင်း စာအုပ် | Thaing Wizard
  66. ​ကျေးဇူးတကယ်​ကိုတင်​ပါတယ်​ အကို
    ဆု​တောင်းပါတယ်​အကို
  67. အကိုရေ judo ကိုင်ပေါါက်နည်းနဲ့နဲ့ပတ်သတ်တဲ့စာအုပ်လေးများ(or)freedownload link လေးမျာားကိုတင်ပေးပါင်္ဉီး please ကျေးဇူးပါ
    • ဟုတ်ကဲ့။ စာအုပ်တွေက ရှိပါတယ်။ ebook မလုပ်ရသေးလို့ပါ။ နောက်ပိုင်းကျရင် တင်ပေးပါ့မယ်။
    • judoနဲ့ပက်သက်ပြီးသိချင်တာရှိရင်ကူညီပါ့မယ်
  68. သိုင်း​ပြောင်းပြန်​စာအုပ်​ဒုတိယတွဲတင်​​ပေးပါလားခင်​ဗျာ
  69. ဦးပြည်သိမ်းရဲ့ လျှို့ဝှက်သော ကမာ့တိုက်ခိုက်နည်းများ ရှိရင်တင်ပေးပါလား
      • ဦးပြည်သိမ်းရဲ့ လျှို့ဝှက်သော ကမ္ဘာ့တိုက်ခိုက်နည်းများ ရှိရင်တင်ပေးပါလား အင်္ဂလိပ်လိုရော မြန်မာလိုရော ဘယ်မှာမှ ရှာမရလို့ပါ
  70. ကင်​ဒို ဓားကစားနည်းစာအုပ်​ရှိလား ရှိရင်​တင်​​ပေးပါခင်​ဗျာ
    ကင်​ဒိုား ​ကောင်း​ကောင်း​တွေ​ရောဘယ်​မှာဝယ်​လို့ရလဲခင်​ဗျာ
  71. ပွဲ​ကျောင်းနဲ့ ပတ်​သတ်​တာ​လေး​တွေ တင်​​ပေးပါဗျာ ​တောင်းဆိုတာပါ
  72. ဒီထဲက စာအုပ်​​တွေက ​​ဒေါင်းမရဘူးဖြစ်​​နေတယ်
    ဒီထဲက စာအုပ်​​တွေအကုန်​​ဒေါင်းချင်​လို့ပါ
    • ဟုတ်။ Internet Connection ကြောင့် ဖြစ်ပါလိမ့်မယ်။ တစ်ချက်လောက်ပြန်စမ်းကြည့်ပါဦး။
  73. thaing wizard မှညီကိုများအတွက်သတင်းကောင်း…………………. သိုင်းဆရာကြီးဦးပြေသိမ်းနှင်.ဦးချစ်သန်းတို.ဧ။်တပည်.ရင်းဖြစ်သူလူငယ်သိုင်းပင်မဦး စီးသိုင်းဆရာကြီးဦးအောင်ကျော်စန်းမှနွေရာသီသိုင်းသင်တန်းများပြန်လည်ဖွင်.လှစ်သင်ကြားပေးနေပါပြီ……….မည်သူမဆိုအခ မဲ.သင်ကြားနိုင်ပါသည်…………တက်ရောက်ချင်သူများအနေဖြင်.အောက်ပါဖုန်းနံပတ်များသို.ဆက်သွယ်စုံစမ်းနိုင်ပါသည်……….. ဆရာကြီးဦးအောင်ကျော်စန်း -၀၉၂၆၀၂၀၄၄၄၃ ကိုဝေလင်းဦး -၀၉၄၂၃၆၈၈၉၈၅ ကိုကျော်ကျော် -၀၉၂၆၀၂၀၁၉၁၇ မှတ်ချက်။ ။အပတ်စဉ်တနင်္ဂနွေတရက်တည်းသာသင်ကြာပေးပါသည်။ ။
  74. ဦးချစ်သန်း + ဦးပြေသိမ်းတို.၏စာအုပ်များ၊ဓါတ်ပုံများ
    ပါ ကူးယူ နိုင် သည်.အပြင်မရှင်း လင်းသောအကွက်များနှင်.စာများပါမေးမြန်းနိုင်ပါသည်။
  75. အစ်ကို ဖြစ်နိုင်ရင် တင်ကျည်းတုတ်သိုင်းစာအုပ်၊ ဆရာကြီးဦးချစ်သန်း ဓါးခုတ် တုတ်ရိုက် ခုခံနည်းစာအုပ် ဆရာကြီးကွန်ဖူးဦးစိုးမြင့် အဆင့်မြင့်ဗန်ဒိုထိမ်းချုပ်နည်းစာအုပ် ၊ ဆရာရန်နိုင်(နဂါးရာဇာသိုင်းသင်တန်းကျောင်း)ရဲ့ ဗန်ဒိုသင်ရိုးညွှန်းတမ်းစာအုပ်များ(၁အဆင့်မှဆရာအဆင့်ထိ) ကွန်ဖူး သင်ရိုးညွှန်းတမ်း(၁အဆင့်မှ ဆရာအဆင့်ထိ)၊ ဆရာဥိးချစ်သန်းရဲ့ လက်သီးထိုးခုခံနည်းများစာအုပ် လေးတွေတင်ပေးစေချင်ပါတယ်။ ကျွန်တော့်ဆီမှာ English လိုရေးထားတဲ့ စာအုပ်လေးတွေရှိပါတယ် ( jujitsu , wun chuan , aikido , shaolin , aikijujitsu etc )။ebook တွေပါ။ အစ်ကို လိုတာရှိရင် ကျွန်တော်လည်း တတ်နိုင်ရင် ပို့ပေးပါ့မယ်။အသစ်လေးတွေတင်ပေးပါဦး။အထူးသဖြင့် ဗန်ဒို စာအုပ်လေးတွေပေါ့။တင်းကျည်းတုတ်သိုင်း ကိုလည်းအရမ်းလိုချင်ပါတယ်။မြန်မာ့သိုင်း ကို တခြားသိုင်း တွေထက် ပို လေးစားဂုဏ်ယူ လို့ လိုချင်တာပါ။ကျေးဇူးအများကြီးတင်ပါတယ်။
  76. ပွဲကျောင်းသမိုင်းကြောင်းမှာ ထင်ရှားခဲ့တဲ့ အောင်စည်းခုံသံဃရာဇာ ဆရာတော် အကြောင်းရေးထားတဲ့ စာအုပ်လေးတင်ပေးလို့ ရမလားဗျ။
  77. ဒီဆိုက်ကစာအုပ်မှန်သမျှဒေါင်းလု ပ်ဆွဲထားပါတယ် နောက်လဲစာအုပ်ကောင်းများစွာတင်ပေးပါဦလို့  အထူးဘဲကျေးဇူးတင် ပါတယ် ပိုက်စံတွေလဲ မလိုအပ်ဘဲ ကုန်ကုန်သွားတာပါ ဒေါင်းလုပ်ဆွဲနေရင် ပြည့်ခါနီးလေ ပြုတ်ကြသွားလိုက် အစကပြန်ဆွဲနဲ့ အဲ့ဒါဘာကြောင့်ဖြစ် ရာတာလဲခင် ဗျာ
  78. ရှောင်လင်လက်နက်မဲ့သိုင်း တင်ပေးပါလားဆရာတို့
  79. Wing chun သိုင်းစာအုပ်ဒေါင်းမလို့ပါ တင်ထားတာမတွေ့ဘူးဖြစ်နေတယ်
    Jeet kune do ကိုတော့တွေ့တယ်
  80. ဗန်တိုလေ့ကျင့်နည်း video file ရှိလားအစ်ကို။ရှိရင်တင်ပေးစေချင်ပါတယ်
  81. သိုင်းပြောင်းပြန်စာအုပ်ကဒေါင်းလုပ်ဆွဲလို.မရဘူးဗျာ
  82. ကျေးဇူးအထူးတင်ရှိပါတယ်မြန်မာ့ရိုးရာမပျောက်ပျက်တော့ဘူးပေါးအားပေးလျက်ပါ
  83. အကိုရေ သိုင်းဦးချစ်သန်းရဲ့ အကွက်သိုင်း စာအုပ်လေး တင်ပေးစေချင်ပါတယ် ခင်ဗျာ ကျွန်တော်က နယ်ကဖြစ်နေတော့ အကိုတို့လိုပညာဖြန့်ဝေသူတွေ ကိုအားကိုပြီးလေ့လာနေရတာဖြစ်လိုပါ ကျေးဇူးပြု၍တင်ပေးစေချင်ပါတယ် ခင်ဗျာ
  84. အရမ်းကောင်းပါတယ် စိတ် ဝင်စားမိတာလေးတွေဒေါင်းသွားပါတယ်
    ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျား
    မြန့်မာ့ရိုးရာ ပညာရပ်များတဲ့ ပညာရှင်များ
    ရှည်ကြာစွာ တဘ်တံ့ပြန့်ပွါးပါစေလို့ ဆနဒပြုပါတယ်
  85. စာအုပ်တွေအကုန်ဒေါင်းသွားပါတယ်ခင်များ ကျေးဇူးတင်ပါတယ်
  86. အခု​နောက်​ပိုင်းစာအုပ်​​တွေတင်​တာမ​တွေ့​တော့ဘူး​နော်​..
  87. အကွက်သိုင်းစာအုပ်နဲ့သိုင်းပြောင်းပြန်စာအုပ်တွေရှိရင်တင်ပေးပါအုံး
  88. သိုင်းပြောင်းပြန်ပထမအဆင့်စာအုပ်ကိုတင်ပေးလို့မရဘူးလား။မရရင်လည်းမွန်ပြည်နယ်မှာဝယ်လို့ရနိုင်မဲ့နေရာကိုပြောပြပေးပါခင်ဗျာ။
  89. သိုင်းပြောင်းပြန်ပထမအဆင့်စာအုပ်တင်ပေးပါခင်ဗျာ
  90. အစ်ကိုရေထိုက်ကျိချွမ်တိုက်ခိုက်နည်းစာအုပ်လေးရှိရင်တင်ပေးပါဦး
  91. အစ်ကိုထိုက်ကျိတိုက်ခိုက်နည်းစာအုပ်ရှိရင်တင်ပေးပါဦး
  92. အကိုရေဂျွမ်းထိုးလေ့ကျင့်နည်းနဲ့အုပ်ခဲသို့မဟုတ်တုတ်ကျိုးအောင်ထိုးနည်းစာအုပ်တွေရှိရင်တင်ပေးပါလားအကို
  93. သေနတ်မှာမောင်းပြန် သိုင်းမှာပြောင်းပြန် စာအုပ်လေးတင်ပေးပါလား။
  94. အကိုရေကျွန်တော်ဂါမဝသီပွဲကျောင်းစာအုပ်လေးလိုချင်လို့ပါတိုက်တိုင်းအောင်ပွဲကျောင်းဆရာကြီးဦးစိုးမြင့်ရေးထားတာပါ တင်ပေးပါလားဗျာ
  95. အရမ်းအကျိုးရှိပါတယ်ဗျာ
    အခူလျူလေ့လာရတာ ကျေးဇူးလဲ အထူးတင်ပါတယ်
    ဗဟုသုတတွေလဲရပါတယ် သိုင်းဝိဇ္ဇာ websiteလဲ အရှည်ခန့်၍ တည်တန့်အါစေဗျာ
    .
    ပညာရပ်တွေကို မပျောက်ပျက်အောင် စေတနာထား လက်ဆင့်ကမ်းဖြန့်ဝေပေးတာ ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျ။ စာအုပ်တစ်ချို့ကို ကျွန်တော် ယူသွားပြီး သိမ်းဆည်းထားပါတယ်။ မြန်မာလူငယ်တွေ ကောင်းကျိုးအတွက် ဆက်လက် လက်ဆင့်ကမ်း ဖြန့်ေ၀ သွားပါမယ်။ ကျေးဇူး အထူးတင်ရှိပါတယ်။
  97. Thanks alot for sharing martial art books. I always want to study martial art since it was in my childhood. Now I’ m going to study to play.
  98. ကြိုက်တယ်ဗျာအဲလိုတင်ပေးတာကျေးဇူးပါပဲ
Leave a Reply
Your email address will not be published. Required fields are marked *