ဂျီကွန်ဒို (ကွန်ဖူးစိုးမြင့်)

ဆရာကြီးကွန်ဖူးစိုးမြင့် ဘာသာပြန်တဲ့ ဂျီကွန်ဒို စာအုပ် ဖြစ်ပါတယ်။


ဂျီကွန်ဒို (ကွန်ဖူးစိုးမြင့်)

Jeet Kune Do (ဂျီကွန်ဒို) ပညာရပ်ကို ကွန်ဖူးဘုရင် Bruce Lee (ဘရုစ်လီ) တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ Jeet Kune Do ကို တီထွင်နိုင်ခဲ့ခြင်းက Bruce Lee ကို ထိပ်တန်းတိုက်ခိုက်ရေးသမား ဖြစ်စေခဲ့တာပါ။ ဝမ်းနည်းစရာကောင်တာကတော့ Bruce Lee ဟာ နာမည်ကြီးရုပ်ရှင် သရုပ်ဆောင်အဖြစ်၊ တိုက်ခိုက်ရေးသမားကောင်းအဖြစ် ရောက်ရှိခဲ့ပြီးမှ အသက် (၃၂) နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာ ပဲ ဖြစ်ပါတယ်။

အမှန်တစ်ကယ်ဆိုလျှင် Jeet Kune Do ပညာရပ်သည် အလွယ်တကူ ဖြစ်ပေါ်လာခြင်း မဟုတ်ခဲ့။ ဟောင်ကောင်တွင် ဆရာကြီး Yip Man (ရစ်မင်း) ထံမှ Wing Chun Kung Fu (ဝင်ချွန်းကွန်ဖူး) သင်ယူခဲ့သော Bruce Lee သည် လေ့ကျင့်မှု ကျွမ်းကျင်လာသည်နှင့်အမျှ ပညာအဆင့် မြင့်မားလာပြီး နည်းစနစ်များ ပြုပြင်ခြင်း၊ ဖန်တီးတီထွင်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ သည်။ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ၊ ဆီးတဲလ်မြို့၊ ဝါရှင်တန်ကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး တိုက်ခိုက်ရေးနှင့် ပတ်သတ်သော စာအုပ်ပေါင်း ၂၀၀၀ ကျော်ကို ဖတ်ရှုလေ့လာ၍ သဘောတရားများ ကို လက်တွေ့နှင့် ပေါင်းစပ်ကာ အဆင့်မြင့်တိုက်ခိုက်ရေးပညာရှင်ဘဝသို့ ရောက်ရှိလာပြီး “ကြားဖြတ်လက်သီး” ဟု ခေါ်သော Jeet Kune Do ပညာကို တီထွင်ခဲ့ခြင်းဖြစ်သည်။

ဤစာအုပ်တွင် တိုက်ခိုက်ရေးသမားတစ်ဦးအတွက် အခြေခံလေ့ကျင့်ခန်းများ၊ ပျော့ပျောင်းမှုလေ့ကျင့် ခန်းများနှင့်တကွ Jeet Kune Do ပညာရပ်၏ နည်းပရိယာယ် များ လေ့ကျင့်နည်းစနစ်များကို အားရဖွယ် ဖတ်ရှုရမည်ဖြစ်သည်။

Download

ဒီနေရာ မှာ ကူးယူရရှိနိုင်ပါတယ်။

2 thoughts on “ဂျီကွန်ဒို (ကွန်ဖူးစိုးမြင့်)

  1. Pingback: Bruce Lee’s Fighting Method Book | Thaing Wizard

  2. Pingback: သိုင်းစာအုပ်များ အလွယ်တကူ ၀ယ်နိုင်ပြီ… | Thaing Wizard

Leave a Reply

Your email address will not be published. Required fields are marked *