By Ko Si Thu
နောက်မှ ဟန့်တား၍ တိုက်ခိုက်ရန် ဆောင့်ဆွဲခြင်းခံရလျှင်
ရုတ်တရက် အလစ်ဝင်တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ ရှောင်ထွက်လာစဉ် နောက်မှ လိုက်၍ တိုက်ခိုက်ရန် ပြင်ဆင်မှု (ဥပမာ – ပြဿနာ တစုံတခုကြောင့် စကားများနေရာမှ သင်သည် ရန်မဖြစ်လို၍ (ဝါ) တိုက်ခိုက်ရန် ဆန္ဒမရှိသဖြင့် လှည့်ထွက်လာစဉ် တစ်ဖက်လူမှ သင့်အား နောက်မှ ပုခုံးကို ဆောင့်ဆွဲကာ ထိုးကြိတ်မည့် အနေထားမျိုးတွင် ရှိနေသည် ဆိုပါစို့)
သင့်အား ဆွဲလိုက်သော သူ၏လက်ကို ဖမ်းကိုင်၍ ပုံပါအတိုင်း ကိုယ်ကို သူ၏ လက်အောက်မှ လျှိုပြီးနောက်ဖက်သို့ ရုတ်တရက် တစ်ပါတ်လှည့်လိုက်ပါ။
*** အထူးပြုလုပ်ရန်မှာ***
လျင်မြန်မှုနှင့် သတိရှိရန်လိုသည်။
ဖမ်းကိုင်ထားသောလက်သည် မြဲမြံရမည်။
ကိုယ့်ဟန်ချက်ကိုယ် ထိန်းထားရမည်။
ဘယ်၊ ညာ ပြောင်း၍ လေ့ကျင့်ထားပါ။
***သက်ရောက်မှု***
လက်ကောက်ဝတ် အဆစ်ပြုတ်သွားနိုင်သည်။
တံတောင်ဆစ် လွဲသွားနိုင်သည်။
လက်ပြင်အရွတ် ကွာသွားနိုင်သည်။
မှတ်ချက် – ပုံသေနည်း မဟုတ်ပါ။ နည်းလမ်းတစ်ခုသာ ဖြစ်ပါသည်။ ကြုံတွေ့လာသော အခြေနေနှင့် လိုက်လျောညီထွေ အသုံးပြုနိုင်ရန် သာ ရည်ရွယ်ပါသည်။
ေက်းဇူးပါ