သိုင်းဝါသနာရှင်များအတွက်သတင်းထူး

သိုင်းချစ်သူဝါသနာရှင်များအတွက် ဝမ်းမြောက်စရာ သတင်းထူးတစ်ခုကို ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ မြန်မာနိုင်ငံမှာ သိုင်းစာအုပ်စာပေများ ပြန်လည် ထွန်းကားလာတော့မယ်ဆိုတဲ့ သတင်းပါပဲ။ ဆရာကြီးကွန်ဖူးစိုးမြင့် ရဲ့ တပည့်တွေကနေ ဆရာကြီးရဲ့ စာအုပ်တွေ ကို ပြန်လည်ထုတ်ဝေတော့မယ် ဆိုတဲ့သတင်းကို အရင်ကတည်းက ကြားထားတာပါ။

ဒါပေမယ့် ဘယ်တော့ထွက်မယ် ဘာစာအုပ်တွေ ထွက်မယ်ဆိုတာ မသိခဲ့ပါဘူး။ ကံကောင်းချင်တော့ဗျာ ပြီးခဲ့တဲ့ စနေနေ့က ကျွန်တော် နိုဘယ်-မြန်မာ စာပေပွဲတော် ကို သွားခဲ့ပါတယ်။ အဲ့ဒီမှာ အမှတ်မထင် ဆရာကြီးကွန်ဖူးစိုးမြင့် ရဲ့ အမျိုးသမီးများအတွက် အရေးပေါ်ခုခံတိုက်ခိုက်နည်းများ စာအုပ်ကို တွေ့မိခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် ၂၀၁၄ အောက်တိုဘာလကတည်းက ထုတ်ဝေထားတာပါ။ ဒီစာအုပ်ကို ကျွန်တော် အရင်ကတည်းက ebook လုပ်ပြီး တင်ပေးခဲ့တာ ကြာပါပြီ။ ကိုစိုကြီးက scan ဖတ်ပေးထားတာပါ။ ဒီနေရာ မှာ download ယူလို့ရပါတယ်။ ဒါပေမယ့် printed version စာအုပ်ကိုလည်း ဝယ်ယူအားပေးကြစေချင်ပါတယ်။ ဒါမှလည်း နောက်ထပ် စာအုပ်အသစ်အသစ်တွေ ဆက်လက်ထုတ်ဝေသွားနိုင်ဖို့ အဆင်ပြေမှာမို့လို့ပါ။ ebook တွေကြောင့် ထုတ်ဝေသူတွေ အရှုံးပေါ်ပြီး ထပ်မံထုတ်ဝေဖို့ လက်တွန့်သွားမှာတော့ လုံးဝမဖြစ်စေချင်မိပါ။

The Womanly Art Of Self Defense - 2nd edition By Kung Fu Soe Myint

အမျိုးသမီးများအတွက် အရေးပေါ်ခုခံတိုက်ခိုက်နည်းများ (ကွန်ဖူးစိုးမြင့်)

ဖြန့်ချိပေးတာကတော့ ရွှေချိုးဖြူစာပေပါ။ ဆရာကြီးကွန်ဖူးစိုးမြင့် ရဲ့ တပည့်တစ်ဦးဖြစ်ပြီး နောက်နောင် လည်း ဆရာကြီးကွန်ဖူးစိုးမြင့် ရဲ့ စာအုပ်တွေရော၊ အခြားကိုယ်ခံပညာရပ်ဆိုင်ရာ စာအုပ်အသစ်တွေ ကိုပါ ဆက်လက်ထုတ်ေ၀ ဖြန့်ဖြူပေးသွားမယ်လို့ သိရပါတယ်။

အရင်က ကျွန်တော် သိုင်းပညာရပ်ဆိုင်ရာစာအုပ်တွေကို ebook ပြုလုပ်ရတာဟာ ဈေးကွက်မှာ သိုင်းစာအုပ်စာပေ ရှားပါမှုကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အခုကစပြီး ကျွန်တော် ဆင်ခြင်ရ ပါတော့မယ်။ အဓိကကတော့ ဆရာကြီးကွန်ဖူးစိုးမြင့် ရဲ့ စာအုပ်တွေကို ebook မလုပ်တော့ဖို့ ဆုံးဖြတ်ထားပါတယ်။ တစ်ဆိတ်လောက်သည်းခံပြီး printed version ကိုပဲ စောင့်ဖတ်ပေးကြစေချင် ပါတယ်။ ဒါမှလည်း သိုင်းစာအုပ်စာပေဈေးကွက် ပြန်လည်ထွန်းကာလာနိုင်မှာလို့ ထင်ပါတယ်။

Shwe Joe Phyu Sar Pay

ရွှေချိုးဖြူစာပေ

ရွှေချိုးဖြူစာပေနဲ့ ဆက်သွယ်ပြီး သိုင်းစာအုပ်စာပေတွေ ဝယ်ယူချင်တယ်၊ ထုတ်ဝေချင်တယ် ဆိုရင်တော့ လိပ်စာက ဒီမှာပါ…

ရွှေချိုးဖြူစာပေ
အမှတ်(၄၁၄/ခ)အပေါ်ဆုံးထပ်၊
နီလာ(၂)လမ်း၊ (၈)ရပ်ကွက်၊
မြောက်ဥက္ကလာ၊ ရန်ကုန်မြို့။
ဖုန်း – ၁၉-၂၅၀၁၄၂၈၂၈၊ ၀၉-၅၀၂၉၆၄၁

ဆရာကြီးကွန်ဖူးစိုးမြင့်နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဆင်မလိုက်၊ ဘုရင့်နောင်လမ်းမကြီး၊ ကမာရွတ်မြို့နယ်မှာပါ။ ဆရာကြီးကတော့ အခုလက်ရှိ သိုင်းသင်တန်းမဖွင့်တော့ပါဘူး။ အရိုးအကြောရောဂါကုဆေးခန်းပဲ ဖွင့်ပါတော့တယ်။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

6 thoughts on “သိုင်းဝါသနာရှင်များအတွက်သတင်းထူး

  1. ဟုတ်ကဲ့ ကျွန်တော်ကဆရာကြီးဦးစိုးမြင့်(ကွန်ဖူး)၇ဲ့တပည့်ရင်းတစ်ဦးပါ၊ Bando Min ပါခင်ဗျာ။ အခု ဆရာကြီးရဲ့ စာအုပ်တွေထဲက လျှပ်တပျက်ကိုယ် ခံပညာ ကို ကျွန်တော်ပြန်ထုတ်ဝေပြီးဈေးကွက်ကိုဖြန်.ထားပါတယ်။တခြားတပည့်တစ်ဦးမှလဲ ယခုတင်ထားသော အမျိုးသမီးကိုယ်ခံပညာ ကို ပြန်လည်ထုတ်ဝေပြီးဈေးကွက်လိုဖြန်.ချီထားပါတယ်

Leave a Reply to ronald ma Cancel reply

Your email address will not be published. Required fields are marked *