ဆရာကြီး ကွန်ဖူးစိုးမြင့် ဘာသာပြန်သော လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ စာအုပ် ဖြစ်သည်။
အပြစ်ကင်းအောင် နေထိုင်ခြင်းနှင့် ဘေးဥပဒ် အန္တရယ် ကျရောက်ခြင်း သည် တစ်ခြားစီ ဖြစ်၏။ ထို့ကြောင့် လူတိုင်း အရေးကြုံလျှင် သက်လုံကောင်းစေရန် ဤစာအုပ်ကို ဆောင်ထား သင့်သည်။ (ဆရာကြီး ဦးပြည်သိမ်း)
မူရင်းစာအုပ် “Self Defense In Every Emergency” ကို တစ်ခါမှ မရှုံးခဲ့ဖူးသော ချန်ပီယံ အနေဖြင့် နပန်းလောကမှ အနားယူခဲ့သူ “Leong Fu” (လျောင်ဖူ) မှ ရေးသားခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ သေးငယ်သော ယောက်ျား (သို့မဟုတ်) မိန်းမက ရန်လိုသော လူမိုက်များကို အနိုင်ရအောင် ခုခံနိုင်ရန်ဖြစ်သည်။
ဤစာအုပ်တွင် ဂျူဒိုပညာကဲ့သို့ ကိုင်ပေါက်နည်းများ၊ ကရာတေးပညာကဲ့သို့ တစ်ချက်လွတ် ထိုးခုတ် ကန်ကျောက်နည်းများ၊ အာကီဒိုပညာကဲ့သို့ လိမ်ချိုး ဖမ်းချုပ်နည်းများ၊ ကွန်ဖူးပညာ ကဲ့သို့ ခြေလက်ပူးတွဲ၍ လျှပ်တစ်ပြက် တိုက်ခိုက်နည်းများ ပါဝင်သည်။ ကမ္ဘာပေါ်ရှိ ကျော်ကြားသော ကိုယ်ခံပညာများထဲမှ အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းများကို ကောက်နုတ်ထည့်သွင်း ထားသဖြင့် နည်းတိုင်း ထိရောက်မှုရှိသည်။
“နည်းမှန်လျှင် ကံမရွေး” ဟူသော ဆိုရိုးစကားအတိုင်း မိမိ၏ နည်းခွင်ထဲ ဝင်လာလျှင် မည်သည့် ရန်သူကိုမဆို အကျိုး၊ အပဲ့၊ အသေ၊ အနာ တိုက်ခိုက်ပစ်နိုင်သော ပညာများ ဖြစ်သဖြင့် လေ့ကျင့်ဖော်နှင့် တွဲဖက်လေ့ကျင့်လျှင် သတိထား၍ ထိန်းထိန်းသိမ်းသိမ်း လေ့ကျင့်သင့်သည်။ မညှာမတာ ပြုမိပါက တစ်ဖတ်သား၏ အရိုးကျိုး သွားနိုင်၏။ အကြောအမျှင်များ ပြတ်တောက် သွားနိုင်၏။ ထို့ကြောင့် မိမိ၌ တစ်ကယ့်ဘေးနှင့် ရင်မဆိုင်ရဘဲနှင့် ၎င်းတို့ကို အသုံးမပြုသင့်။ အပျော်လုံးထွေး သတ်ပုတ်ရာ၌ အသုံးမပြုသင့်။ ၎င်းတို့ကို တစ်ကယ့်ရန်ပွဲများ၌သာ အသုံးပြုသင့်သည်။
ဤစာအုပ်ထဲမှ မိမိစိတ်ကြိုက် အကောင်းဆုံးနည်းများကို ရွေးချယ်၍ တစ်နေ့ (၁၅) မိနစ် မှန်မှန် လေ့ကျင့်ပါ။ အချိန်တိုအတွင်း ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အ၀ ရရှိလာပါလိမ့်မည်။
အားလုံးပဲ ဒီမှာ Download ဆွဲလို့ ရပါပြီနော်…