သေနတ်မှာမောင်းပြန်၊ သိုင်းမှာပြောင်းပြန်

သိုင်းပြောင်းပြန်ကို စိတ်ဝင်စားသူများအတွက် လာပါပြီ ဒီမှာ…

သိုင်းပညာမှာ အမျိုးအစား သုံးမျိုးခွဲလို့ရတယ်။ အကသိုင်း၊ အပြသိုင်းနဲ့ အချသိုင်း လို့ ဖြစ်တယ်။ ပြောင်းပြန်က အချသိုင်းဖြစ်တယ်။ ကြမ်းတယ်၊ ရမ်းတယ်၊ လုပ်ရင် အပြတ်လုပ်တယ်။ အဲ… ကြည့်လို့တော့ မလှဘူး။ အဲဒါပြောင်းပြန်ပဲ… သေနတ်မှာ မောင်းပြန်၊ သိုင်းမှာ ပြောင်းပြန်၊ ပြောင်းပြန်ကို တောင်းပန်ရင် တောင်းပန်၊ မတောင်းပန်ရင် နှာခေါင်းလန်မဟေ့… လို့ စာချိုးယူရတဲ့ ပညာရပ်ဖြစ်ပါတယ်။

ပြောင်းပြန်ပညာ၊ သို့မဟုတ်၊ သိုင်းပြောင်းပြန်ပညာကို မြန်မာပြည် (ပြည်မ) တွင် စတင်ပို့ချသွားသူမှာ ဆရာကြီး ဦးမောင်လေး၏ ဆရာ၊ ဆရာကြီး ဦးချယ်၊ သို့မဟုတ်၊ ရှမ်းအမျိုးသား သိုင်းဆရာကြီး ဆရာချယ် ဖြစ်ပါသည်။ ဆရာကြီး ဦးချယ်သည် ရှမ်းပြည်မှ ဆင်းလာသူ သိုင်းဆရာကြီး ဖြစ်သော်လည်း မည်သည့်မြို့ရွာတွင် နေထိုင်ခဲ့ကြောင်း၊ မည်သည့် စော်ဘွားထံတွင် အမှုထမ်းခဲ့ကြောင်းကား ဆရာကြီး ဦးမောင်လေး ကိုယ်တိုင်ပင် မသိခဲ့ရပေ။

ထို့ကြောင့် ဆရာကြီး ဦးချယ်တွင် သင်ဆရာရှိသည်၊ မရှိသည်ကိုလည်း မသိရ၊ ဆရာကြီး ဦးချယ်သည် ဤ သိုင်းပြောင်းပြန်ပညာကို တီထွင်ခဲ့သူလော၊ တီထွင်သော ဆရာ တစ်စုံတစ်ယောက်ထံမှ သင်ယူခဲ့ခြင်းလော ဆိုသည်ကို ယနေအထိ မသိရပါ။ ဆရာကြီး ဦးချယ်သည် (၁) ဆရာကြီး ဦးမောင်လေး၊ (၂) ဆရာကြီး ဦးလုံ (၃) ဆရာကြီး သောမ (ခေါ်) ဦးရွှေလှတို့ သုံးယောက်ကို ပညာသင်ပေးသွားခဲ့သည်။  ဆရာကြီး ဦးလုံနှင့်၊ ဦးသောမတို့သည် တပည့် မမွေးပါ။

ဆရာကြီး ဦးမောင်လေးသည် သိုင်းပြောင်းပြန်ပညာကို ၁၆ နှစ်သားတွင် စတင်သင်ယူခဲ့၍၊ ၁၉ နှစ်သားတွင် ဆရာဖြစ်ယူခဲ့ပါသည်။ ၁၂၈၀ ခုနှစ်မှစ၍ မြန်မာပြည်အနှံ့ သိုင်းပြောင်းပြန်ပညာကို ဖြန့်ဖြူးခဲ့ပါသည်။ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်ပင်မတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် (ကြည်မြင်တိုင်နယ်မြေ)၊ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ကျောင်းသားလူငယ်၊ အလုပ်သမားများစွာတို့ကို သင်ကြားပို့ချခဲ့ပါသည်။

လက်ရှိမှာတော့ ဆရာကြီး ဦးမောင်လေး မရှိတော့ပါ။ သို့သော်လည်း ဆရာကြီး ဦးအောင်သိန်း (သန်လျင်) မှ သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီးအနေဖြင့် သိုင်းပြောင်းပြန်ပညာများ ဆက်လက်ပြန့်ပွားရေး အတွက် လုပ်ဆောင်နေပါတယ်။

ကဲ… သိုင်းပြောင်းပြန်ကို စိတ်ဝင်စားသွားကြပြီလား။ အဲ့ဒီအတွက်တော့ အောက်မှာ သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တဲ့ စာအုပ်အချို့ကို တင်ပေးထားပါတယ်။ Download ရယူနိုင်ပါပြီဗျာ…


၁။ သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး
By အမျိုးသားစာပေဆုရ စာရေးဆရာ ပွင့်လန်း (သတ္တုတွင်း)

Thaing Byaung Byan Byaung Byan Maung Lay

သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး (ပွင့်လန်း – သတ္တုတွင်း)

Download(File Size – 13.2 MB)

သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး၏ အတ္ထုပ္ပတ္တိစာအုပ်၊ အလွန်ကောင်းသော စာအုပ်ဖြစ်သည်။ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော်လည်း ဝတ္တုအသွင်ဖြင့် ရေးသားထားသဖြင့် မပျင်းမရိ တစ်ထိုင်တည်းဖြင့် ဖတ်ချင်စဖွယ်ဖြစ်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဤစာအုပ်ကို khtnetpc.webs.com မှ ebook ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။


၂။ ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ]
By ဆရာကြီး ဦးအောင်သိန်း (သန်လျင်)

Thaing Byaung Byan Volume 1

ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ] (ဦးအောင်သိန်း – သန်လျင်)

Download(File Size – 132 MB)

သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး၏ တပည့်ရင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီးအဖြစ် ဆောင်ရွက်နေသူ ဆရာကြီး ဦးအောင်သိန်း (သန်လျင်) ကိုယ်တိုင် ဆရာကြီး ဦးမောင်လေး၏ ခွင့်ပြုချက်ဖြင့် ရေးသားခဲ့သော သိုင်းပြောင်းပြန်လက်သိုင်းကျင့်နည်း စာအုပ်ဖြစ်သည်။ သိုင်းပြောင်းပြန်ပညာကို ဝါသနာပါသူတို့အတွက် မရှိမဖြစ်ဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဤစာအုပ်သည် Thaing Wizard မှ ပြုလုပ်သော စာအုပ်မဟုတ်ပါ။ ဝါသနာရှင်တစ်ယောက်မှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ပြုလုပ်သူမည်သူမှန်းကိုတော့ ကျွန်တော်ပင် သိခွင့်မရခဲ့ပါ။ ယမန်နေ့က Thaing Wizard ၏ email သို့ ဤစာအုပ်ကို ပေးပို့ပေးခဲ့ခြင်းဖြစ်ပါသည်။ ပေးပို့သူအမည်နှင့် အဘယ်ကြောင့်ပေးပို့ခဲ့သည်ကို ထည့်သွင်းမဖော်ပြခဲ့ပါ။ ထို့ကြောင့် အဆိုပါပေးပို့သော အမည်မသိပုဂ္ဂိုလ်အား လွန်စွာကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောပါရစေဗျာ။ နောက်လဲ အခုလိုပဲ ပေးပို့နိုင်ပါကြောင်း… နောင်အခါများတွင် ပေးပို့သူ၏ အမည်လောက်ကိုတော့ ထုတ်ဖော်အသိပေးစေလိုပါကြောင်း…

မကြာခင်မှာ သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တာတွေ ထပ်တင်ပေးဖို့လည်း ရှိပါသေးကြောင်း၊ ဆက်လက်ပြီး စောင့်မျှော်အားပေးနေကြစေလို့ပါကြောင်းလည်း တစ်ခါတည်း အသိပေးလိုက်ပါရစေဗျာ…

40 thoughts on “သေနတ်မှာမောင်းပြန်၊ သိုင်းမှာပြောင်းပြန်

  1. ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…ရှာရအရမ်းခက်တဲ့သိုင်းပြောင်းပြန် စာအုပ်တွေကို အလွယ်တကူ ဒေါင်းလော့ လုပ်လို့ရအောင် ဖန်တီးပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်တယ်ဗျာ…ကျနော်တို့ဆီမှာရှိပေမယ့် တခြား ပညာသင်လေးတွေအတွက် ဒီလိုစာအုပ်တွေရဖို့အရမ်းခက်ခဲပါတယ်….ရှားပါးစာအုပ်တွေဖြစ်တဲ့ ပြောင်းဆန်တဲ့ပြောင်းပြန်ဘဂျမ်း၊ သေနတ်မှာမောင်းပြန် သိုင်းမှာပြောင်းပြန် စတဲ့ စာအုပ်လေးတွေကိုလည်း တင်ပေးစေချင်တယ်ဗျာ….

  2. ဆရာကြီး ဦးအောင်သိန်း (သန်လျင်) ရေးသားခဲ့တဲ့ ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ] စာအုပ်ကို ကျွန်တော့်ဆီ ပေးပို့လာသူကတော့ ကိုအောင်ကို ဖြစ်တယ်လို့ မနက်က သိခဲ့ရပါတယ်။ ကိုအောင်ကိုရေ… ကျေးဇူးပါဗျာ။

  3. မြန်မာ့ရိုးရာ သိုင်းပညာ သမိုင်း -စာအုပ်လိုချင် ပါတယ် ခင် ဗျာ။
    ကျေးဇူးပြုပြီးတင်ပေးနိုင် ရင် တင်ပေးစေလိုပါတယ်ခင် ဗျား။
    ယခင် စာအုပ်တွေအတွက်လည်း
    ကျေးဇူးအထူးတင် ပါ ကြောင်း။

  4. သိုင်းပြောင်းပြန်စာအုပ်ဒုတိယအတွဲကိုလဲတင်ပေးပါလားခင်ဗျာ။နိုင်ငံခြားမှာကြတောဝယ်ရရှာရတာမလွယ်လိုပါ။

  5. မြန်မာ့သိုင်းနှင့်ပတ်သက်သည့်စာအုပ်များ ပေးပို့ပေးစေလိုပါသည်။ကျနော် မြန်မာ့သိုင်း ပညာရပ်အားလေးစားပါသည်။မြတ်နိုးပါသည်။ပေးပို့စေလိုပါသည်။ [email protected] ပါ။ကျေးဇူးတင်ပါသည်။

    • ဟုတ်… ဒီမှာ Download ဆွဲလို့ရပါတယ်ဗျာ။ အဲ့ဒီ page မှာ တင်ပြီးသမျှစာအုပ်တွေကို စုထားပါတယ်။ ဒါမှမဟုတ် စာအုပ်အသစ်တင်တိုင်း သိနေချင်ရင် Home Page ရဲ့ ညာဘက်ထိပ်နားမှာ Follow ဆိုတာလေးရှိပါတယ်။ အဲ့ဒီမှာ email ဖြည့်ပြီး Follow button လေးကို နှိပ်ခဲ့ရင် အသစ်တင်တိုင်း အလိုအလျောက် email ကို လက်ခံရယူနိုင်မှာ ဖြစ်ပါတယ်။

  6. ဒုတိယစာအုပ်ပါလိုချင်ပါတယ်ဖြစ်နိုင်ရင်အမြန်ဆုံးတင်ပေးစေချင်ပါတယ်

  7. ပထမဆုံးပြောချင်တာကတော့ ရှားပါးတဲ့စာအုပ်တွေကိုရအောင်တင်ပေးထားလို့ကျေးဇူးတင်ပါတယ်။ကျနော်ကြားဖူးထားတဲ့စကားတစ်ခုရှိတယ်ဟုတ်မဟုတ်တော့မသေချာဘူးပေါ့တစ်ကယ်လုပ်ဟုတ်ခဲ့ရင်ကူညီပေးပါအုံး။ကျနော်တို့မြန်မာတွေရဲ့စစ်ဆင်၊စစ်တက်၊စစ်ထိုးပညာတွေကို ရေးထားခဲ့တဲ့စာအုပ်ရှိတယ်လို့ပြောတယ်။ရှိရင်တင်ပေးပါအုံး

  8. စနစ်တကျလေ့လာချင် ပါသည် တင် ထားပေးပါခင် ဗျာ

  9. သိုင်းပြောင်းပြန်စာအုပ်စာပေများကို တင်ပေးတဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ်။
    ဖြစ်နိုင်ရင် ပွင့်လန်းသတ္တုတွင်းရေးတဲ့စာအုပ်တွေ ထပ်တင်ပေးပါ – Thanks in advance!

  10. ဖြစ်နိုင်ရင် သိုင်းပြောင်းပြန်ဒုတိယတွဲ လိုချင်ပါတယ်, အစဉ်လေးစားလျက်….

  11. မြန်မာ့ရိုးရာအစစ်ဖြစ်တဲ့ ပြောင်းပြန်ကိုအခုလိုဖေါ်ထုတ်ပေးတဲ့အတွက်ကျေးဇူးပါ

  12. ကိုအောင်သူထက်ရေ သိုင်းပြောင်းပြန်ပညာက ကမ္ဘာမှာနံပါတ် တစ် အကောင်းဆုံးပဲဗျ ဦးမောင်လေးသာရှိနေသေးရင် ကမ္ဘာကျော်သွားမှာ သေချာတယ်။ သိုင်းပြောင်းပြန်စာအုပ်လေးတွေ အမြန်တင်ပေးပါလားခင်ဗျ။ ကျေးဇူးအထူးတင်ပါတယ်။

    • ဟုတ်… စာအုပ်တွေက ရှိပါတယ်။ မအားသေးလို့ပါ။ နောက်လထဲမှာ အသစ်တွေတင်နိုင်အောင် ကြိုးစားနေပါတယ်။

  13. အကိုေ၇ဖြစ်နိုင်မယ်ဆို၇င်သိုင်းပြောင်းပြန်လေ့ကျင့်နည်းဘွီဒီယိုဖိုင်လေး
    လေးတွေ၇ှာတင်ပေးပါလားဗျာစာအုပ်တွေဒေါင်းသွားပါတယ်ကျေးဇူးပါဗျာ

  14. သိုင်းပြောင်းပြန်နဲ့ ပတ်သက်တဲ့ စာအုပ်တွေတင်ပေးတဲ့ အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား.. သိုင်းပြောင်းပြန်နဲ့ ပတ်သက်တဲ့ စာအုပ်တွေဖတ်ဘူးခဲ့ ပေမဲ့ ..ဗြောင်းဆန်တဲ့ ပြောင်းပြန်ဘဂျမ်း… စာအုပ်တော့ မဖတ်ဘူးသေးဘူး.အဲဒီစာအုပ်အရင်ထဲကရှာလို့ မရခဲ့ဘူး..အဘိုးဦးမောင်လေးရဲ့ သား.. ဦးဘဂျမ်း..ရဲ့ အထ္ထုပတ္တိ လို့ သိရတယ်.ပွင့်လန်း..ဘဲရေးခဲ့တာလို့ သိရတယ်.စာအုပ်ရခဲ့ ရင်တင်ပေးပါ..ကျေးဇူးပါ…

  15. သိုင်းဆရာကြီး ဦးသွင် ရေးခဲ့တဲ့ မြန်မာ့ဓားရေး သုံးဆယ့်ခုနှစ်ခန်း စာအုပ် ကျွှန်တော် ဆီမှာရှိပါတယ် တင်ပေးဖို့အခက်အခဲ ရှိနေလို့ ဖတ်ချင်တဲ့ အစ်ကိုများ တင်ပေးချင်တဲ့အစ်ကိုများ ကျွန်တော်ဆီမှာလာယူလို့ရပါတယ် ကျွန်တော် မတင်ပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး ph 420060869 ကိုဆက်သွယ်နိုင်ပါတယ်

  16. သိုင်းပညာကိုလေးစားပါတယ် သိုင်းစာအုပ်တွေတင်ပေးတဲ့ပေးကို့ကို ကျေးဇူးတင်ပါတယ်

  17. ကျေးဇူးအရမ်းတင်ပါသည်
    ဒီsite ကို ဒီနေ့မှမမျှော်လင့်ပဲတွေ့တာပါ
    စာအုပ်တွေဆက်တင်ပေးပါကျေးဇူးအရမ်းတင်ပါသည်ကျေးဇူးအရမ်းတင်ပါသည်ကျေးဇူးအရမ်းတင်ပါသည်

    • ဟုတ်… စာအုပ်အသစ်မတင်ဖြစ်တာတောင် တစ်လလောက်ရှိသွားပြီဗျာ။ မအားတာနဲ့ ဘာမှမလုပ်ဖြစ်သေးဘူး။ အသစ်တွေဆက်ပြီး တင်နိုင်အောင် ကြိုးစားပါ့မယ်။ ခုလိုအားပေးတာ ကျေးဇူးပါ။

  18. ရသမျှစာအုပ်တွေ တစ်ခါတည်း Download ဆွဲသွားပါတယ်
    ဆိုင်ရှင်တောင် အမြင်ကြည်တော့ဘူး

  19. သိုင်းပညာစာအုပ်လေးတွေကို အခုလိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ ဒီစာအုပ်ကိုကျွန်တော်လိုချင်ခဲ့တာကြာပါပြီ နောင်နှစ်တွေမှာပြန်ဆုံမယ်လို့မျှော်လင့်ပါတယ် တောသားလေး မောင်ငြိမ်း

  20. ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ] (ဦးအောင်သိန်း – သန်လျင်) Download လုပ်မရလို့ [email protected] ထဲကို ပို့ပေးလိုရရင် ပို့ပေးစေချင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ တောသားလေး မောင်ငြိမ်း

    • ဟုတ် စာအုပ်က ဖိုင်ဆိုဒ်နည်းနည်းကြီးနေတော့ email နဲ့ ပို့ဖို့ မလွယ်ဘူးဗျ။ ရန်ကုန်မှာဆိုရင်တော့ copy စာအုပ် ၀ယ်လို့ရပါတယ်။ မြို့ထဲ ပန်းဆိုးတန်းတစ်ဝိုက်က စာအုပ်အဟောင်းဆိုင်တွေမှာ မေးဝယ်ပါ။ ၃၀၀၀-ကျပ်လောက်ပေးရမယ်ထင်ပါတယ်။

  21. Pingback: မောင်လေးဆိုတဲ့ ပြောင်းပြန်မုန်တိုင်း စာအုပ် | Thaing Wizard

  22. ဒုတိယစာအုပ်လေးပါ တင်ပေးစေချင်ပါတယ် ခင်ဗျာ ကျေးဇူးအရမ်းတင်ပါတယ်

  23. ကျေးဇူးတင်ပါတယ် ဒုတိယစာအုပ်ကိုလည်းမျှော်နေပါတယ်ဗျာ

  24. မန်းလေးမှာရှိတဲ့သိုင်းသင်တန်းလိပ်စာများသိလိုပါသု။

  25. သိုင်းပြောင်းပြန်ပထအအဆင့်စာအုပ်ထွက်နေပါပြီ။နယ်ကဖြစ်နေလို့ဝယ်ဖို့အခက်အခဲဖြစ်နေလို့ပါ။

Leave a Reply to thu thu Cancel reply

Your email address will not be published. Required fields are marked *