စက္ကဗျူဟာပင်မသိုင်းအဖွဲ့၏ စွမ်းရည်ပြပွဲ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၁၈-၁-၂၀၁၅) မှာ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ စက္ကဗျူဟာပင်မသိုင်း ကာယ-စိတ္တ-သိဒ္ဓိစွမ်းအားကျင့်စဉ်အဖွဲ့သိဒ္ဓိစွမ်းရည်နှင့် ကာယစွမ်းအားကျင့်စဉ်ဆိုင်ရာ ပညာရပ်များပြပွဲကို ကျင်းပခဲ့ပါသည်။

Sat Ka Biew Har Clan Demonstration

စက္ကဗျူဟာပင်မသိုင်းအဖွဲ့၏ သိုင်းပညာပြပွဲ မှတ်တမ်းတင်ဗီဒီယိုဖိုင်

Download
File Size – 193 MB
Running time – 46 Minutes


အဲ့ဒီပွဲနေ့က ကျွန်တော်လည်း အားနေတာနဲ့ သွားရောက်လေ့လာပြီး အားပေးခဲ့ပါတယ်။ မှတ်တမ်းတင် ဗီဒီယိုကိုလည်း ရိုက်ကူးခဲ့တာမို့ ဝါသနာရှင်တွေ လေ့လာရအောင် ဗီဒီယိုဖိုင်ကို ပြန်တင်ပေးလိုက် ပါတယ်ခင်ဗျာ။ Live Streaming တော့ မလုပ်ပေးဖြစ်တော့ဘူးဗျာ။ Youtube တွေ ဘာတွေမှာ တင်ဖို့ကလည်း ကွန်နက်ရှင်က အဆင်မပြေလှတာကြောင့် ဗီဒီယိုဖိုင်ကို ဒီအတိုင်းပဲ တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ download ရယူနိုင်ပါပြီ။

ဖိုင်ဆိုဒ်ကတော့ အနည်းငယ်ကြီးပါလိမ့်မယ်။ 193 MB ဖြစ်ပါတယ်။ ဒါတောင် mp4 ဆိုရင် ဖိုင်ဆိုဒ်တအားကြီးသွားမှာမို့ flv ဖိုင်နဲ့ပဲ လုပ်ထားတာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကင်မရာနဲ့ ရိုက်ကူးထားတာ မဟုတ်တာရယ်၊ အဝေးကနေ Zoom ဆွဲပြီး ရိုက်ထားရတာရယ်ကြောင့် အနည်းငယ် အဆင်မပြေမှုများရှိပါက သည်းခံပြီး ကြည့်စေချင်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးပါ။

သေနတ်မှာမောင်းပြန်၊ သိုင်းမှာပြောင်းပြန်

သိုင်းပြောင်းပြန်ကို စိတ်ဝင်စားသူများအတွက် လာပါပြီ ဒီမှာ…

သိုင်းပညာမှာ အမျိုးအစား သုံးမျိုးခွဲလို့ရတယ်။ အကသိုင်း၊ အပြသိုင်းနဲ့ အချသိုင်း လို့ ဖြစ်တယ်။ ပြောင်းပြန်က အချသိုင်းဖြစ်တယ်။ ကြမ်းတယ်၊ ရမ်းတယ်၊ လုပ်ရင် အပြတ်လုပ်တယ်။ အဲ… ကြည့်လို့တော့ မလှဘူး။ အဲဒါပြောင်းပြန်ပဲ… သေနတ်မှာ မောင်းပြန်၊ သိုင်းမှာ ပြောင်းပြန်၊ ပြောင်းပြန်ကို တောင်းပန်ရင် တောင်းပန်၊ မတောင်းပန်ရင် နှာခေါင်းလန်မဟေ့… လို့ စာချိုးယူရတဲ့ ပညာရပ်ဖြစ်ပါတယ်။

ပြောင်းပြန်ပညာ၊ သို့မဟုတ်၊ သိုင်းပြောင်းပြန်ပညာကို မြန်မာပြည် (ပြည်မ) တွင် စတင်ပို့ချသွားသူမှာ ဆရာကြီး ဦးမောင်လေး၏ ဆရာ၊ ဆရာကြီး ဦးချယ်၊ သို့မဟုတ်၊ ရှမ်းအမျိုးသား သိုင်းဆရာကြီး ဆရာချယ် ဖြစ်ပါသည်။ ဆရာကြီး ဦးချယ်သည် ရှမ်းပြည်မှ ဆင်းလာသူ သိုင်းဆရာကြီး ဖြစ်သော်လည်း မည်သည့်မြို့ရွာတွင် နေထိုင်ခဲ့ကြောင်း၊ မည်သည့် စော်ဘွားထံတွင် အမှုထမ်းခဲ့ကြောင်းကား ဆရာကြီး ဦးမောင်လေး ကိုယ်တိုင်ပင် မသိခဲ့ရပေ။

ထို့ကြောင့် ဆရာကြီး ဦးချယ်တွင် သင်ဆရာရှိသည်၊ မရှိသည်ကိုလည်း မသိရ၊ ဆရာကြီး ဦးချယ်သည် ဤ သိုင်းပြောင်းပြန်ပညာကို တီထွင်ခဲ့သူလော၊ တီထွင်သော ဆရာ တစ်စုံတစ်ယောက်ထံမှ သင်ယူခဲ့ခြင်းလော ဆိုသည်ကို ယနေအထိ မသိရပါ။ ဆရာကြီး ဦးချယ်သည် (၁) ဆရာကြီး ဦးမောင်လေး၊ (၂) ဆရာကြီး ဦးလုံ (၃) ဆရာကြီး သောမ (ခေါ်) ဦးရွှေလှတို့ သုံးယောက်ကို ပညာသင်ပေးသွားခဲ့သည်။  ဆရာကြီး ဦးလုံနှင့်၊ ဦးသောမတို့သည် တပည့် မမွေးပါ။

ဆရာကြီး ဦးမောင်လေးသည် သိုင်းပြောင်းပြန်ပညာကို ၁၆ နှစ်သားတွင် စတင်သင်ယူခဲ့၍၊ ၁၉ နှစ်သားတွင် ဆရာဖြစ်ယူခဲ့ပါသည်။ ၁၂၈၀ ခုနှစ်မှစ၍ မြန်မာပြည်အနှံ့ သိုင်းပြောင်းပြန်ပညာကို ဖြန့်ဖြူးခဲ့ပါသည်။ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်ပင်မတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် (ကြည်မြင်တိုင်နယ်မြေ)၊ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ကျောင်းသားလူငယ်၊ အလုပ်သမားများစွာတို့ကို သင်ကြားပို့ချခဲ့ပါသည်။

လက်ရှိမှာတော့ ဆရာကြီး ဦးမောင်လေး မရှိတော့ပါ။ သို့သော်လည်း ဆရာကြီး ဦးအောင်သိန်း (သန်လျင်) မှ သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီးအနေဖြင့် သိုင်းပြောင်းပြန်ပညာများ ဆက်လက်ပြန့်ပွားရေး အတွက် လုပ်ဆောင်နေပါတယ်။

ကဲ… သိုင်းပြောင်းပြန်ကို စိတ်ဝင်စားသွားကြပြီလား။ အဲ့ဒီအတွက်တော့ အောက်မှာ သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တဲ့ စာအုပ်အချို့ကို တင်ပေးထားပါတယ်။ Download ရယူနိုင်ပါပြီဗျာ…


၁။ သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး
By အမျိုးသားစာပေဆုရ စာရေးဆရာ ပွင့်လန်း (သတ္တုတွင်း)

Thaing Byaung Byan Byaung Byan Maung Lay

သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး (ပွင့်လန်း – သတ္တုတွင်း)

Download(File Size – 13.2 MB)

သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး၏ အတ္ထုပ္ပတ္တိစာအုပ်၊ အလွန်ကောင်းသော စာအုပ်ဖြစ်သည်။ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော်လည်း ဝတ္တုအသွင်ဖြင့် ရေးသားထားသဖြင့် မပျင်းမရိ တစ်ထိုင်တည်းဖြင့် ဖတ်ချင်စဖွယ်ဖြစ်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဤစာအုပ်ကို khtnetpc.webs.com မှ ebook ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။


၂။ ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ]
By ဆရာကြီး ဦးအောင်သိန်း (သန်လျင်)

Thaing Byaung Byan Volume 1

ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ] (ဦးအောင်သိန်း – သန်လျင်)

Download(File Size – 132 MB)

သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး၏ တပည့်ရင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီးအဖြစ် ဆောင်ရွက်နေသူ ဆရာကြီး ဦးအောင်သိန်း (သန်လျင်) ကိုယ်တိုင် ဆရာကြီး ဦးမောင်လေး၏ ခွင့်ပြုချက်ဖြင့် ရေးသားခဲ့သော သိုင်းပြောင်းပြန်လက်သိုင်းကျင့်နည်း စာအုပ်ဖြစ်သည်။ သိုင်းပြောင်းပြန်ပညာကို ဝါသနာပါသူတို့အတွက် မရှိမဖြစ်ဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဤစာအုပ်သည် Thaing Wizard မှ ပြုလုပ်သော စာအုပ်မဟုတ်ပါ။ ဝါသနာရှင်တစ်ယောက်မှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ပြုလုပ်သူမည်သူမှန်းကိုတော့ ကျွန်တော်ပင် သိခွင့်မရခဲ့ပါ။ ယမန်နေ့က Thaing Wizard ၏ email သို့ ဤစာအုပ်ကို ပေးပို့ပေးခဲ့ခြင်းဖြစ်ပါသည်။ ပေးပို့သူအမည်နှင့် အဘယ်ကြောင့်ပေးပို့ခဲ့သည်ကို ထည့်သွင်းမဖော်ပြခဲ့ပါ။ ထို့ကြောင့် အဆိုပါပေးပို့သော အမည်မသိပုဂ္ဂိုလ်အား လွန်စွာကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောပါရစေဗျာ။ နောက်လဲ အခုလိုပဲ ပေးပို့နိုင်ပါကြောင်း… နောင်အခါများတွင် ပေးပို့သူ၏ အမည်လောက်ကိုတော့ ထုတ်ဖော်အသိပေးစေလိုပါကြောင်း…

မကြာခင်မှာ သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တာတွေ ထပ်တင်ပေးဖို့လည်း ရှိပါသေးကြောင်း၊ ဆက်လက်ပြီး စောင့်မျှော်အားပေးနေကြစေလို့ပါကြောင်းလည်း တစ်ခါတည်း အသိပေးလိုက်ပါရစေဗျာ…

ရှောင်လင်သိုင်းကျင့်စဉ်မှတ်တမ်းဗီဒီယို

ဒီတစ်ခါ တင်ပေးထားတာကတော့ Shaolin Warrior Training Documentary Video လေးပါ။ တစ်နာရီခွဲစာ ကြာပါတယ်။ Connection ကောင်းမယ်ဆိုရင် download ဆွဲပြီး သိမ်းထားသင့်ပါတယ်။

[youtube http://www.youtube.com/watch?v=EMkz7lTGzQ8]

ဒါလေးကို ရှောင်လင်လျှို့ဝှက်ကျင့်စဉ် (၇၂) ပါး စာအုပ်နဲ့ တွဲကြည့်လို့ရအောင် တင်ပေးတာ ဖြစ်ပါတယ်။

ဒီမှတ်တမ်းဗီဒီယိုထဲမှာ Jet Li (ဂျက်လီ) ရဲ့ ငယ်ဘဝအကြောင်းလည်း အနည်းငယ် ပါဝင်ပါတယ်။ Shaolin Warrior Training ဆိုတဲ့အတိုင်း ရှောင်လင်လျှို့ဝှက်ကျင့်စဉ် လေ့ကျင့်နည်းတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတာပါ။

ဥပမာတစ်ခုဆိုရင် Mr. Bean ရဲ့ Johnny English Reborn ထဲက ပြကွက်မျိုး ပါတယ်ဗျာ။ ဇာတ်လမ်းအစမှာ Mr. Bean က တိဘက် (တရုတ်ပြည်) မှာ ရောက်နေတယ်လေ။ အဲ့ဒီမှာ သူ့ရဲ့ မအား (ကျားအင်္ဂါ) ကို ကျောက်ခဲဆွဲတဲ့ လေ့ကျင့်ခန်း လုပ်ရတာ ကြည့်ဖူးသူတိုင်း သိပါလိမ့်မယ်။ အဲ့ဒါကို Iron Ball Skill လို့ ခေါ်ပါတယ်။ အဲ့ဒီကျင့်စဉ် အောင်မြင်သူတစ်ယောက်ရဲ့ မအားဟာ မည်သည့်တိုက်ခိုက်မှုမျိုး မဆို ခံနိုင်ရည်ရှိလာပါတယ်။ ဘာဖြစ်လို့ အဲ့လိုကျင့်ရသလဲဆိုရင် မအားဟာ ကိုယ်ခန္ဓာမှာ အတွင်းအား ထည့်ပြီး တောင့်ခံလို့မရတဲ့ တစ်ခုတည်းသော နေရာဖြစ်လို့ပါတဲ့။

ကြည့်ကြည့်လိုက်ပါဗျာ။ တစ်ကယ်ကို စိတ်ဝင်စားစရာ ပြကွက်တွေကို သည်းတုန် အူတုန်ဖြစ်ရင်း မြင်တွေ့ရမယ်လို့ ရဲရဲကြီး အာမခံပါတယ်။

Myanmar Thaing Ancient Martial Arts Video

ဒါလေးကတော့ သိုင်းအဖွဲ့ချုပ်က ဆရာဦးဇော်မင်းထွန်းရဲ့ သိုင်းကစားဟန်တွေ ဖြစ်ပါတယ်။ ရိုက်ထားတာတော့ တော်တော်ကြာပြီဗျ။ မူရင်း link ကတော့ ဒီမှာ ပါ။ Youtube မှာ တင်ပြီးသား အဆင်သင့် ရှိနေတာမို့ channel တစ်ခုဖွင်ပြီး ပြန်တင်မနေတော့ဘဲ တစ်ခါတည်းပဲ အဲ့ဒီ link ကိုပဲ လှမ်းချိတ်ထား လိုက်တယ်ဗျာ။


[youtube http://www.youtube.com/watch?v=nVI8cgB3g1E]


[youtube http://www.youtube.com/watch?v=0PSMX6VXO6g]


[youtube http://www.youtube.com/watch?v=YUM5gvZrixM]


[youtube http://www.youtube.com/watch?v=60yfqhcbf_8]


[youtube http://www.youtube.com/watch?v=Ijnif5XYB00]


[youtube http://www.youtube.com/watch?v=SK1q5DobZgg]


[youtube http://www.youtube.com/watch?v=X2IHQ32x3nA]


[youtube http://www.youtube.com/watch?v=LZXzHWBQcgA]


ဆရာဦးဇော်မင်းထွန်း ဆီမှာ သိုင်းပညာသင်ယူချင်တယ်ဆိုရင်တော့ ဟော့ဒီမှာလိပ်စာပါဗျာ…

ဆရာ ဦးဇော်မင်းထွန်း
မြန်မာ့ဇာတိသွေးသိုင်းပင်မ
(H-12/2)၊ ဦးလွန်းမောင်လမ်း၊ (၇) မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း – 09 425018822
Website: www.facebook.com/zawmin.tun.98871
Email: myanmarzartithway@gmail.com