ဒီတစ်ခါ တင်ပေးထားတာကတော့ Shaolin Warrior Training Documentary Video လေးပါ။ တစ်နာရီခွဲစာ ကြာပါတယ်။ Connection ကောင်းမယ်ဆိုရင် download ဆွဲပြီး သိမ်းထားသင့်ပါတယ်။
ဒါလေးကို ရှောင်လင်လျှို့ဝှက်ကျင့်စဉ် (၇၂) ပါး စာအုပ်နဲ့ တွဲကြည့်လို့ရအောင် တင်ပေးတာ ဖြစ်ပါတယ်။
ဒီမှတ်တမ်းဗီဒီယိုထဲမှာ Jet Li (ဂျက်လီ) ရဲ့ ငယ်ဘဝအကြောင်းလည်း အနည်းငယ် ပါဝင်ပါတယ်။ Shaolin Warrior Training ဆိုတဲ့အတိုင်း ရှောင်လင်လျှို့ဝှက်ကျင့်စဉ် လေ့ကျင့်နည်းတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတာပါ။
ဥပမာတစ်ခုဆိုရင် Mr. Bean ရဲ့ Johnny English Reborn ထဲက ပြကွက်မျိုး ပါတယ်ဗျာ။ ဇာတ်လမ်းအစမှာ Mr. Bean က တိဘက် (တရုတ်ပြည်) မှာ ရောက်နေတယ်လေ။ အဲ့ဒီမှာ သူ့ရဲ့ မအား (ကျားအင်္ဂါ) ကို ကျောက်ခဲဆွဲတဲ့ လေ့ကျင့်ခန်း လုပ်ရတာ ကြည့်ဖူးသူတိုင်း သိပါလိမ့်မယ်။ အဲ့ဒါကို Iron Ball Skill လို့ ခေါ်ပါတယ်။ အဲ့ဒီကျင့်စဉ် အောင်မြင်သူတစ်ယောက်ရဲ့ မအားဟာ မည်သည့်တိုက်ခိုက်မှုမျိုး မဆို ခံနိုင်ရည်ရှိလာပါတယ်။ ဘာဖြစ်လို့ အဲ့လိုကျင့်ရသလဲဆိုရင် မအားဟာ ကိုယ်ခန္ဓာမှာ အတွင်းအား ထည့်ပြီး တောင့်ခံလို့မရတဲ့ တစ်ခုတည်းသော နေရာဖြစ်လို့ပါတဲ့။
ကြည့်ကြည့်လိုက်ပါဗျာ။ တစ်ကယ်ကို စိတ်ဝင်စားစရာ ပြကွက်တွေကို သည်းတုန် အူတုန်ဖြစ်ရင်း မြင်တွေ့ရမယ်လို့ ရဲရဲကြီး အာမခံပါတယ်။