Page Layout ပြင်ထားသော စာအုပ်များနှင့် ဆောင်းပါးများ

ယခု upload တင်ထားတဲ့ စာအုပ်တွေကတော့ Thaing Wizard မှာ အရင်ထဲက တင်ထားပြီးသားတွေကို update ပြန်လုပ်ထားတာတွေပါ။ အရင်လုပ်ထားတဲ့ စာအုပ်တွေမှာ paper size ကြောင့် စာဖတ်ရ အစဉ်မပြေတာတွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒါတွေကို layout အသစ်၊ size အသစ်နဲ့ ဖတ်ရှုရအစဉ်ပြေအောင် ပြန်လည်ပြုလုပ်ထားတာပါ။

Update လုပ်ထားတဲ့စာအုပ်တွေကို အောက်မှာ download ယူနိုင်ပါပြီ။

၁။ မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)

Myanmar Traditional Tattoo

မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)

Download (File Size – 5.82 MB)


၂။ မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာ နိသျည်းများ


မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာနိသျည်းများ

Download (File Size – 3.88 MB)


၃။ လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

Secret Techniques of Bando and Banshay

လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

Download (File Size – 16.4 MB)


၄။ ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)


ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)

Download (File Size – 3.48 MB)


၅။ လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်)


လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ (ကွန်ဖူးစိုးမြင့်)

Download (File Size – 4.37 MB)


၆။ ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)


ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)

Download (File Size – 7.74 MB)


၇။ အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)


အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)

Download (File Size – 4.19 MB)


နောက်ပြီး အရင်က ဆောင်းပါးပဲ တင်ထားခဲ့ပြီး ebook မလုပ်ရသေးတာ တစ်ချို့ကိုလည်း ebook လုပ်ပြီး တင်ပေးထားပါတယ်။

၁။ သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

Bando Forbidden Martial Arts

သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

Download (File Size – 231 KB)

၂။ ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း

Some Brief Pwe Kyaung Notes

ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း

Download (File Size – 643 KB)

၃။ ဆရာကြီး ဗန်မော်သိန်းအောင်၏ လျှပ်စစ်လက်သီးထိုးနည်

Snap Fist Of Banmaw Thein Aung

ဆရာကြီးဗန်မော်သိန်းအောင်၏ လျှပ်စစ်လက်သီးထိုးနည်း

Download (File Size – 399 KB)

ဓားနှစ်လက်သိုင်း စာအုပ်

ဒီတစ်ခါ ထပ်မံတင်ပေးတာကတော့ ဆရာကြီး ဦးပြည်သိမ်း ရဲ့ ဓားနှစ်လက်သိုင်း စာအုပ်ဖြစ်ပါတယ်။ ခုနက တင်ခဲ့တဲ့ ရှောင်လင်ကွန်းဖူးသိုင်းငါးမျိုးစာအုပ်ရော၊ အခုတင်တဲ့ ဓားနှစ်လက်သိုင်းစာအုပ်ရောပါ ကိုလူငယ် ebook ပြုလုပ်ပေးခဲ့တာပါ။ ရထားတာလည်း တော်တော်ကြီး ကြာနေပါပြီ။ မတင်ဖြစ်သေးတာပါ။ ကဲ ဒီကနေ့တော့ နှစ်အုပ်လုံးကို တစ်ခါတည်း တင်ပေးလိုက်ပါပြီဗျာ…

Burmese Fencing

ဓားနှစ်လက်သိုင်း (ဦးပြည်သိမ်း)

Download (File Size – 15.6 MB)

အဆိုပါစာအုပ်ကို ဒီနေရာမှာ download ရယူနိုင်ပါပြီ။

“ချီ”အားတိုးအောင် ကျင့်နည်းများ

ဒီကနေ့တော့ ၁၉၆၉-ခုနှစ်က ဆရာကြီး ဦးပြည်သိမ်း ဘာသာပြန်ဆို ထုတ်ဝေခဲ့သော လျှို့ဝှက်သော ကမ္ဘာ့သတ်ပုတ်နည်းများ စာအုပ်မှ “ချီ”အားတိုးအောင် ကျင့်နည်းများ (A Method of Increasing Chi) ကို ဆောင်းပါးကို ebook ပြုလုပ်တင်ဆက်လိုက်ပါတယ်။ စာအုပ်က scan ဖတ်ပြီး ebook လုပ်မယ်ဆိုရင် အဖုံးချွတ်ပြီးလုပ်မှ အဆင်ပြေမှာမို့ ကိုယ်တိုင်ပဲ စာပြန်ရိုက်ပြီး တင်ပေးလိုက် တာ ဖြစ်ပါတယ်။

မူရင်းစာအုပ်အတိုင်း မပြင်မဆင် မဖြည့်စွက်ဘဲ (သတ်ပုံအချို့ပြင်ဆင်သည်မှလွဲ၍) ဆရာကြီး ဘာသာပြန်ခဲ့သည့်အတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ အဆိုပါစာအုပ်၏ မူရင်းမှာ John F. Gilbey (Robert W. Smith [1926-2011])Secret Fighting Arts Of The World  ဖြစ်ပါသည်။ နောင်များမှာမှ အခွင့်အခါသင့်လျှင် အဆိုပါ ဘာသာပြန်စာအုပ် တစ်အုပ်လုံးကို စာစီရိုက်ပြီး ebook ပြုလုပ်ပေးပါဦးမည်။

ရေပမာတည့်၊
လျင်စွာလှုပ်ရှား၊ စွမ်းပကား။
ငြိမ်သက်မှုမှာ၊ မှန်ပမာတည့်
ပညာရှင်များ၊ စွမ်းပကား။
ပဲ့တင်သံပမာ၊ တုံ့ပြန်ရာ၌
ပညာရှင်များ၊ စွမ်းပကား။
ကွယ်ဝှက်ရာတွင်၊ မရှိအင်သို့
ကျွမ်းကျင်လိုက်စား၊ သိုင်းသမား။    ။

A Method of Increasing Chi

“ချီ”အားတိုးအောင် ကျင့်နည်းများ (ဦးပြည်သိမ်း)

“ချီ”သည် အရှေ့တိုင်း သိုင်းသမားများ အရင်းအမြစ် ထား၍ လေ့လာသင်ကြားကြသည့် အတတ်ပညာဖြစ်၏။ သို့ရာတွင် “ချီ”အပေါ် အမြင်ခြင်း မတူကြပေ။ အမြင်ခြင်း မတူကြ၍ လေ့ကျင့်ပုံလည်း မတူကြပေ။

တရုတ်ပညာရှင်များ “ချီ”ကို လေ့ကျင့်ခြင်း၊ အသုံးချခြင်း၏ ရည်ရွယ်ချက်မှာ နို့စို့အရွယ် ကလေးငယ်ကဲ့သို့သော ပျော့ပျောင်းမှုမျိုး ရရန်အတွက် ဖြစ်၏။ “ချီ”သည် ဝမ်းတွင်းရှိ မွေးကတည်းက ပါလာသော မွေးသန္ဓေပါ ဖြစ်၏။

“ချီ”သည် အတွင်းစွမ်းအား ဖြစ်၏။ ၎င်းစွမ်းအား တိုးတက်လာစေအောင် မည်သို့လေ့ကျင့်ရမည်ကို ဤစာအုပ်က ရေးသားဖော်ပြထား၏။

အချို့က “ချီ”ဟု ခေါ်၏။ အချို့က “ခီ”ဟု ခေါ်၏။ အချို့က “ကီ”ဟု ခေါ်၏၊ အရှေ့တိုင်း သိုင်းသမားများ အထူးသဖြင့် ဂျပန်၊ တရုတ်ပြည်နှင့် ကိုရီးယားပြည်မှ သိုင်းသမားများ လျှို့ဝှက်စွာ ကျင့်နည်းအတတ် ဖြစ်၏။ မြန်မာက သိဒ္ဓိတိုးနည်း၊ မှော်သွင်းနည်းဟု ခေါ်၏။ သမထထိုင်နည်းနှင့် ဆင်ဆင်တူ၏။

ဤသိုင်းသမားများ လျှို့ဝှက်ထားသည့် “ချီ” အားတိုးအောင်ကျင့်နည်းကို ယခုဖော်ပြပါ စာအုပ်တွင် လေ့လာပါ။ ဒီနေရာမှာ download ရယူနိုင်ပါပြီ။

DownloadFile Size – 1 MB (849 KB)


ဆက်သွယ်ရန်
[email protected]
http://thaingwizard.wordpress.com
www.facebook.com/ThaingWizard
www.facebook.com/groups/thaingwizard

ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)

ဆရာကြီးဦးပြည်သိမ်း ၏ ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ စာအုပ်ဖြစ်သည်။


ကိုရီးယားအဆင့်မြင့် ခြေကန်တိုက်နည်းပညာ (ဦးပြည်သိမ်း)

ဤစာအုပ်တွင် ကမ္ဘာ့ကရာတေး တိုက်ခိုက်ရေးသမားများ၊ ကွန်ဖူး တိုက်ခိုက်ရေးသမားများနှင့် ကွန်မန်ဒို တိုက်ခိုက်ရေးသမားများ အထူးအလေးထားကြရသော ကိုရီးယားခြေကန်နည်း အတတ်ပညာများအနက် ထူးခြားအဆင့်မြင့်လှသော Hwa Rang Do (ဟွရန်ဒို) ခြေကန် ခြေခတ်နည်း အတတ်ပညာများ စုစည်းတင်ပြထားပါသည်။

အမှန်စင်စစ် Hwa Rang Do ခြေကန်နည်း အတတ်သည် မြန်မာ့လက်ဝှေ့ ခြေကန်နည်း များ၊ မြန်မာ့သိုင်း ဗန်တို ခြေကန်ခြေခတ်တိုက်နည်းများနှင့် သံတူကြောင်းကွဲ ပညာတစ်ခုလည်းဖြစ်သည်။ ဤစာအုပ်တွင် အဓိကအားဖြင့် အခန်းသုံးခန်းခွဲခြား ထားသည်။ (၁) ခြေဖြင့် တိုက်ခြင်းအဓိပ္ပာယ် (၂) ကန်ခြင်းထိုးခြင်းနှင့် အသက်ရှူခြင်း (၃) ခြေဖြင့်တိုက်ခိုက်ခြင်း အမျိုးအစားများ ဟူ၍ဖြစ်သည်။

Downloadဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ ခြေကန်နည်းအတတ်ကို မြတ်နိုးသူတိုင်း အတွက် လေ့လာသင်သော စာအုပ်တစ်အုပ်လည်း ဖြစ်သည်။ ဒီနေရာ မှာ ကူးယူလို့ရပါပြီ။