သိုင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများစုစည်းမှု
ဒီတင်ခါတော့ သိုင်းချစ်သူ မိတ်ဆွေများအတွက် နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၊ သူရဇ္ဇမဂ္ဂဇင်းနှင့် အဌာရဿမဂ္ဂဇင်းများမှ သိုင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများကို စုစည်းတင်ပြပေး လိုက်ပါတယ်။ ရှေးဦးစွာ ပဏာမအနေနဲ့ ၎င်းဆောင်းပါးများကို အပင်ပန်းခံ scan ဖတ်ပေးခဲ့သော ကိုစိုးကြီးအား အထူးကျေးဇူးတင်ရှိပါတယ်။ ကိုစိုးကြီးရဲ့ ကျေးဇူးကြောင့်သာ ဒီကနေ့ ဆောင်းပါးများကို တင်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီကနေ့ တင်ပေးဖြစ်တဲ့ စာအုပ်စာရင်းကို ဖော်ပြရမယ် ဆိုရင်ဖြင့်…
၁။ ကမ္ဘာကျော်ခဲ့သည့် မြန်မာ့ကြေးစားလက်ဝှေ့ကျော် မောင်သောင်း (ဉာဏိန္ဒ)
၂။ ဂျူဒို ထွန်းရွှေ (ကြည်ဝင်း)
၃။ လက်နက်ဂမ္ဘီရ (ဖုန်းရွှီအောင်)
၄။ ဓား၏လျှို့ဝှက်ချက်များ (ရှိုင်းအောင်)
၅။ မြန်မာ့နန်းတွင်း မြင်းခင်းပွဲတော် (မြေလတ်မြတ်သူ)
၆။ ကရာတေးဘိုးအေ… ရှောင်လင် သိုင်းပညာ (ကြည်ဝင်း)
၇။ တစ်ကိုယ်တော်ရိုနင် (အောင်ကျော်)
၈။ ဓားဝိဇ္ဇာ မူဆာရှိ၏ ဓာတ်ကြီး(၅)ပါးကျမ်းတော် (ဒီပံလင်း)
ဆိုပြီး ဆောင်းပါး(၈)ပုဒ် ဖြစ်ပါတယ်။ တစ်ပုဒ်ချင်းစီကို ebook တစ်ခုစီ လုပ်ထားပေးပါတယ်။ စာအုပ်များကို အောက်မှာ download ဆွဲယူနိုင်ပါပြီဗျာ။
၁။ ကမ္ဘာကျော်ခဲ့သည့် မြန်မာ့ကြေးစားလက်ဝှေ့ကျော် မောင်သောင်း (ဉာဏိန္ဒ)
Famous Myanmar Boxer Maung Thaung
ကမ္ဘာကျော်ခဲ့သည့် မြန်မာ့ကြေးစားလက်ဝှေ့ကျော် မောင်သောင်း (ဉာဏိန္ဒ)
Download (File Size – 2.3 MB)
၂။ ဂျူဒို ထွန်းရွှေ (ကြည်ဝင်း)
Judo Tun Shwe
ဂျူဒို ထွန်းရွှေ (ကြည်ဝင်း)
Download (File Size – 2 MB)
၃။ လက်နက်ဂမ္ဘီရ (ဖုန်းရွှီအောင်)
Mystic Weapon
လက်နက်ဂမ္ဘီရ (ဖုန်းရွှီအောင်)
Download (File Size – 1.7 MB)
၄။ ဓား၏လျှို့ဝှက်ချက်များ (ရှိုင်းအောင်)
Sword Secret
ဓား၏လျှို့ဝှက်ချက်များ (ရှိုင်းအောင်)
Download (File Size – 1.3 MB)
၅။ မြန်မာ့နန်းတွင်း မြင်းခင်းပွဲတော် (မြေလတ်မြတ်သူ)
Myanmar Traditional Horse Riding Festival
မြန်မာ့နန်းတွင်း မြင်းခင်းပွဲတော် (မြေလတ်မြတ်သူ)
Download (File Size – 4.2 MB)
၆။ ကရာတေးဘိုးအေ… ရှောင်လင် သိုင်းပညာ (ကြည်ဝင်း)
Shaolin Grandfather Of Karate
ကရာတေးဘိုးအေ… ရှောင်လင် သိုင်းပညာ (ကြည်ဝင်း)
Download (File Size – 1.7 MB)
၇။ တစ်ကိုယ်တော်ရိုနင် (အောင်ကျော်)
Go Rin
တစ်ကိုယ်တော်ရိုနင် (အောင်ကျော်)
Download (File Size – 3.6 MB)
၈။ ဓားဝိဇ္ဇာ မူဆာရှိ၏ ဓာတ်ကြီး(၅)ပါးကျမ်းတော် (ဒီပံလင်း)
The Book Of Five Rings By Miyamoto Musashi
ဓားဝိဇ္ဇာ မူဆာရှိ၏ ဓာတ်ကြီး(၅)ပါးကျမ်းတော် (ဒီပံလင်း)
Download (File Size – 4.6 MB)
အရပ်ရှည်လိုသူတိုင်းအတွက်
ဒီတစ်ခါတော့ အရပ်မြင့်နည်းဆိုင်ရာ ဆောင်းပါးနဲ့ စာအုပ်တွေ တင်ဆက်ပေးလိုက်ပါတယ်။ အရင်ကလည်း ဆရာထိပ်တင်ထွဋ်ရဲ့”၁၄-ရက်အတွင်း အရပ်ရှည်နည်း” စာအုပ်နဲ့ အင်္ဂလိပ်စာအုပ် တစ်ချို့ တင်ဖူးပါတယ်။ ဒါပေမယ့် သိုင်းပညာနဲ့ မပတ်သတ်တာကြောင့် post အနေနဲ့ သပ်သပ် မတင်ဖြစ်ပဲ ဒီတိုင်းပဲ upload လုပ်ပြီး link တင်ထားရုံပဲ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့တော့ စာအုပ်အသစ်တွေ ထပ်လုပ်ဖြစ်တာကြောင့် အရင်စာအုပ်တွေရော၊ စာအုပ်အသစ်တွေပါ post ပြန်တင်ပေးလိုက်ပါတယ်ဗျာ။ သိုင်းပညာနဲ့ မပတ်သတ်လှပေမယ့် အရပ်မြင့်လိုသူ လူငယ်များအတွက် အသုံးဝင်ပါလိမ့်မယ်။
စာအုပ်အသစ်တွေ ထပ်လုပ်ဖြစ်တာကတော့ ကိုစိုးကြီး ရဲ့ ကျေးဇူးကြောင့်ပါ။ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော့်ဆီကို အရပ်ရှည်လေ့ကျင့်ခန်း စာအုပ်နှစ်အုပ်နဲ့ ဆောင်းပါးနှစ်ပုဒ် scan ဖတ်ပြီး ပို့ပေးခဲ့ပါတယ်။ ဆရာမင်းစံအိမ် ဘာသာပြန်ခဲ့တဲ့ “အရပ်ရှည်ထွက် မြင့်တက်ဖို့” စာအုပ်၊ “အရပ်ရှည်ထွက် ဖြောင့်မတ်တက်ဖို့” စာအုပ်၊ နောက် ဆရာဝဇီရ ရဲ့ “အရပ်မြင့်မားစေဖို့ ယောဂကျင့်စဉ်” ဆောင်းပါး၊ ဆရာမောင်မိုးဆောင်း(ဒိုက်ဦး) ရဲ့ “အရပ်ရှည်လိုသူ လူငယ်များအတွက် လမ်းညွှန်ပေးပါရစေ” ဆောင်းပါး စတာတွေ ပို့ပေးလိုက်တာဖြစ်ပါတယ်။ စာအုပ်တွေကို အောက်မှာ download ရယူနိုင်ပါပြီ ဖြစ်ပါတယ်။
To Increase Height (Min San Eain)
အရပ်ရှည်ထွက် မြင့်တက်ဖို့ (မင်းစံအိမ်)
Download (File Size – 23 MB)
ဆရာမင်းစံအိမ် ဘာသာပြန်တဲ့ “အရပ်ရှည်ထွက် မြင့်တက်ဖို့” စာအုပ်ရဲ့ အကြောင်း ပြောရမယ်ဆိုရင်တော့ မူရင်းရေးသားပြုစုသူ မစ္စတာ ရန်စုဝိန်ဟာ တရုတ်ရိုးရာ အနှိပ်ပညာနဲ့ အရပ်မြင့်နည်းဆိုင်ရာ နာမည်ကျော် ပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူရဲ့ ထုတ်ဝေပြီး စာအုပ်တွေထဲမှာ ယခု ဘာသာပြန်ဆို ထုတ်ဝေထားတဲ့ “အရပ်ရှည်ထွက် မြင့်တက်ဖို့” စာအုပ်ဟာ လူကြိုက်များလွန်းလို့ ရောင်းမလောက်အောင် ဖြစ်နေတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါ တယ်။ မြန်မာပြည်မှာလည်း ဆရာမင်းစံအိမ်က ဘာသာပြန်ဆို ထုတ်ဝေခဲ့ရာမှာ ၂၀၀၆ ခုနှစ်မှာ ပထမအကြိမ် နဲ့ ၂၀၀၈ ခုနှစ်မှာ ဒုတိယအကြိမ် ထပ်မံ ထုတ်ဝေခဲ့တာတောင် ယခုအချိန်မှာ လိုချင်လို့ ဝယ်ယူမယ်ဆိုရင် ရှာမတွေ့နိုင်တော့လောက်အောင် ရှားသွားပါပြီ။ ထို့ကြောင့် ယခု ထိုစာအုပ်ကို ebook ပြန်လည် ပြုလုပ်ဖြန့်ဝေပါတယ်။ ဒီမှာ download ရယူပါ။
Look, I am Growing Taller (Min San Eain)
အရပ်ရှည်ထွက် ဖြောင့်မတ်တက်ဖို့ (မင်းစံအိမ်)
Download (File Size – 35 MB)
ဆရာမင်းစံအိမ်ပဲ ဘာသာပြန်ဆို ထုတ်ဝေခဲ့တဲ့ “အရပ်ရှည်ထွက် ဖြောင့်မတ်တက်ဖို့” စာအုပ်ဖြစ်ပါတယ်။ ပထမစာအုပ် “အရပ်ရှည်ထွက် မြင့်တက်ဖို့” ကို ထုတ်ဝေပြီး သိပ်မကြာခင် ၂၀၀၈ မှာ ထပ်မံ ထုတ်ဝေပေးခဲ့တဲ့ စာအုပ်ပါ။ မူရင်းစာအုပ်က ဟောင်ကောင် “သာလျင်စာပေတိုက်”ထုတ် “Look, I Am Growing Taller” ဖြစ်ပါတယ်။ ဒီစာအုပ်ဟာလည်း နိုင်ငံတကာက နာမည်ကြီး ဆရာဝန်တွေ၊ အသင်းအဖွဲ့တွေက အကြံပြုထားတဲ့ အရပ်ရှည်ရေး နည်းလမ်းတွေ၊ လေ့ကျင့်ခန်းတွေ ကို စုစည်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာလည်း ဈေးကွက်မှာ မရှိသလောက် ရှားသွားပါပြီ။
အဆိုပါ စာအုပ်ကို ဒီမှာ download ရယူနိုင်ပါပြီ။
Growing Taller within 14 Days (Htik Tin Htut)
၁၄-ရက်အတွင်း အရပ်ရှည်နည်း (ထိပ်တင်ထွဋ်)
Download (File Size – 4.19 MB)
ဆရာထိပ်တင်ထွဋ်ရဲ့ “၁၄-ရက်အတွင်း အရပ်ရှည်နည်း” စာအုပ်ကတော့ ebook လုပ်ထားတာ ကြာပါပြီ။ စာအုပ်အသစ်တွေတင်ရင်းနဲ့ တစ်ခါတည်းပဲ download ယူလို့ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ ဒီစာအုပ်နဲ့ ပတ်သတ်ပြီးတော့ အထွေအထူးတော့ ပြောမနေတော့ပါဘူး။ ဟိုတစ်လောကတော့ ဒီစာအုပ်ပါ ကစားနည်းအတိုင်းကစားပြီး အရပ်နှစ်လက်မ တိုးလာတယ်လို့ ကျွန်တော့်ကို တစ်ယောက်က ပြောဖူးပါတယ်။ ဒါကြောင့် ယုံယုံကြည်ကြည်နဲ့ လက်တွေ့ ကစားကြည့်နိုင်ပါတယ်လို့…။.စာအုပ်ကိုတော့ ဒီမှာ download ရယူနိုင်ပါပြီ။
Yoga For Growing Taller (Wa Zi Ya)
အရပ်မြင့်မားစေဖို့ ယောဂကျင့်စဉ် (ဝဇီရ)
Download (File Size – 226 KB)
ယောဂလေ့ကျင့်ခန်းတွေကလည်း ခန္ဓာကိုယ်ကို ကျန်းမာစေရုံမက အရပ်မြင့်မားစေဖို့ပါ အထောက်အကူပေးနိုင်ကြောင်းကို ယခုဖော်ပြပါ “အရပ်မြင့်မာစေဖို့ ယောဂကျင့်စဉ်” ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါပြီ။ Download ရယူမယ်ဆိုရင်တော့ ဒီမှာ ပါ။
Advice For Growing Taller (Mg Moe Saung)
အရပ်ရှည်လိုသူ လူငယ်များအတွက် လမ်းညွှန်ပေးပါရစေ (မောင်မိုးဆောင်း-ဒိုက်ဦး)
Download (File Size – 216 KB)
အရပ်ရှည်လိုသူ လူငယ်များအတွက် လမ်းညွှန်ဆောင်းပါး ဖြစ်ပါတယ်။ Download ရယူမယ်ဆိုရင်တော့ ဒီမှာ ပါ။
How You Can Grow Taller
How You Can Grow Taller
ဒါကတော့ အရင်ကတည်းက တင်ဖြစ်ခဲ့တဲ့ အင်္ဂလိပ်လို အရပ်ရှည်နည်းလေ့ကျင့်ခန်း စာအုပ်တွေပါ။ ဒီမှာ တစ်ခါတည်း ပြန်တင်ပေးလိုက်ပါတယ်။
1. Height Gain Exercises
Download (File Size – 1.02 MB)
2. Exercises for Growing Taller – A Mini Guide (Rodney Williams)
Download (File Size – 600 KB)
3. How to Naturally Increase your Height 2-3 Inches within 7 Weeks
Download (File Size – 461 KB)
4. Stretches To Grow Taller
Download (File Size – 111 KB)
“ချီ”အားတိုးအောင် ကျင့်နည်းများ
ဒီကနေ့တော့ ၁၉၆၉-ခုနှစ်က ဆရာကြီး ဦးပြည်သိမ်း ဘာသာပြန်ဆို ထုတ်ဝေခဲ့သော လျှို့ဝှက်သော ကမ္ဘာ့သတ်ပုတ်နည်းများ စာအုပ်မှ “ချီ”အားတိုးအောင် ကျင့်နည်းများ (A Method of Increasing Chi) ကို ဆောင်းပါးကို ebook ပြုလုပ်တင်ဆက်လိုက်ပါတယ်။ စာအုပ်က scan ဖတ်ပြီး ebook လုပ်မယ်ဆိုရင် အဖုံးချွတ်ပြီးလုပ်မှ အဆင်ပြေမှာမို့ ကိုယ်တိုင်ပဲ စာပြန်ရိုက်ပြီး တင်ပေးလိုက် တာ ဖြစ်ပါတယ်။
မူရင်းစာအုပ်အတိုင်း မပြင်မဆင် မဖြည့်စွက်ဘဲ (သတ်ပုံအချို့ပြင်ဆင်သည်မှလွဲ၍) ဆရာကြီး ဘာသာပြန်ခဲ့သည့်အတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ အဆိုပါစာအုပ်၏ မူရင်းမှာ John F. Gilbey (Robert W. Smith [1926-2011])Secret Fighting Arts Of The World  ဖြစ်ပါသည်။ နောင်များမှာမှ အခွင့်အခါသင့်လျှင် အဆိုပါ ဘာသာပြန်စာအုပ် တစ်အုပ်လုံးကို စာစီရိုက်ပြီး ebook ပြုလုပ်ပေးပါဦးမည်။
ရေပမာတည့်၊
လျင်စွာလှုပ်ရှား၊ စွမ်းပကား။
ငြိမ်သက်မှုမှာ၊ မှန်ပမာတည့်
ပညာရှင်များ၊ စွမ်းပကား။
ပဲ့တင်သံပမာ၊ တုံ့ပြန်ရာ၌
ပညာရှင်များ၊ စွမ်းပကား။
ကွယ်ဝှက်ရာတွင်၊ မရှိအင်သို့
ကျွမ်းကျင်လိုက်စား၊ သိုင်းသမား။    ။
A Method of Increasing Chi
“ချီ”အားတိုးအောင် ကျင့်နည်းများ (ဦးပြည်သိမ်း)
“ချီ”သည် အရှေ့တိုင်း သိုင်းသမားများ အရင်းအမြစ် ထား၍ လေ့လာသင်ကြားကြသည့် အတတ်ပညာဖြစ်၏။ သို့ရာတွင် “ချီ”အပေါ် အမြင်ခြင်း မတူကြပေ။ အမြင်ခြင်း မတူကြ၍ လေ့ကျင့်ပုံလည်း မတူကြပေ။
တရုတ်ပညာရှင်များ “ချီ”ကို လေ့ကျင့်ခြင်း၊ အသုံးချခြင်း၏ ရည်ရွယ်ချက်မှာ နို့စို့အရွယ် ကလေးငယ်ကဲ့သို့သော ပျော့ပျောင်းမှုမျိုး ရရန်အတွက် ဖြစ်၏။ “ချီ”သည် ဝမ်းတွင်းရှိ မွေးကတည်းက ပါလာသော မွေးသန္ဓေပါ ဖြစ်၏။
“ချီ”သည် အတွင်းစွမ်းအား ဖြစ်၏။ ၎င်းစွမ်းအား တိုးတက်လာစေအောင် မည်သို့လေ့ကျင့်ရမည်ကို ဤစာအုပ်က ရေးသားဖော်ပြထား၏။
အချို့က “ချီ”ဟု ခေါ်၏။ အချို့က “ခီ”ဟု ခေါ်၏။ အချို့က “ကီ”ဟု ခေါ်၏၊ အရှေ့တိုင်း သိုင်းသမားများ အထူးသဖြင့် ဂျပန်၊ တရုတ်ပြည်နှင့် ကိုရီးယားပြည်မှ သိုင်းသမားများ လျှို့ဝှက်စွာ ကျင့်နည်းအတတ် ဖြစ်၏။ မြန်မာက သိဒ္ဓိတိုးနည်း၊ မှော်သွင်းနည်းဟု ခေါ်၏။ သမထထိုင်နည်းနှင့် ဆင်ဆင်တူ၏။
ဤသိုင်းသမားများ လျှို့ဝှက်ထားသည့် “ချီ” အားတိုးအောင်ကျင့်နည်းကို ယခုဖော်ပြပါ စာအုပ်တွင် လေ့လာပါ။ ဒီနေရာမှာ download ရယူနိုင်ပါပြီ။
DownloadFile Size – 1 MB (849 KB)
ဆက်သွယ်ရန်
[email protected]
http://thaingwizard.wordpress.com
www.facebook.com/ThaingWizard
www.facebook.com/groups/thaingwizard
အတွင်းအားပညာနှင့် ထူးခြားသော လျှို့ဝှက်ကျင့်စဉ်များ
By Ko Soe Gyi
ဘာလိုလိုနဲ့ post အသစ်တွေ ထပ်မတင်ဖြစ်တာတောင် သုံးလလောက်ရှိသွားပါပြီ။ ဒီကနေ့တော့ ကိုစိုးကြီးဆီက ရထားတဲ့ အတွင်းအားနဲ့ ပတ်သတ်တဲ့ ဆောင်းပါးစုစည်းမှု စာအုပ်ကလေး တင်ပေးလိုက်ပါတယ်။ မတင်ဖြစ်သေးတဲ့ အသစ်တွေရှိပါသေးတယ်။ မအားသေးလို့ ဘာမှမလုပ်ဖြစ်တာပါ။ နောက်ရက်များမှ အဆင်သင့်သလို အသစ်တွေ ထပ်တင်ပေးပါဦးမယ်ဗျာ။ အသစ်တွေ မတင်ဖြစ်တဲ့ကြားက visitor ဦးရေ ကျမသွားတာကို များစွာ ဝမ်းမြောက်မိပါတယ်။ အဲ့ဒါကြောင့်လည်း website ကို ဆက်လည်ပတ်ဖို့ အားအင်တွေရနေတာ ဖြစ်ပါတယ်ဗျာ။ အားလုံးကို ကျေးဇူးပါ။
About Intrinsic Energy And How To
အတွင်းအားပညာနှင့် ထူးခြားသော လျှို့ဝှက် ကျင့်စဉ်များ
အခုတင်ပေးလိုက်တဲ့ ebook ကလေးထဲမှာ ပါဝင်တာတွေကတော့…
၁။ Intrinsic Energy (ချီ<သို့>အတွင်းအား)
၂။ အဆင့်မြင့်ကွန်ဖူးပညာရှင်၏ စွမ်းရည်များ
၃။ ကွန်ဖူးပညာရှင်များ၏ လျှို့ဝှက်ကျင့်စဉ်(၁)
၄။ အင်းဝခေတ် ရှေးမြန်မာကြီးများ၏ အသက်ရှူကျင့်စဉ်
၅။ ကွန်ဖူးပညာရှင်များ၏ လျှို့ဝှက်ကျင့်စဉ်များ(၂)
၆။ ရှေးဟောင်း တရုတ်ကျန်းမာရေး ချိကုန်းကျင့်စဉ်
၇။ ကွန်ဖူးပညာရှင်များ၏ လျှို့ဝှက်ကျင့်စဉ်(၃)
၈။ ကွန်ဖူးပညာရှင်များ၏ လျှို့ဝှက်ကျင့်စဉ်(၄)
ဆိုပြီး ဆောင်းပါး(၈)ပုဒ် ပါဝင်ပါတယ်။ ဒီနေရာမှာ download ရယူနိုင်ပါပြီ။
DownloadFile Size – 3.92 MB
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။
ကမ္ဘောဇ နန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန် အခြေခံ ကျင့်စဉ်များ
ကမ္ဘောဇ နန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန်၏ အခြေခံ ကျင့်စဉ်များ အကြောင်းဖြစ်ပါတယ်။ http://khukhachant.per.mm/ ကနေ ကူးယူထားတာပါ။ အဲ့ဒီ website လေးကတော့ အခု မရှိတော့ပါ။ ဝါသနာရှင်များ ဖတ်ရှုနိုင်ရန် ebook ပြန်လည်ပြုလုပ်ခြင်းဖြစ်ပါတယ်။
How To Thaing Byaung Byan
ကမ္ဘောဇ နန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန်၏ အခြေခံ ကျင့်စဉ်များ
ဖော်ပြပါစာအုပ်မှာ ပါဝင်တဲ့ အခန်းများကတော့…
(၁) ကမ္ဘောဇ နန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန်၏ သမိုင်းစဉ်
(၂) သိုင်းပြောင်းပြန်နာယကဆရာကြီး ဦးမောင်လေး၏ ကိုယ်ရေးအကျဉ်းချုပ်နှင့်
(၃) ကမ္ဘောဇ နန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန်၏ အခြေခံ ကျင့်စဉ်များ
ဆိုပြီး ပါဝင်ပါတယ်။
သိုင်းပြောင်းပြန် အခြေခံကျင့်စဉ်များမှာ- အခုန်ကျင့်နည်းစနစ်၊ လက်နည်းစနစ်၊ တုတ်နည်းစနစ်၊ ဓားနည်းစနစ် စသည်ဖြင့် အတော်စုံစုံလင်လင်ပါပါတယ်။ အခြေခံကျင့်စဉ်ဟု ဆိုထားသော်လည်း အခြေခံတိုက်ခိုက်နည်းစနစ်များသာမက ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် မဖြစ်မနေလေ့ကျင့် ရမည့် လေ့ကျင့်ခန်းများပါဝင်နေပါတယ်။
Download(File Size – 843 KB)
ဖော်ပြပါ စာအုပ်ကို download ရယူမယ်ဆိုရင်တော့ ဒီမှာ ပါဗျာ။ ယခုစာအုပ်အပြင် အခြားသော သိုင်းပြောင်းပြန်စာအုပ်များ၊ သိုင်းစာအုပ်များကို download ရယူမယ်ဆိုရင်တော့ ဒီမှာ သွားရောက် ကူးယူနိုင်ပါကြောင်း…
သိုင်းပြောင်းပြန် Website များ…
International Thaing Byan Association: http://itbba.org/
Thaing Byaung Byan (Mandalay): http://thaingbyaungbyan.blogspot.com/
သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တဲ့ Facebook Account နဲ့ Fan Page များ…
Khukhachant Martial Art,
Thaingbyaung Byan,
ခူးကာချန့် – သိုင်းပြောင်းပြန်သင်တန်း TBB Ku Kar Chant,
သိုင်းပြောင်းပြန်ပုသိမ်. Thaing Byaung Byan Pathein,
ခူးခါချန့် သိုင်းပြောင်းပြန် – Thaing Byaung Pyan
သိုင်းပြောင်းပြန်နဲ့ အခြားသိုင်းစာအုပ်များ…
https://thaingwizard.com/martial-arts-book-in-myanmar
သိုင်းပြောင်းပြန်နဲ့ အခြားသိုင်းသင်တန်းလိပ်စာများ…
https://thaingwizard.wordpress.com/martial-arts-institute
သိုင်းစာအုပ်များ အလွယ်တကူ ဝယ်နိုင်ပြီ…
သိုင်းပညာရပ်ကို ဝါသနာပါသူ မိတ်ဆွေများအတွက် အထူးစပါယ်ရှယ်သတင်း ဖြစ်ပါတယ်ဗျာ… မကြာသေးခင်က အသစ်ထွက်ထားတဲ့ ပွဲကျောင်းဆရာကြီးဦးစိုးမြင့်ရဲ့ ပွဲကျောင်းစာအုပ်နဲ့ ဆရာကြီးကွန်ဖူးစိုးမြင့်ရဲ့ ၁၉၉၀ နှစ်များဆီက ထွက်ထားခဲ့တဲ့ သိုင်းစာအုပ်များကို ဝယ်ယူလို့ရနိုင်ကြောင်းပါ…
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့သိုင်းပင်မဦးစီးဆရာကြီး တိုက်တိုင်းအောင် ပွဲကျောင်းဆရာကြီး ဦးစိုးမြင့် ရေးသားပြုစုသော…
မူလဂါမဝါသီပုပ္ပား  ပွဲကျောင်း မြန်မာ့သိုင်းလက်ဝှေ့လေ့ကျင့်ကစားနည်း၊ တန်ပြန်ခုခံကာကွယ် တိုက်ခိုက်နည်း စာအုပ်ကို  အမြို့မြို့ အနယ်နယ်ရှိ စာအုပ်ဆိုင်တိုင်းတွင် ရနိုင်ပြီ။
မူလဂါမဝါသီပုပ္ပား ပွဲကျောင်း မြန်မာ့သိုင်းလက်ဝှေ့လေ့ကျင့်ကစားနည်း၊ တန်ပြန်ခုခံကာကွယ်တိုက်ခိုက်နည်း
အကြိမ် – ပထမအကြိမ်
ထုတ်ဝေချိန် -၂၀၁၃ မတ်လ
တန်ဖိုး – ၁၈၀၀ ကျပ်
နယ်မှ ဝယ်ရခက်နေသူများဖြစ်ပါက http://www.myanmaronlinesales.com/MyanmarBooks/BookDetails/29492/ တွင် မှာပါ။ နိုင်ငံရပ်ခြားရောက်နေသူများ www.myanmarbookshop.com/ တွင်မှာပါ။
ဖော်ပြပါစာအုပ်ကို ကနဦးက ebook ပြန်လုပ်ရန် စဉ်းစားခဲ့ဖူးသော်လည်း ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူနိုင်သည်ဖြစ်သောကြောင့် ebook မလုပ်ဖြစ်တော့ပါ။ လုပ်ဖြစ်ပါကလည်း တစ်ချို့စာမျက်နှာများကိုသာ လုပ်ဖြစ်မည်ဖြစ်ပါသည်။ ယခုကာလသည် သိုင်းစာအုပ်ဈေးကွက် မရှိသော ကာလဖြစ်သဖြင့် ebook ပြုလုပ်ခဲ့ပါက ဈေးကွက်ပျက်သွားကာ နောင်အသစ်ထွက်ပေါ် လာလတ္တံ့သော စာအုပ်များတွင်လည်း မည်သူမျှ အရှုံးခံထုတ်ဝေဝံံ့တော့မည်မဟုတ်တော့ပါ။ သို့ဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးကြစေလိုပါသည်။
ဆရာကြီး ကွန်ဖူးစိုးမြင့် ဘာသာပြန်သော လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ၊ Self Defence In Every Emergency စာအုပ် ဝယ်ယူနိုင်ပြီ…
လူတိုင်းအတွက် လျှပ်တစ်ပြက် ကိုယ်ခံပညာ၊ Self Defence In Every Emergency (မြန်မာပြန်)
အကြိမ် – ဒုတိယအကြိမ်
ထုတ်ဝေချိန် – ၁၉၉၀ နိုဝင်ဘာလ
တန်ဖိုး – ၁၅၀၀ ကျပ်
ရန်ကုန်မှ ဝယ်ယူလိုသူများ၊ နယ်မှ ဝယ်ယူလိုသူများ http://www.myanmaronlinesales.com/MyanmarBooks/BookDetails/18354/ တွင် မှာပါ။ နိုင်ငံရပ်ခြားရောက်နေသူများ www.myanmarbookshop.com/ တွင်မှာပါ။
အဆိုပါစာအုပ်ကို download ရယူလိုပါက https://thaingwizard.com/2013/02/27/self-defence-in-every-emergency-book/ မှာ download ရယူပါ။
ဆရာကြီး ကွန်ဖူးစိုးမြင့် ဘာသာပြန်ခဲ့သော ထိုင်း လက်ဝှေ့၊ Thai Boxing စာအုပ် ဝယ်ယူနိုင်ပြီ…
ထိုင်း လက်ဝှေ့၊ Thai Boxing (မြန်မာပြန်)
အကြိမ် – တတိယအကြိမ်
ထုတ်ဝေချိန် – ၁၉၉၅ မေလ
တန်ဖိုး – ၁၂၀၀ ကျပ်
အဆိုပါစာအုပ်ကို download ရယူလိုပါက https://thaingwizard.com/2013/02/21/thai-boxing-book/ မှာ download ရယူပါ။
အဆိုပါ website တွင် အခြားသော ဆရာကြီး ကွန်ဖူးစိုးမြင့်၏ စာအုပ်များ ကြော်ငြာထားသည်ကို တွေ့ခဲ့ရသော်လည်း ဆက်သွယ်ကြည့်သောအခါတွင် ယခုဖော်ပြပါ စာအုပ်များသာ ရနိုင်တော့သည်ဟု သိရပါကြောင်း…
အော်… မေ့လို့ ဆရာကြီးကွန်ဖူးစိုးမြင့်ရဲ့ ဂျီကွန်ဒို စာအုပ်လည်း ရသေးတယ်ဗျ။ ဈေးနှုန်းကတော့ ၁၀၀၀-ကျပ် ပါ။
ဂျီကွန်ဒို (ကွန်ဖူးစိုးမြင့်)
ဂျီကွန်ဒို (မြန်မာပြန်)
အကြိမ် – ပထမအကြိမ်
တန်ဖိုး – ၁၀၀၀ ကျပ်
ရန်ကုန်မှ ဝယ်ယူလိုသူများ၊ နယ်မှ ဝယ်ယူလိုသူများ http://www.myanmaronlinesales.com/MyanmarBooks/BookDetails/6384/ တွင် မှာပါ။ နိုင်ငံရပ်ခြားရောက်နေသူများ www.myanmarbookshop.com/ တွင်မှာပါ။
အဆိုပါ ဂျီကွန်ဒို ebook ကို download ယူမယ်ဆိုရင် https://thaingwizard.com/2013/02/28/jeet-kune-do-book/ ဒီမှာပါဗျာ…
သေနတ်မှာမောင်းပြန်၊ သိုင်းမှာပြောင်းပြန်
သိုင်းပြောင်းပြန်ကို စိတ်ဝင်စားသူများအတွက် လာပါပြီ ဒီမှာ…
သိုင်းပညာမှာ အမျိုးအစား သုံးမျိုးခွဲလို့ရတယ်။ အကသိုင်း၊ အပြသိုင်းနဲ့ အချသိုင်း လို့ ဖြစ်တယ်။ ပြောင်းပြန်က အချသိုင်းဖြစ်တယ်။ ကြမ်းတယ်၊ ရမ်းတယ်၊ လုပ်ရင် အပြတ်လုပ်တယ်။ အဲ… ကြည့်လို့တော့ မလှဘူး။ အဲဒါပြောင်းပြန်ပဲ… သေနတ်မှာ မောင်းပြန်၊ သိုင်းမှာ ပြောင်းပြန်၊ ပြောင်းပြန်ကို တောင်းပန်ရင် တောင်းပန်၊ မတောင်းပန်ရင် နှာခေါင်းလန်မဟေ့… လို့ စာချိုးယူရတဲ့ ပညာရပ်ဖြစ်ပါတယ်။
ပြောင်းပြန်ပညာ၊ သို့မဟုတ်၊ သိုင်းပြောင်းပြန်ပညာကို မြန်မာပြည် (ပြည်မ) တွင် စတင်ပို့ချသွားသူမှာ ဆရာကြီး ဦးမောင်လေး၏ ဆရာ၊ ဆရာကြီး ဦးချယ်၊ သို့မဟုတ်၊ ရှမ်းအမျိုးသား သိုင်းဆရာကြီး ဆရာချယ် ဖြစ်ပါသည်။ ဆရာကြီး ဦးချယ်သည် ရှမ်းပြည်မှ ဆင်းလာသူ သိုင်းဆရာကြီး ဖြစ်သော်လည်း မည်သည့်မြို့ရွာတွင် နေထိုင်ခဲ့ကြောင်း၊ မည်သည့် စော်ဘွားထံတွင် အမှုထမ်းခဲ့ကြောင်းကား ဆရာကြီး ဦးမောင်လေး ကိုယ်တိုင်ပင် မသိခဲ့ရပေ။
ထို့ကြောင့် ဆရာကြီး ဦးချယ်တွင် သင်ဆရာရှိသည်၊ မရှိသည်ကိုလည်း မသိရ၊ ဆရာကြီး ဦးချယ်သည် ဤ သိုင်းပြောင်းပြန်ပညာကို တီထွင်ခဲ့သူလော၊ တီထွင်သော ဆရာ တစ်စုံတစ်ယောက်ထံမှ သင်ယူခဲ့ခြင်းလော ဆိုသည်ကို ယနေအထိ မသိရပါ။ ဆရာကြီး ဦးချယ်သည် (၁) ဆရာကြီး ဦးမောင်လေး၊ (၂) ဆရာကြီး ဦးလုံ (၃) ဆရာကြီး သောမ (ခေါ်) ဦးရွှေလှတို့ သုံးယောက်ကို ပညာသင်ပေးသွားခဲ့သည်။  ဆရာကြီး ဦးလုံနှင့်၊ ဦးသောမတို့သည် တပည့် မမွေးပါ။
ဆရာကြီး ဦးမောင်လေးသည် သိုင်းပြောင်းပြန်ပညာကို ၁၆ နှစ်သားတွင် စတင်သင်ယူခဲ့၍၊ ၁၉ နှစ်သားတွင် ဆရာဖြစ်ယူခဲ့ပါသည်။ ၁၂၈၀ ခုနှစ်မှစ၍ မြန်မာပြည်အနှံ့ သိုင်းပြောင်းပြန်ပညာကို ဖြန့်ဖြူးခဲ့ပါသည်။ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်ပင်မတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် (ကြည်မြင်တိုင်နယ်မြေ)၊ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ကျောင်းသားလူငယ်၊ အလုပ်သမားများစွာတို့ကို သင်ကြားပို့ချခဲ့ပါသည်။
လက်ရှိမှာတော့ ဆရာကြီး ဦးမောင်လေး မရှိတော့ပါ။ သို့သော်လည်း ဆရာကြီး ဦးအောင်သိန်း (သန်လျင်) မှ သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီးအနေဖြင့် သိုင်းပြောင်းပြန်ပညာများ ဆက်လက်ပြန့်ပွားရေး အတွက် လုပ်ဆောင်နေပါတယ်။
ကဲ… သိုင်းပြောင်းပြန်ကို စိတ်ဝင်စားသွားကြပြီလား။ အဲ့ဒီအတွက်တော့ အောက်မှာ သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တဲ့ စာအုပ်အချို့ကို တင်ပေးထားပါတယ်။ Download ရယူနိုင်ပါပြီဗျာ…
၁။ သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး
By အမျိုးသားစာပေဆုရ စာရေးဆရာ ပွင့်လန်း (သတ္တုတွင်း)
Thaing Byaung Byan Byaung Byan Maung Lay
သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး (ပွင့်လန်း – သတ္တုတွင်း)
Download(File Size – 13.2 MB)
သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး၏ အတ္ထုပ္ပတ္တိစာအုပ်၊ အလွန်ကောင်းသော စာအုပ်ဖြစ်သည်။ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော်လည်း ဝတ္တုအသွင်ဖြင့် ရေးသားထားသဖြင့် မပျင်းမရိ တစ်ထိုင်တည်းဖြင့် ဖတ်ချင်စဖွယ်ဖြစ်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
ဤစာအုပ်ကို khtnetpc.webs.com မှ ebook ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။
၂။ ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ]
By ဆရာကြီး ဦးအောင်သိန်း (သန်လျင်)
Thaing Byaung Byan Volume 1
ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ] (ဦးအောင်သိန်း – သန်လျင်)
Download(File Size – 132 MB)
သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး၏ တပည့်ရင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီးအဖြစ် ဆောင်ရွက်နေသူ ဆရာကြီး ဦးအောင်သိန်း (သန်လျင်) ကိုယ်တိုင် ဆရာကြီး ဦးမောင်လေး၏ ခွင့်ပြုချက်ဖြင့် ရေးသားခဲ့သော သိုင်းပြောင်းပြန်လက်သိုင်းကျင့်နည်း စာအုပ်ဖြစ်သည်။ သိုင်းပြောင်းပြန်ပညာကို ဝါသနာပါသူတို့အတွက် မရှိမဖြစ်ဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
ဤစာအုပ်သည် Thaing Wizard မှ ပြုလုပ်သော စာအုပ်မဟုတ်ပါ။ ဝါသနာရှင်တစ်ယောက်မှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ပြုလုပ်သူမည်သူမှန်းကိုတော့ ကျွန်တော်ပင် သိခွင့်မရခဲ့ပါ။ ယမန်နေ့က Thaing Wizard ၏ email သို့ ဤစာအုပ်ကို ပေးပို့ပေးခဲ့ခြင်းဖြစ်ပါသည်။ ပေးပို့သူအမည်နှင့် အဘယ်ကြောင့်ပေးပို့ခဲ့သည်ကို ထည့်သွင်းမဖော်ပြခဲ့ပါ။ ထို့ကြောင့် အဆိုပါပေးပို့သော အမည်မသိပုဂ္ဂိုလ်အား လွန်စွာကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောပါရစေဗျာ။ နောက်လဲ အခုလိုပဲ ပေးပို့နိုင်ပါကြောင်း… နောင်အခါများတွင် ပေးပို့သူ၏ အမည်လောက်ကိုတော့ ထုတ်ဖော်အသိပေးစေလိုပါကြောင်း…
မကြာခင်မှာ သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တာတွေ ထပ်တင်ပေးဖို့လည်း ရှိပါသေးကြောင်း၊ ဆက်လက်ပြီး စောင့်မျှော်အားပေးနေကြစေလို့ပါကြောင်းလည်း တစ်ခါတည်း အသိပေးလိုက်ပါရစေဗျာ…
လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)
ဆရာကြီး ဦးချစ်သန်း ရေးသားခဲ့တဲ့ လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ စာအုပ် ဖြစ်ပါသည်။
Secret Techniques of Bando and Banshay
လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)
မြန်မာတို့၏ ရှေးဟောင်းကာကွယ်တိုက်ခိုက်မှု စစ်ပညာ ဖြစ်ရုံသာမက ရိုးရာအားကစား ပညာလည်းဖြစ်သော ဗန်တို၊ ဗန်ရှည် အတတ်သည် တာဝန်သိသော သိုင်းပညာရှင်များ၏ လက်ဆင့်ကမ်း ထိန်းသိမ်းမှုကြောင့် ယနေ့ခေတ် နှောင်းလူများ တွေ့ရှိသိမှတ် သင်ကြားနိုင်ကြခြင်းဖြစ်ပါသည်။ ပညာကို အားပြတ်အောင် မပြုနှင့် ဟူသော ဆိုရိုးအတိုင်း ကျွန်ုပ်တို့၏ ဆရာ့ ဆရာများ၏ တာဝန်ကျေမှုများကြောင့် ဤပညာများကို ကျွန်ုပ်တို့ သင်ကြားခွင့် ရနိုင်ခြင်း ဖြစ်ပါသည်။ ပညာတစ်ခုကို ငါမှလွဲ၍ ငါ့သားသမီး၊ ငါ့တပည့်ရင်းမှလွဲ၍ မည်သူမှ မတတ်ရ၊ မသိစေရ၊ မမြင်စေရ ဟူသော အယူအဆသည် များစွာ ကျဉ်းမြောင်းလှပေသည်။ မိမိချစ်မြတ်နိုးသော ပညာရပ်တစ်ခုကို မိမိဘာသာ အားပြတ်အောင် ပြုသည်နှင့် တူပေသည်။
တစ်ချို့က ဤကဲ့သို့ စာအုပ်မျိုး ရေးသားထုတ်ဝေခြင်းကြောင့် ဆရာကြီးအား အပြစ်တင်လိုကြသည်။  အမှန်မှာ မည်သည့်ပညာမဆို မထိုက်တန်သူများ၏ လက်တွင်းသို့ အလွယ်တကူ မရောက်ရှိနိုင်ပါ။ ရောက်ရှိခဲ့လျှင်လည်း အပြည့်အစုံမဟုတ်ဘဲ အပိုင်းအစမျှသာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် လူဆိုး၊ သူခိုးတို့သည်  ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိသူများမဟုတ်သဖြင့် ခိုးဆိုးနေကြခြင်း ဖြစ်ပါသည်။ ဗန်တို၊ ဗန်ရှည်ပညာကို ငွေကြေးတစ်ခုတည်း ပေးနိုင်ရုံမျှဖြင့် တတ်မြောက်မည် မဟုတ်ပါ။ ထိုက်တန်သော အချိန်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သည်းခံမှုများနှင့် အစဉ်တစိုက် လေ့ကျင့်ပေးနိုင်မှသာ အမှန်တကယ် တတ်မြောက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ယခုစာအုပ်ကို ဆရာကြီးမှ ရဲရဲကြီး ရေးသားထုတ်ဝေပေးခဲ့ခြင်း ဖြစ်ပါသည်။
ဤစာအုပ်တွင် ဗန်တိုနည်းပေါင်း ၁၂၀၊ ဗန်ရှည်နည်းပေါင်း ၁၄-နည်း တို့ကို ရုပ်ပုံပေါင်း ၁၆၄-ပုံဖြင့် ဝေေ၀ဆာဆာ တင်ပြပေးထားသည်။ အကျယ်ဆိုရလျှင် ဤစာအုပ်တွင် ဗန်တို၊ ဗန်ရှည်ပညာ လိုက်စားသူတို့အတွက် ရန်သူနှင့် ရင်ဆိုင်ရာတွင် အမှန်အကန် အသုံးဝင်မည့် နည်းကောင်း (၁၆)နည်းကို ဖော်ပြပေးထားသည်။ ဤစာအုပ်တွင် လူ့ခန္ဓာကိုယ်တွင်ရှိသော အားနည်းသော အင်္ဂါအစိတ်အပိုင်းများ၊ အားရှိသော ခန္ဓာလက်နက်များကိုလည်း ဖော်ပြပေးထား သည်။ ထို့ပြင် ဗန်တိုပညာအနေဖြင့် ခန္ဓာလက်နက်များဖြစ်သော လက်ဝါးစောင်း၊ လက်ဖနောင့်၊ တံတောင်၊ ဒူး၊ ခြေဖနောင့်၊ ခြေဝါးစောင်း၊ ခေါင်း၊ လက်သီး၊ လက်စောင်းတို့ အသုံးပြုနည်းများကို အကျယ်ရှင်းပြထားသည်။
ဗန်ရှည်ပညာရပ်အနေဖြင့်လည်း လက်အဖြောင့်ထိုးခြင်း၊ ဓားရိုးဖြင့် တိုက်ခိုက်ခြင်း၊ မိုးခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊ ပိုင်းခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊ တွတ်ခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊  လက်နက်အကျချနည်း၊ တက်ရှောင်ပြီး လက်နက်အကျချနည်း၊ တက်ရှောင်၍ အောက်စီးမှတိုက်ခြင်း စသည်ဖြင့် အမှန်တစ်ကယ် အသုံးဝင်မည့် နည်းစနစ်များကို ဖော်ပြပေးထားသည်။
ထိုမျှမကသေး အမျိုးသမီးများအတွက် အထူးအလေးပေးကာ အမျိုးသမီးကဏ္ဍကိုလည်း ထည့်သွင်းပေးထားသေးသည်။ အမျိုးသမီးကဏ္ဍတွင် လက်ဝါးစောင်း သုံးနည်း၊ လက်ဖနောင့်ဖြင့် ခုခံနည်း၊ တံတောင်ဖြင့် တိုက်နည်း၊ ခြေဖဝါး ဖနောင့်ဖြင့် ခုခံတိုက်ခိုက်နည်း၊ လက်စောင်းဖြင့် ခုခံနည်း၊ လက်မဖြင့် ခုခံနည်း စသည်ဖြင့် စုံလင်လှသည်။
Downloadလက်တွေလေ့လာ လေ့ကျင့်လိုသူတွေအတွက်ဖြစ်ဖြစ်၊ ဗဟုသုတအနေနဲ့ ဖတ်ရှုလိုသူတွေ အတွက်ဖြစ်ဖြစ် အမှန်အကန် စိတ်ကျေနပ်မှုပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီမှာ ကူးယူရရှိနိုင်ပါပြီ။
ဘီလီဝုဒ် ၏ နဘမ်းသတ်နည်း (ဦးလှဒင်)
ဆရာကြီး ဦးလှဒင် ဘာသာပြန်ဆိုသော ဘီလီဝုဒ် ၏ နဘမ်းသတ်နည်း စာအုပ်ဖြစ်သည်။
Wrestling Techniques of Billy Wood
Wrestling Techniques of Billy Wood
အောက်မှာ မူရင်းစာအုပ်မျက်နှာဖုံးကိုပါ ဖော်ပြပေးထားပါတယ်။
Wrestling: Catch-As-Catch-Can, Cumberland & Westmorland, & All-In Styles
Wrestling: Catch-As-Catch-Can, Cumberland & Westmorland, & All-In Styles
Ernest John Harrison ရဲ့ Wrestling: Catch-As-Catch-Can, Cumberland & Westmorland, & All-In Styles ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။
Downloadယခုဖော်ပြပါစာအုပ်ကို ဒီနေရာ မှာ Download ဆွဲယူ ရရှိနိုင်ပါပြီ…
အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)
ဆရာကြီး ကွန်ဖူးစိုးမြင့် ဘာသာပြန်သော အမေရိကန် ချက်ကောင်း တိုက်ကွက်များ စာအုပ်ဖြစ်သည်။
Best American Fighting Techniques
အမေရိကန် ချက်ကောင်း တိုက်ကွက်များ (ကွန်ဖူးစိုးမြင့်)
ဤစာအုပ်တွင် ဖော်ပြထားသော နည်းစနစ်များသည် ဂျူဒို၊ ဂျူဂျစ်ဆု၊ နပမ်း၊ ဆာမားတေး စသည့် ကမ္ဘာ့အထက်မြက်ဆုံး ကိုယ်ခံပညာများမှ ကောင်းနိုးရာရာ နည်းစနစ်များကို ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အကျဉ်းအကျပ်ထဲ ကျရောက်နေသော အခြေအနေများတွင် အမှန်ပင် အသုံးဝင်သည်ကို တွေ့ရမည်ဖြစ်သည်။
အမေရိကန် ချက်ကောင်း တိုက်ကွက်များ စာအုပ်တွင် အောက်ပါအတိုင်း အခန်း(၆)ခန်း ပါဝင်သည်။
(၁) လေ့လာသူအားအကြံပေးခြင်း
(၂) အမေရိကန် ချက်ကောင်း တိုက်ကွက်များ
(၃) အပိုင်ဖမ်းချုပ်နည်းများ
(၄) တိုက်ခိုက်ရုန်းထွက်နည်းများ
(၅) ဖမ်းချုပ်ကိုင်ပေါက်နည်းများ
(၆) ရဲအရာရှိများအတွက် တရားခံဖမ်းနည်းများ စသည်ဖြင့် ဖြစ်သည်။
Downloadအသုံးတည့်မယ်ဆိုရင် ဒီနေရာ မှာ Download ဆွဲယူ ရရှိနိုင်ပါပြီ…